Charity

ဒီရက်ပိုင်း crypto Exchange ကြီးတွေကနေ ငလျင်ဘေးဒဿ်သင့် မြန်မာပြည်သူများ အတွက် လူသားချင်းစာနာကူညီမှုတွေကို တွေ့မြင်ရ၏။ Binance & Bybit အစရှိတဲ့ exchange တွေပေါ့။ Binance ကတော့ မြန်မာ region account တွေတိုင်းကို BNB 5$ ဖိုးစီ ပေးသွားမည် ဖြစ်၏။ (သက်မှတ်ရက်အတွင်း အကောင့်ဖွင့်ထားပြီး verified ဖြစ်ထားသူများသာ) နောက်တချက် အနေဖြင်ါ ငလျင်ဒဏ်သင့် ဒေသက သူများဆိုရင် BNB 50$ ဖိုးထိရနိုင်တာမျိုးလည်း ရှိ၏။ Form လေးတော့ ဖြည့်ပေးရသည် ဆို၏။

နောက်တဆင့်ကိုတော့ မတင်နေတော့ပေ။ ငလျင်ကြောင့် ကိုယ်က ဘာမှ မထိခိုက်သွားဘဲကိုး။ ကိုယ့်ထက် ဘေးဒဏ်ခံရသူတွေမှ အများကြီး မလား။ အို ကိုယ်မထိခိုက်လည်း form ဖြည့်ပြီး ရလာရင် ငလျင်ဘေး အတွက် လှူလိုက်ပေါ့ဟု ပြောစရာ ရှိပေမယ့် သိသည့်အတိုင်း ကျနော့်ဟာ ကျနော်တောင် Binance နဲ့က တိုင်ပတ်နေတာကိုး။ (ကျနော် US ရောက်နေပြီ ပိုစ့်မှာ ဖတ်ကြည့်နိုင်ပါ၏)

ပြီး ဟို 5$ တောင် မနေ့ ရှေ့တနေ့ကမှ ရ၏။ ကျနော့် အသိတွေ ပြီး hive community က မိသားစုဝင်တွေ တော်တော်များများ ရရှိကြပြီး ကျနော်ရခြင်း ဖြစ်၏။ တော်တော်ကြီးကို နောက်ကျပြီးမှ ရခြင်း ဖြစ်၏။ အိမ်က wifi နဲ့ Binance ထဲ ဝင်တိုင်း US IP address ဖြစ်နေတယ်ဆိုပြီး ပြောပြောနေတာနဲ့ ငါ့တော့ မပေးတော့ဘူး ထင်ပါရဲ့ဟု တွေးနေခဲ့မိတာ။ ခုတော့ ရပါပြီပေါ့။

Binance ၏ 5$ အလှူကို ကြိုက်သူလည်း ရှိသလို၊ မကြိက်သူတွေလည်း ရှိ၏။ စကစကတဆင့် သွားတာ မဟုတ်ဘဲ အကောင့်တွေထဲ တိုက်ရိုက် ရောက်တာမို့ ပိုထိရောက်တယ်ဟု ဆိုသူတွေလည်း ရှိသလို ငလျင်ဒဏ်သင့် ဒေသက လူတိုင်းစီမှာ Binance account ရှိနေမှာမှ မဟုတ်တာ။ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးထားပါတယ်ဆိုမှ 5$ ရဖို့ အရေး Binance account ဖွင့်နေရဦးမှာလား အစရှိသဖြင့်ပေါ့။ လူ့ အလို နတ်မလိုက်နိုင်ပေ။

အဆင်ပြေအောင် မျှတတွေးပေးသူတွေလည်း ရှိပါ၏။ မိမိရထားသည့် 5$ ကို လိုအပ်နေသူတွေထံ ပြန်လည်ပေးပို့နိုင်ဖို့ စီစဉ်ပြင်ဆင်ကြသည့် အဖွဲ့တွေလည်း ရှိပါ၏။ Crypto နဲ့ သိပ်မစိမ်းသူတွေက နီးစပ်ရာ လူများကို Binance account ဖွင့်ပေးတာမျိုးတွေလည်း လုပ်ပေးနိုင်သည် မဟုတ်လား။ Binance အနေဖြင့်ကတော့ လှူရင်းကနေ မိမိ exchange ကို အသုံးပြုသူ ပိုမိုများပြားလာဖို့ အတွက် အကောင့်ဖွင့်ခိုင်းတာကတော့ မလွန်ပေ။ မြန်မာ Crypto သမားတွေအတွက် Binance ကလည်း တခြား exchange တွေထက်စာရင် ပိုအသုံးများ ပိုအသိများသည် မဟုတ်လား။

Bybit အလှူ ဆိုလည်း ဘာထူးသေးသနည်း။ သက်ဆိုင်ရာ အသင်းအဖွဲ့တွေကနေတဆင့် မြေပြင်ကို လှူဒါန်းပေးပါသည်ဟု အတိအလင်း ထုတ်ပြန်ထားပေမယ့် တကယ်ကောရောက်ရဲ့လား၊ ထိရောက်ရဲ့လား ဆိုပြီး သံသယနဲ့ မေးခွန်းထုတ်သူတွေက ရှိသေး၏။ ထိုသို့သော သူ အများစုက ဘာမှ ထိရောက်အောင် မကူညီသည့် ဘေးထိုင် ဘုပြော အာချောင်သူများသာ ဖြစ်ချေတော့၏။



0
0
0.000
6 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - May 1st 2025
0
0
0.000