REZ

တစ်လကို launchpool 2 ခုနဲ့အထက်မှ မထုတ်ရရင် မနေနိုင်တော့တဲ့ Binance ပေါ်မှာ project အသစ်လေးတစ်ခုရဲ့ token ကို farm လို့ရနေပါပြီ။ Ethereum restaking layer တစ်ခုဖြစ်တဲ့ Renzo protocol ဟာ Binance ရဲ့ 53 ခုမြောက် launchpool project ဖြစ်လာခဲ့သလို Binance Labs backed project တစ်ခုလည်းဖြစ်ပါတယ်။

Project အကြောင်းကတော့ ထွေထွေထူးထူးမရှိဘဲ Ethereum restaking layer တစ်ခုဖြစ်တဲ့ Eigen layer node တွေနဲ့ အပြန်အလှန်ချိတ်ဆက်ပြီး user တွေအတွက် staking လုပ်ရ လွယ်ကူအောင် လုပ်ပေးထားတဲ့ protocol တစ်ခုပါပဲ။

Renzo protocol မှာ ရင်းနှီးမြှုပ်နှံထားသူတွေထဲ Binance Labs၊ OKX Ventures၊ Mantle Network၊ Maven11 နဲ့ Figment Capital တို့ အပါအဝင် လုပ်ငန်းစုအတော်များများပါဝင်နေပြီး funding အဖြစ် $3.2 million ရထားပါတယ်။

REZ ကတော့ Renzo protocol ရဲ့ utility token ဖြစ်ပြီးတော့ Renzo protocol ပေါ်မှာ လုပ်သမျှအရာတိုင်းအတွက် gas fees token အနေနဲ့ သုံးရမှာြဖစ်သလို governance token လည်းဖြစ်ပါတယ်။

အသေးစိတ် tokenomics တွေအနေနဲ့
Binance Launchpool ပေါ်မှာ 2.50%
Airdrop အတွက် 10%
ရင်းနှီးမြှုပ်နှံသူတွေနဲ့ အကြံပေးတွေအတွက် 31.56%
Team အတွက် 20%
Renzo Foundation အတွက် 13.44%
DAO Treasury အတွက် 20% နဲ့
Liquidity အတွက် 2.50% စီ အသီးသီးသတ်မှတ်ထားပါတယ်။

Binance Launchpool မှာကတော့ BNB နဲ့ FDUSD pool တွေထဲက အဆင်ပြေတဲ့ token pool ထဲမှာ stake ပြီးတော့ REZ token တွေကို reward အဖြစ် ယူနိုင်ပါတယ်။
Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 212,500,000 REZ ပါဝင်ပြီးတော့ FDUSD pool ထဲမှာတော့ 37,500,000 REZ ပဲ ပါဝင်ပါတယ်။

ဒါကြောင့် BNB တွေ stake ပြီး farm ရင်တော့ BNB ပမာဏများရင်များသလို တစ်နာရီကို 147,569.44 REZ အထိ အများဆုံးရနိုင်မှာဖြစ်ပြီး FDUSD နဲ့ farm ရင်တော့ တစ်နာရီကို 26,041.67 REZ အထိ အများဆုံးရနိုင်ပါတယ်။
Farming period ကတော့ April လ 24 ရက်နေ့ မနက် 6 နာရီခွဲကနေ 29 ရက်နေ့ မနက် 6 နာရီခွဲအထိဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်ရဲ့ BNB တွေကို locked staking လုပ်ထားမိရင်လည်း စိတ်မပူပါနဲ့။ Locked လုပ်ထားတာတွေကို redeem ပြန်ထုတ်နေစရာမလိုတော့ဘဲ Launchpool မှာပါ ၂သီးစား farm လို့ရနိုင်နေပါပြီ။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments