ရှယ်လန်း

avatar

တောင်ကိုရီးယားနိုင်ငံအခြေစိုက် LG Electronics ဟာ blockchain TV တွေ ထုတ်ဖို့ ကြေငြာလိုက်ပါပြီ။ ဒီ smart TVတွေဟာ NFT တွေအတွက် wallet တစ်ခုလိုဖြစ်လာမှာဖြစ်ပြီးတော့ NFT တွေ အလွှဲအပြောင်းလုပ်တာ၊ အရောင်းအဝယ်လုပ်တာတွေကို လုပ်လို့ရနိုင်မှာဖြစ်ပြီး LG ရဲ့ ကိုယ်ပိုင် NFT platform နဲ့လည်း ချိတ်ဆက်ထားမှာပါ။

2022 ခုနှစ် September လတုန်းက LG ဟာ Hedera Network ပေါ်မှာ တည်ဆောက်ထားတဲ့ သူတို့ကိုယ်ပိုင် NFT platform တစ်ခုကို launch လုပ်ခဲ့ပြီးတော့ webOS 5.0 နဲ့ အထက် smart TV တွေမှာ သုံးလို့ရနိုင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။ ဒါပေမယ့် LG ဟာ သူ့ကိုယ်ပိုင် Wallypto wallet ကိုပဲ ပေးသုံးမှာလား၊ အခြား network တွေက အခြား wallet တွေကိုပါ ပေးသုံးမှာလားဆိုတာကိုတော့ မသိရသေးပါဘူး။

LG ဟာ Oorbit၊ Pixelynx တို့နဲ့လည်း collaboration လုပ်ထားပြီးတော့ blockchain TV မှာလည်း metaverse တွေ၊ metaverse တွေပေါ်က AI multiplayer game တွေ ဆော့လို့ရနိုင်မယ့် feature တွေ ပါဝင်လာဦးမှာဖြစ်ပါတယ်။

ပြည်တွင်းပြိုင်ဖက်တွေဖြစ်တဲ့ LG နဲ့ Samsung တို့ဟာ blockchain TV တွေ ထုတ်ရာမှာလည်း ပြိုင်ဆိုင်လာကြနိုင်ချေရှိပြီးတော့ Samsung ဟာလည်း သူတို့ရဲ့ smart TV တွေမှာ NFT feature တွေထည့်သွင်းသွားမယ့်အကြောင်း ကြေငြာထားပါတယ်။

Reference Link: https://cointelegraph.com/news/lg-electronics-files-patent-for-nft-trading-tv

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments
avatar

Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

LEO Power Up Day - May 15, 2023
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000