ကျွန်တော့်ရဲ့ စုတုပြု ပရိုဂရမ်

avatar
(Edited)

အားလုံးမင်္ဂလာပါ။

မနေ့ကပဲ Hive နဲ့ ဆိုင်တဲ့ ပရိုဂရမ် ဘယ်လိုရေးမလဲ လေ့လာကြည့်မိပါတယ်။ Hive blog ပေါ်မှာ တင်ထားတဲ့ ပိုစ့် အချို့ကိုတော့ တွေ့မိပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကရေးထားတဲ့ ပိုစ့်လေး ပါ။

https://ecency.com/programming/@learncode/part-1-coding-on-hive-with-python-setting-up

ပြီးတော့ Hive နဲ့ ဆက်စပ်ပြီး tutorial တွေတင်ထားတဲ့ ဆိုက်တစ်ခုကို တွေ့ရပါတယ်။

https://developers.hive.io/tutorials/

အဲဒီမှာ Hive နဲ့ ဆိုင်တဲ့ ပရိုဂရမ်ကို Javascript၊ Php၊ Python၊ Ruby စတဲ့ ဘာသာစကားတွေနဲ့ ရေးသားပုံကို သင်ပြထားတာကိုတွေ့ရပါတယ်။ ကိုယ်အားသန်တဲ့ ဘာသာစကားနဲ့ လေ့လာနိုင်ပါတယ်။

ကျွန်တော်ကတော့ Python အခြေခံ အနည်းငယ်ရှိသူမို့ Python နဲ့ ပရိုဂရမ် ရေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (ရေးတယ်ဆိုပေမယ့် စုတုပြုဆိုရင်ပိုမှန်ပါမယ်။ သူများပရိုဂရမ်ကို ဟိုနားပြင် ဒီနားပြောင်းမို့ပါ။)

ပရိုဂရမ် တစ်ခု ရေးဖို့ ပထမဆုံး ကျွန်​တော့်ကွန်ပျူတာထဲမှာ Python3 ရှိရပါမယ်။ ကံကောင်းစွာနဲ့ ကွန်ပျူတာထဲမှာ အရင်ကတည်းက သွင်းထားပြီးသား ဖြစ်နေပါတယ်။ မသွင်းရသေးရင်တော့ Python3 installer ကို ရှာပြီးသွင်းရပါမယ်။ ကွန်ပျူတာထဲမှာ Python3 အလုပ်လုပ်မလုပ်ကို Window ရဲ့ Command prompt မှာ

python --version

ဆိုပြီးရိုက်ထည့်ကြည့်နိုင်ပါတယ်။ ကျွန်တော့် ကွန်ပျူတာမှာတော့ သွင်းထားပြီးသားမို့ အောက်ပါအတိုင်း ကိုယ်သွင်းထားတဲ့ Python version လေးပေါ်ပါမယ်။

Python သွင်းပြီးရင်တော့ Hive နဲ့ ဆိုင်တဲ့ beem module လေးသွင်းဖို့ command prompt မှာ

python -m pip install beem

လို့ရိုက်ထည့်ရပါမယ်။ Windows မှာ pip သုံးဖို့ အရင်ဦးဆုံး pip ကိုတော့ သွင်းထားရပါမယ်။ အင်တာနက်မှာ ရှာဖွေနိုင်ပါတယ်။

ပြီးရင်တော့ ကျွန်တော်တို့ Hive နဲ့ ဆိုင်တဲ့ ပရိုဂရမ် ရေးလို့ရပါပြီ။

ကျွန်တော်စုတုပြုဖြစ်တဲ့ ပရိုဂရမ်ကတော့ Hive အကောင့်တစ်ခုမှာ voting power ဘယ်လောက်ရှိလဲ။ အချိန်ဘယ်လောက်ကြာရင်တော့ voting power 90% ပြန်ရောက်မလဲ ဆိုတာ ကြည့်ဖို့ဖြစ်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။


import beem

account = beem.account.Account('princekham')
vp = account.get_voting_power()
print('Current mana for @%s is %.2f RCs' % (account, vp))
rt = account.get_recharge_time_str(90,vp)

print('Recharge Time @%s is %s minutes. \n' % (account, rt))

အလုပ်လုပ်သွားပုံအဆင့်အဆင့်ကတော့

  • ပထမဆုံး beem module ကို import နဲ့ ခေါ်ယူပါတယ်။
  • ပြီးတော့ ကျွန်တော့် Hive username နဲ့ account ဆိုတဲ့ object တစ်ခု ပြုလုပ်ပါတယ်။
  • ပြီးရင် vp ထဲကို အစောက object ရဲ့ voting power ကို get_voting_power() ဆိုတဲ့ function နဲ့ ခေါ်ပါတယ်။ ဒီ function ကို သိဖို့ https://developers.hive.io/ မှာ ရှာရပါတယ်။
  • နောက်တစ်ဆင့်အနေနဲ့ ကျွန်တော့် အကောင့်နဲ့ voting power ကို print ထုတ်ပါတယ်။
  • နောက်တစ်ဆင့်အနေနဲ့ ကျွန်တော် voting power 90% ရဖို့ အချိန်ဘယ်လောက်လိုလဲ ဆိုတာတွက်ဖို့ account.get_recharge_time_str(90,vp) ဆိုတဲ့ function ကို သုံးပါတယ်။ ဒီမှာ parameter နှစ်ခုထည့်ရပါတယ်။ ပထမတစ်ခုက ကိုတွက်မယ့် voting power ထည့်ရမှာမို့ 90 လို့ ထည့်ပါတယ်။ ဒုတိယတစ်ခုက လက်ရှိ voting power ကို ထည့်ရမှာမို့ အစောကရထားတဲ့ vp ကို ထည့်ပါတယ်။
  • အပေါ်က ပရိုဂရမ်ကို text editor တစ်ခုမှာ myvp.py ဆိုပြီး သိမ်းပါတယ်။
  • နောက်ဆုံး command prompt ကနေ အစောက ဖိုင်သိမ်းထားတဲ့ နေရာကို သွားပြီး ဖိုင်ကို run လိုက်ရင် ကျွန်တော့်လက်ရှိ voting power % လက်ကျန်နဲ့ 90% ရောက်ဖို့ အချိန်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ပရိုဂရမ်အရ ယခုလက်ရှိ voting power mana ကတော့ ၈၆ ရာခိုင်နုန်းဖြစ်ပြီး ၉၀ ရာနုန်းရောက်ဖို့ဆို ၄နာရီ ၂၇ မိနစ် စောင့်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ လိုချင်တဲ့ပရိုဂရမ်ရေးဖို့ function တွေကို https://beem.readthedocs.io/en/latest/tutorials.html မှာ အသင့်ရယူနိုင်တယ် ဆိုတာ ရေးသားရင်း ပိုစ့်ကို အဆုံးသတ်ပါရစေ။

@princekham
1st August 2023
Myanmar



0
0
0.000
10 comments
avatar

@princekham, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @princekham gets !LOOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000