Special Sale

FTX ဟာ $10 million နဲ့ဝယ်ထားခဲ့တဲ့ လုပ်ငန်းခွဲတစ်ခုကို $500k နဲ့ ပြန်ရောင်းချသွားဖို့ စီစဉ်နေပါတယ်။ DCI (Digital Custody Inc.,) ကို 2022 ခုနှစ် August လ မှာ $10 million နဲ့ ဝယ်ထားခဲ့တာဖြစ်ပေမယ့် ဒေဝါလီခံရပြီးနောက် ငွေလိုလာတဲ့အခါမှာတော့ CoinList company ဆီကို $500k နဲ့ ထိုးရောင်းဖို့ ပြင်ဆင်နေတာပါ။

ဒါပေမယ့် DCI အကြောင်း ဇာတ်လမ်းဟာလည်း စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ DCI ကို FTX. US နဲ့ LedgerX အတွက် ရည်ရွယ်ပြီး $10 million အထိသုံး၊ ဝယ်ယူခဲ့တာဖြစ်ပေမယ့် FTX ရဲ့ ecosystem ထဲ ဝင်တဲ့အဆင့်ထိကို မရောက်လိုက်ပါဘူး။ အကြောင်းကတော့ FTX ဒေဝါလီမခံခင် 3 လအလိုကမှ Digital Custody ကို ဝယ်ယူမှုအပြီးသတ်နိုင်ခဲ့တာကြောင့် ecosystem ထဲ ထည့်ဖို့အချိန်မရလိုက်တာပါ။ အခု FTX ကို ပြန်လည်ထူထောင်ဖို့ လုပ်နေရာမှာလည်း DCI ဟာ အသုံးမဝင်ဘူးလို့ ယူဆတာကြောင့် $9.5 million အထိ အရှုံးခံပြီး ပြန်ရောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

FTX exchange ရဲ့ ပဲ့ကိုင်ရှင်ဟောင်း အကောက်လေး SBF လက်ထက်က FTX အနေနဲ့ ငွေကြေးပုံအောသုံးပြီး ဝယ်ယူခဲ့တဲ့အရာတွေအများကြီး ရှိနေသေးသလို ဒီအရာတွေကိုလည်း အခု FTX team အသစ်ကနေ ရသလောက်နဲ့ပဲ အရှုံးခံထုတ်ရောင်းရဖို့တွေ ရှိနေပါတယ်။

Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments