မဆုံးနိုင် မရိုးနိုင်သော စွပ်စွဲမှုတွေ

January လ 2 ရက်နေ့၊ Turkey နေရာအနှံ့က စီးနင်းဖမ်းဆီးမှုတွေအပြီးမှာ Israel ထောက်လှမ်းရေးဟာ Turkey နိုင်ငံတွင်းက Hamas အဖွဲ့ဝင်တွေကို ရှာဖွေဖို့ spy တွေကို crypto သုံးပြီး ငှားရမ်းခဲ့ကြောင်း Turkey ပြည်ထဲရေးဝန်ကြီးက စွပ်စွဲထားပါတယ်။

Mossad ထောက်လှမ်းရေးအဖွဲ့ရဲ့ကိုယ်စား ထောက်လှမ်းရေးတွေ၊ တိုက်ခိုက်ရေးတွေနဲ့ Turkey နိုင်ငံတွင်း လုပ်ကြံသ-တ်ဖြတ်ရေး operation တွေကို အကောင်အထည်ဖော်ဖို့အတွက် spy တွေကို ကြားခံလူတွေကနေတဆင့် crypto နဲ့ငွေပေးချေခဲ့ပြီး Mossad အဖွဲ့ဆီ ခြေရာပြန်ခံလို့မရအောင်လုပ်ထားကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် Mossad ဟာ ပစ်မှတ်လူပုဂ္ဂိုလ်တွေကို ဓာတ်ပုံရိုက်ပေးဖို့၊ ကားတွေမှာ GPS device တွေတပ်ပေးဖို့နဲ့ Israel agent တွေကို ကူညီပေးဖို့အတွက်လည်း spy တွေကို online ကနေ သင်တန်းပေးခဲ့ကြောင်းဆိုထားပါတယ်။

စီးနင်းမှုတွေကနေလည်း $165,100 တန်ကြေးရှိလက်နက်နဲ့အတူ digital ဆိုင်ရာ ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကြေငြာထားပါတယ်။
Israel အနေနဲ့ Turkey နိုင်ငံတွင်းက Hamas အဖွဲ့ဝင်တွေကို လုပ်ကြံသ-တ်ဖြတ်ဖို့ ကြိုးစားနေရင် ကြီးကြီးမားမားပြန်ပေးဆပ်ရမယ်လို့လည်း Turkey သမ္မတ Erdogan ပြီးခဲ့တဲ့လအတွင်းက ထုတ်ပြောခဲ့ဖူးပါသေးတယ်။

Reference Link: https://protos.com/israel-allegedly-used-crypto-to-conceal-its-hunt-for-hamas-in-turkey/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments