US ဖြစ်

avatar

US အခြေစိုက် ဘဏ္ဍာရေးဆိုင်ရာ ဒိတ်ဒိတ်ကြဲ လုပ်ငန်းကြီးတွေဖြစ်တဲ့ Charles Schwab၊ Citadel Securities နဲ့ Fidelity Investments တို့ဖက်ကနေ အဓိကပံ့ပိုးပေးထားတဲ့ iEDX Markets ဆိုတဲ့ crypto exchange တစ်ခုဟာ ဒီနေ့မှာ စတင်လည်ပတ်နေပါပြီ။

EDX Market ဟာ တကယ့် Made in USA စစ်စစ် crypto exchange တစ်ခုဖြစ်ပြီး ထူးခြားချက်ကတော့ သမားရိုးကျ ဘဏ္ဍာရေးအဖွဲ့အစည်းကြီးတွေရဲ့ ထောက်ပံ့ပေးမှုနဲ့လည်ပတ်တဲ့ crypto company တစ်ခုဖြစ်နေတာပါပဲ။

EDX Markets ရဲ့ ရည်ရွယ်ချက်ကတော့ သမားရိုးကျဘဏ္ဍာရေး asset တွေကို crypto အဖြစ် ပြောင်းလဲပေးနိုင်ဖို့ဖြစ်ကြောင်း သိရပြီး US အစိုးရနဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေကို အာရုံစိုက်ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် အရှုပ်အရှင်းတွေကို တတ်နိုင်သမျှလျှော့ချသွားမယ်လို့လည်း ဆိုထားပါတယ်။

EDX Markets ရဲ့ CEO Jamil Nazarali ကတော့ US က စီးပွားရေးအဖွဲ့အစည်းကြီးတွေဟာ cryptocurrency industry ထဲကိုဝင်ဖို့ ဆန္ဒရှိနေကြောင်းနဲ့ US အစိုးရကနေ crypto industry ကို နှိပ်ကွပ်နေချိန်မှာတောင်မှ ဒီလို အဖွဲ့အစည်းကြီးတွေကို crypto industry ထဲ ဆွဲခေါ်နိုင်ခြင်းဟာ EDX Markets ရဲ့ လုပ်နိုင်စွမ်းကို ပြနေတာဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် WallStreet က Bank တွေ အနေနဲ့ crypto industry ထဲကို ဝင်လာမယ်ဆိုရင် လိုအပ်လာနိုင်မယ့် အရာမှန်သမျှကို ပြင်ဆင်ထားပြီးပြီ ဖြစ်ကြောင်းဆိုထားတာကြောင့် WallStreet က Bank တွေသာ crypto industry ထဲကို ငွေအလုံးအရင်းကိုင်ပြီး ဝင်လာကြမယ်ဆိုရင် crypto market ရဲ့ အခြေအနေ ပြန်ကောင်းလာနိုင်ပါတယ်။

ဒါပေမယ့် အခုလက်ရှိ EDX Markets ပေါ်မှာတော့ BTC (Bitcoin)၊ ETH (Ethereum)၊ LTC (Litecoin) နဲ့ BCH (Bitcoin Cash) တို့ကိုပဲ trade လို့ ရနိုင်ဦးမှာဖြစ်ပါတယ်။

Crypto Community ကတော့ EDX Markets ကို US ပိုင် crypto exchange တစ်ခုအဖြစ် သမုတ်နေကြပြီး US အစိုးရဟာ cryptocurrency တွေကို မကြိုက်တာမဟုတ်ဘဲ သူတို့ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့ အဖွဲ့အစည်းတွေကို မကြိုက်တာသာဖြစ်ကြောင်းလည်း ဝေဖန်နေကြပါတယ်။ Major crypto exchange ကြီးတွေဖြစ်တဲ့ Binance နဲ့ Coinbase တို့ကို နှိပ်ကွပ်ပြီးတော့ သူတို့ထိန်းချုပ်လို့ရနိုင်မယ့် EDX Markets ကို ပ စားပေးချင်တာကြောင့် US SEC ကနေ Binance နဲ့ Coinbase တို့ကို တရားစွဲခဲ့တာဖြစ်ကြောင်းလည်း မှတ်ချက်ပေးနေကြပါတယ်။

Reference Link ကို comment မှာ ထည့်ပေးထားပါမယ်။



0
0
0.000
0 comments