Siuuuuuu

Binance နဲ့ ဆိတ်ကြီး Cristiano Ronaldo တို့ရဲ့ NFT Collection နောက်တစ်ခုကို ထပ်မြင်ရဖို့ရှိနေပါတယ်။ မနှစ်တုန်းက Binance နဲ့ ပူးပေါင်းပြီး ထုတ်ထားခဲ့တဲ့ C.Ronaldo NFT Collection က ပထမဆုံးအပတ်မှာတင် အကုန်ရောင်းထွက်သွားခဲ့ပြီးနောက်မှာ နောက်ထပ် NFT Collection တစ်ခု ထုတ်ဖို့ အာရုံရသွားကြပုံပါပဲ။

အခုတစ်ခေါက်မှာတော့ C.Ronaldo ရဲ့ အထင်ကရသွင်းဂိုးတွေ၊ အောင်ပွဲခံပုံတွေနဲ့ သူ့ရဲ့ ဘောလုံးခရီးလမ်းတလျှောက်က အောင်မြင်မှုတွေကို NFT အဖြစ် ဖန်တီးသွားမှာဖြစ်ပြီးတော့ NFT ပေါင်း 29,000 ကျော် ပါဝင်လာမှာပါ။

အောင်ပွဲခံပုံတွေပါဝင်လာမယ်ဆိုတာကြောင့် Siuuuuuu ကိုတော့ မပါမဖြစ်ထည့်သွင်းသွားမယ်လို့ ယူဆရပါတယ်။

အထင်ကရသွင်းဂိုးတွေထဲမှာတော့ Champions League ပွဲစဉ်တစ်ပွဲမှာ Juventus အသင်းဖက်ကို သွင်းယူခဲ့တဲ့၊ Ronaldo ရဲ့ အလှဆုံး ကန်သွင်းချက်တစ်ခုဖြစ်ခဲ့တဲ့ bicycle kick ကို ထည့်သွင်းဖန်တီးသွားမှာဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဒီ NFT Collection ကို July လ 3 ရက်နေ့မှာ Normal(N)၊ Rare (R)၊ Super Rare (SR) နဲ့ Super Super Rare (SSR) ဆိုတဲ့ Rarity level 4ခုနဲ့ Binance NFT marketplace ပေါ်မှာ launch လုပ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် SSR level ထဲမှာတော့ NFT 7 ခုသာပါဝင်မှာဖြစ်ပြီး 6ခုကို $15,000 ကြမ်းခင်းဈေးနဲ့ လေလံတင်ရောင်းချသွားမှာပါ။ လေလံအောင်သူတွေဟာ C.Ronaldo နဲ့ တစ်ဦးချင်း training session ရယူနိုင်မှာဖြစ်ပြီးတော့ Binance Blockchain Week ကို တက်ရောက်ခွင့်လက်မှတ်လည်း ရဦးမှာပါ။

ဒါကြောင့် ဆိတ်ကြီး C.Ronaldo နဲ့ training ဆင်းချင်တဲ့ fan တွေအနေနဲ့ SSR တွေကို လေလံဆွဲဖို့ အဆင်သင့်ပြင်ထားသင့်ပါပြီ။

ဆိတ်ကြီး = GOAT = Greatest Of All Time



0
0
0.000
0 comments