How to grow jasmine

avatar
(Edited)

Hello to all Liketu Communities families. This is the first post on these Communities. Let me introduce you, I am a writer and photography enthusiast I also like to grow flowers. Living in an apartment is stressful for me. Especially because there is no land to cultivate. I love plants. Especially flowers. I prefer fragrant flowers. Jasmine, rose, jizawa and Thanakha. Today I would like to share how to grow flowers. Jasmine prefers warm, humid climates. It is rugged and grows on any type of soil. Found in India, Myanmar, Thailand and Laos. Although a small plant, it is perennial.
Can be planted by cutting branches.

img_0.46543113218627824.jpgImage Source

တိုက်ခန်းနှင့် ​နေရသည်ကို ကျမ မကြိုက်ပါ။ ဘာ​ကြောင့်လည်းဆို​တော့ အပင်​တွေစိုက်ပျိုးရန် ​မြေမရှိ​သော​ကြောင့်ဖြစ်ပါသည်။ ကျမက အပင်​တွေကို နှစ်သက်သူပါ။ အထူးသဖြင့် ရနံ့​မွှေးတဲ့ ပန်းပင်​လေး​တွေကို​ပေါ့။ စံပယ်ပန်း၊ နှင်းဆီပန်း၊ သနပ်ခါးပန်း၊ ဇီဇဝါပန်း၊ ပိ​တောက်ပန်း၊ မြတ်​လေးပန်း၊ ယုဇနပန်း၊ ရင်ခတ်ပန်း စသည်တို့ဖြစ်ပါသည်။ ဒီ​နေ့​တော့ ကျမ စိုက်ဖူးသမျှ ပန်းပင်​တွေထဲက​နေ စံပယ်ပန်း စိုက်နည်းအ​ကြောင်း​လေးကို ​ဝေမျှသွားချင်ပါတယ်။

img_0.7435525279830124.jpgImage Source

စံပယ်ပန်းကို အ​စေ့စိုက်ပျိုးလေ့မရှိဘဲ ကိုင်းကူးခြင်း အမြစ်ဖြင့် စိုက်ခြင်းများသာ စိုက်ပျိုးကျပါသည်။ အနည်းငယ် ရင့်သည့်အကိုင်းကို ဖြတ်​တောက်ကာ ပျိုးပင်ထုတ်တွင် ထည့်၍ ပျိုးထားလျှင် ၁၀ရက်ခန့်ကြာပါက အမြစ်ပွား​လေးများထွက်ပါပြီ။ စံပယ်ပင်သည် စိုက်ရ အင်မတန်လွယ်ကူ​သော အပင်ဖြစ်ပါသည်။ စံပယ်အမျိုးအစားများစွာရှိရာ ကျမ သိသ​လောက်က​တော့ အပွင့်ကြီးကြီး ပွင့်ဖက်ထူထူ ​ငွေ​ရောင်အဆင်းရှိ အိုးပုတ်စံပယ် အပွင့်​သေး​သေး ပွင့်ဖက်ချွန်ချွန်​လေး​​တွေအထပ်ထပ်ပါ​သော ကြက်ရုံးစပယ်တို့ဖြစ်ပါသည်။

img_0.6448817900620916.jpgImage Source

စံပယ်ပင်ကို ပြုစုရာတွင် ​ဆောင်းအကုန်ပိုင်း​လောက်တွင် အပင်ရှိ အရွက်အရင့်များကို အကုန်​ချွေပစ်ရသည်။ တရွက်ချင်း စိတ်ရှည်လက်ရှည်နှင့် ​ချွေရ​လေသည်။သို့မှသာ အရွက်နုများထွက်ကာ အပွင့်အား​ကောင်း​စေသည်။ ​မြေ​ဆွေးအ​နေဖြင့် စပ်​မြေ​ဆွေးသုံးလျှင် အဆင်​ပြေပါသည်။ အပင်သန်​စေရန် ပုလဲ အနည်းငယ် ထည့်​ပေးလည်း ရပါသည်။ မိတ်​ဆွေ အားလုံး ပန်းပင်​လေး​တွေ ဖြစ်ထွန်းပါ​စေ။

@suhlaing
23-1-2022



0
0
0.000
10 comments
avatar

အပွင်းအကြီးကြီးပဲ ရုတ်တရက် တောင်ဇလပ်ပန်း ထင်သွားတာ !PIZZA !LOLZ

0
0
0.000
avatar

အိုးပုတ် စံပယ်က အပွင့်ကြီးတယ် ကျမဆို အကိုင်းချိုးပြီး ဘုရားလှူတာ

0
0
0.000
avatar

စပယ် အစုံပါလား
!LUV

0
0
0.000
avatar

ဒါ​တောင် စံပယ်တခြားမျိုး​တွေ ရှိ​သေးတယ် ကျမ မသိ​သေးတာပါ

0
0
0.000
avatar

မြို့တွေမှာတော့ စိုက်ပျိုးမြေနည်းနည်းလာပါပြီ

0
0
0.000
avatar

ဟုတ်တယ် တစ်ချို့ဆို ရှိတဲ့​မြေ​လေးကို ကွန်ကရစ်​လောင်းပစ်ရက်တယ်

0
0
0.000
avatar

အအျားကြီးပဲ
မွှေးနေမှာပဲ
!PIZZA

0
0
0.000
avatar

ခြံလုံးပြည့်စိုက်နိုင် အရမ်း​မွှေး​နေမှာ

0
0
0.000