တင်တာလည်း တင်ပေါ့ကွာ

Crypto industry ထဲမှာ Hype တွေက အရမ်းအံ့ဩဖို့ကောင်းပါတယ်။ Solana saga phone တွေမှာ BONK airdrop ယူလို့ရတယ်ဆိုတာကြောင့် Saga phone တွေ ရက်ပိုင်းအတွင်းမှာတင် ပစ္စည်းပြတ်သွားခဲ့ပြီးနောက် online marketplace တစ််ခုဖြစ်တဲ့ eBay မှာ ပြန်တင်ရောင်းနေကြပါပြီ။ လက်ရှိတွေ့ထားရသလောက် packing မဖောက်ရသေးတဲ့ Saga phone 1 လုံးကို $3,316 နဲ့ရောင်းထွက်သွားခဲ့ပြီဖြစ်ပြီး အခြား အလုံးပေါင်း 20 လောက်ဟာလည်း $2,000 ကျော်နဲ့ ရောင်းထွက်သွားခဲ့ပြီးပါပြီ။

အခုနောက်ဆုံးကျန်တဲ့ Saga phone ကိုလည်း $5,000 နဲ့ဈေးခေါ်ထားပြီး မူရင်းရောင်းဈေးဖြစ်တဲ့ $599 ရဲ့ 10 ဆနီးပါးပါပဲ။ တကယ်တော့ 30 million BONK airdrop ရဲ့ တန်ကြေးဟာ $700 ဝန်းကျင်လောက်ပဲရှိတာဖြစ်ပေမယ့် နောက်ပိုင်းမှာလည်း Saga phone ပေါ်မှာ Solana airdrop project တွေလာမယ်ဆိုပြီး ကြေငြာထားကြတာကြောင့် ဒီလောက်ထိတွေပေးပြီး အဝယ်လိုက်နေကြတာပါ။

ဒီပုံစံအတိုင်းဆိုရင် ဈေးကွက်ထဲရောက်လာမယ့် နောက်ထပ် Saga phone တွေရဲ့ ဈေးဟာလည်း အရင်ထက်ပိုများလာနိုင်ပြီးတော့ $1,000 ဝန်းကျင်မှာ ရှိနေနိုင်တာကြောင့် crypto industry ကတော့ တကယ့် ငွေကိုငွေနဲ့လိုက်တဲ့ နေရာကြီးတစ်ခုပါပဲ။

ဒါပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ရင်လည်း လိုက်ထားသမျှငွေတွေဆုံးမှာဖြစ်တာကြောင့် crypto industry ထဲမှာ ဘာလုပ်လုပ် ကိုယ်တိုင်သေချာလေ့လာဆန်းစစ်ပြီးမှ လုပ်ဖို့ အကြံပြုပါတယ်။

Reference Link: https://cointelegraph.com/news/solana-saga-phone-bonk-memecoin-5000-dollars-sold-ebay

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments