TON tokens

avatar

Telegram ရဲ့ Ad Platform launch လုပ်ပြီးနောက်ပိုင်းမှာ TON ဟာ Web3 company တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ Centralized Exchange တစ်ခုဖြစ်တဲ့ Bybit လည်း TON ecosystem ထဲမှာ ပါဝင်လာနေသလို Ethereum Layer 2 Network တစ်ခုဖြစ်တဲ့ Mantle network နဲ့လည်း ပူးတွဲ develop လုပ်နေကြပါတယ်။

မကြာသေးခင်ကပဲ Telegram ရဲ့ Ads Platform ကို တရားဝင် launch လုပ်ပေးခဲ့ပြီး Telegram Channel ပိုင်ရှင်တွေဟာ ကြော်ငြာတွေကနေတဆင့် TON တွေကို ဝင်ငွေတစ်ခုအဖြစ် ရနိုင်တော့မှာဖြစ်ကြောင်း Telegram ဖက်က ဆိုထားပါတယ်။

ဒီသတင်းဟာ TON Foundation မှာ ရင်းနှီးမြှုပ်နှံလိုသူတွေများလာစေခဲ့ပြီး Telegram ရဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းမှန်သမျှမှာလည်း TON ဟာ မရှိမဖြစ်ပါဝင်နေမှာဖြစ်လို့ ပိုပြီး စိတ်ဝင်စားကြတဲ့ပုံပါပဲ။
လောလောဆယ်မှာလည်း Bybit exchange ဟာ TON ecosystem ထဲမှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေပြီး 2023 ခုနှစ်အတွင်းမှာ TON staking program နဲ့ trading tournament တွေပါ လုပ်ပေးခဲ့ပါသေးတယ်။

ဒါကြောင့် TON coin ဟာလည်း 2024 ခုနှစ် bull market အတွင်းမှာ စောင့်ကြည့်ရမယ့် coin တစ်ခုဖြစ်ပြီး Telegram လိုမျိုး million နဲ့ချီ user base ရှိတဲ့ social app တစ်ခုရဲ့ လွှမ်းမိုးမှုရှိနေတာဟာ TON ရဲ့ အားသာချက်တစ်ခုဖြစ်နေပါလိမ့်မယ်။ Marketcap အရ ကြည့်မယ်ဆိုရင်တော့ TON ဟာ 3 နှစ်အတွင်းမှာ marketcap အကြီးဆုံး ထိပ်ဆုံး coin အခု 20 ထဲ ဝင်ထားနိုင်ပါတယ်။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေကို အရောင်းအဝယ်လုပ်ရာမှာ ကိုယ်တိုင်လေ့လာဆန်းစစ်ပြီးမှသာ လုပ်သင့်ကြောင်း အကြံပြုလိုပါတယ်။

Reference Link: https://cointelegraph.com/news/ton-telegram-attract-web3-investors-ad-platform

Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments