နှင်းမေတ္တာသွန်း-၄

avatar

img_0180.jpg

၅လ##
အိမ်ပြန်ရောက်တော့..သမီးလေးတို့အရွယ်ဟာ တရက်နဲ့တရက်ကို အပြောင်းအလဲအရမ်းမြန်တဲ့အရွယ်ဆိုတော့..အဖေ့အပေါ်ဆို သိပ်မလိုက်ချင်လာတော့ဘူး ။ညနေတိုင်အဖေကျောင်းကပြန်လာချိန်ဆို မျှော်နေတက်တဲ့သမီးခုဆို..အဖေ့ကိုတောင်မေ့နေသလိုလိုနဲ့တူတယ်..အဖေက စဉ်းစားတာပေါ့..အင်းငါ့နူတ်ခမ်းမွေးတွေကစူးလို့ အဖေ့အပေါ်မလိုက်ချင်တော့တာနေမှာလို့ တွေးပီးဖြည်ရတာပေါ့..။

img_5120.jpg

ပီးတော့..သမီးလေးက နေရာသစ်တွေကိုရောက်လာရင် စိုက်ကြည့်ပီးအာရုံ အရမ်းစိုက်တက်လာတယ်..။တစ်နေ့မှာအဖေတို့ ကြက်ဖ စေတီ သွားတုန်းကလည်း ကျောက်တွေနဲ့ပြုလုပ်ထားတဲ့ ကြက်ဖကြီးကိုလည်းမြင်ရော ကြည့်လိုက်တာ လည်ကြည့်လည်ကြည့်နဲ့ပေါ့သမီးရယ်...။

img_1018.jpg

img_1016.jpg

အဲ့
၅လပိုင်းနောက်ပိုင်း မှာတော့ ဖေဖေနဲ့မေမေဟာ မိုင်းနားအိမ်ကနေ မြို့ထဲမှာ အိမ်ဌားပီးနေခဲ့ကြတယ် သမီး။ မိုင်းနားက အဖွားတို့အိမ်မှာက မိသားစုတွေများတယ် ။တနေ့တနေ့ မီဖိုးချောင်က ထမင်းအိုးကလည်းကြီးလာလိုက်တာပေါ့။ဘာလို့လည်းဆိုတော့ အဖွားနဲ့ အဘိုးရယ် အပန်ရယ် ၊အဖေတို့ သားအမိ (၃)ယောက် အပြင် နောက်ထပ်ခလေးမွေးအုံးမယ့် နူးနူးကိုကိုယ်ဝန်ဆောင်ထားတဲ့မေမေတို့ မိသားစုကလည်း ရှိသေးတယ်ပေါ့။အဲ့ကြောင့်မို့ အိမ်မှာ အရမ်းအလုပ်များမှားစိုးလို့ဖေဖေတို့ အဖဲွ့က အိမ်ဌားပီးနေခဲ့တာပေါ့။
အဲ့ဒီအိမ်သစ်ရောက်စမှာ သံပန်းနဲ့က အရမ်းနီးတော့ အရမ်းနားညည်းတယ်။ အိမ်က ကားလမ်းနဘေးမှာ ဖြစ်တော့ ပိုဆိုးသွားပီ။အစောက တိတ်ဆိတ်တဲ့ရပ်ကွက်ထဲကနေ ဆူညံတဲ့ အရပ်ဆီပြောင်းလာတော့ အကျင့်သားလည်း မရသေးတာလည်းပါတာပေါ့ကွယ်။သမီးငယ်ဆို နေ့ခင်းမှာ ကောင်းကောင်းတောင်မအိပ်ရှာဘူး။
ဖေဖေကလည်း ၁၀တန်းတွေ စာမေးပဲွအတွက် လုံးပမ်းနေရတာနဲ့ သမီးငယ်ကိုတောင် အဲ့နေ့တွေတုန်းက အရင်ကလောက် အချိန်မပေးနိုင်ခဲ့ဘူးပေါ့။မေမေတို့ကတော့ ကျောင်းတွေက စောစောပိတ်ထားတော့ ငယ်လေးနဲ့ အချိန်ရတာပေါ့ မေမေကိုလည်း ကျေးဇူးအရမ်းတင်ရတာပေါ့ကွယ်။ဖေဖေကိုတော့အဘိုးအမြဲစီးနေတဲ့ ဆိုင်ကယ်ကို ဌားထားပေးတော့ ကျောင်းသွားကျောင်းပြန် အဲ့ဒိုကြီးနဲ့ပေါ့ 😂။အဲ့တုန်းက ဖေဖေ့ကျောင်းကို မြစ်ကြီးနားကနေ သွားရင် ၄၅မိနစ် ပုံမှန်စီးရတယ် တခြားဆိုင်ကယ်တွေနဲ့ကတော့ ၃၀မိနစ်ပေါ့ ဖေဖေ့ဆိုင်ကယ်က အသက်ကြီးနေပီလေ လီဘာက ဘယ်လောက်ဆဲွဆွဲ ပြေးတာက ပိုထူးမလာဘူးပေါ့။ဖေဖေက အဲ့အဘိုးဆိုင်ကယ်ကို စီးလာတာကြာတော့ ပုံမှန်ဖြစ်နေပါပီ အဘိုးကိုလည်း ဆိုင်ကယ် ဌားပေးလို့ ကျေးဇူးတင်ရတာပေါ့လေ သမီးလေးရယ်။

img_5717.heic

img_6249.heic

photos by sheinthu
@sheinthu(29/11/2021) Mon day (10:36)pm



0
0
0.000
14 comments
avatar

သမီးလေးကချစ်စရာ ဝကစ်လေးနော်

0
0
0.000
avatar

ဟုတ်ကဲ့ ကျေးဇူးပါ😍။!PIZZA.!LOL.LUV

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@sheinthu, You need more $LOLZ to use this command. The minimum requirement is 8.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@sheinthu(3/9) tipped @kachinhenry (x1)
sheinthu tipped ansoe (x1)
kachinhenry tipped sheinthu (x1)
sheinthu tipped uthantzin (x1)
sheinthu tipped nweoomon (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

Congratulations @sheinthu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You got more than 1750 replies.
Your next target is to reach 2000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hive Power Up Day - December 1st 2021 - Become an Orca!
0
0
0.000
avatar

ဆာရှိန်းတို့မိသားစုလေးကြည့်ပြီး ကြည်နူးမိပါတယ်ဗျာ

0
0
0.000
avatar

ကျေးဇူးပါ ဦးစိုးရေ😁။!PIZZA

0
0
0.000
avatar

နောင်အချိန် သမီးလေးကြီးလာတဲ့အခါ ဖတ်လို့ကောင်းအောင် အမှတ်တရများစွာနဲ့ မှတ်တမ်းကောင်းတစ်ခုကို စနစ်တကျ ပြုစုထားတဲ့ သဘောပေါ့ ။ကောင်းမွန်လှပါတယ်...!LOLZ

0
0
0.000
avatar

ဟုတ်တယ်ကိုသန့်စင်ရေ တစ့်နေမှာ hive platform ကြီးပေါ်မှာ သမီးငယ်လေးနဲ့အတူ လျောက်လမ်းရင်းနေပေါ့ဗျာ။!PIZZA

0
0
0.000
avatar

စောင့်မျော်လျက်ပါဗျို့. !LOL. !PIZZA. !LUV

0
0
0.000
avatar

ဟုတ်ကဲ့ပါဗျို့ ရေးစရာတွေကများနေတာပဲသိတယ်။!PIZZA

0
0
0.000