စောင့်ကြည့်နေ ...

February လထဲမှာ AVAX၊ OP၊ APT တို့အပါအဝင် crypto token အတော်များများ unlock ဖြစ်လာဖို့ ရှိနေပါတယ်။

February လ 12 ရက်နေ့မှာ Solana killer ဆိုပြီး ရေနစ်နေတဲ့ Aptos ရဲ့ native token APT ပေါင်း 24.84 million unlock ဖြစ်လာဖို့ ရှိနေပါတယ်။

မကြာသေးခင်ကမှ ထွက်ထားတဲ့ token အသစ်စက်စက်လေး CYBER ကတော့ February လ 14 ရက်နေ့ မနက် 6 နာရီခွဲမှာ 2.36 million၊ Airdrop တွေကို season လိုက်ခွဲပြီး ချပေးနေတဲ့ Blur NFT marketplace ရဲ့ native token BLUR ဟာလည်း February လ ည 12 နာရီခွဲကစလို့ တစ်နေ့ကို 2.16 million BLUR နှုန်းနဲ့ 366 ရက်တာ unlock ဖြစ်လာမှာပါ။

BAYC ဖန်တီးရှင် Yuga Labs ecosystem ရဲ့ native token ဖြစ်တဲ့ APE ပေါင်း 15.6 million ကတော့ February လ 17 ရက်နေ့ ည 6 နာရီခွဲမှာ unlock ဖြစ်လာမှာပါ။

Web3 gaming ဖက်ကို အတော်လေးအားစိုက်လာနေတဲ့ Avalanche blockchain ရဲ့ AVAX ပေါင်း 9.54 million ဟာလည်း February လ 22 ရက်နေ့ မနက် 6 နာရီခွဲအချိန်မှာ unlock ဖြစ်လာမှာဖြစ်ပြီး $344 million ကျော်အထိ တန်ဖိုးရှိပါတယ်။ တစ်ချိန်တည်းမှာပဲ Digital Identity platform တစ်ခုဖြစ်တဲ့ Space ID ရဲ့ ID token ပေါင်း 18.49 million လည်း unlock ဖြစ်လာဦးမှာပါ။

ဒီလို token တွေ unlock ဖြစ်လာတိုင်းမှာ ‌community airdrop တွေနဲ့ staking reward တွေ ထုတ်ရောင်းတာမျိုးတွေကြောင့် ရောင်းလိုအားများပြီး ဈေးကျသွားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် ဒီရက်ပိုင်းတွေမှာ ဒီ token တွေကို trade မယ်ဆိုရင် သတိထားပြီး trade ကြဖို့ အကြံပြုလိုပါတယ်။

Reference Link: https://www.theblock.co/post/275915/february-will-see-800-million-of-unlocks-from-avalanche-optimism-aptos-and-more

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments