မင်း ပြောလေ၊ ပြီးရင် ငါ ပြောမယ်

MATIC (Polygon) token ဟာ မှတ်ပုံမတင်ထားတဲ့ security product ဖြစ်ကြောင်း SEC ရဲ့ ပြောဆိုချက်အပေါ် Polygon Labs ဖက်က တုံ့ပြန်လာပါပြီ။

MATIC token ဟာ Polygon Labs အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနဲ့ US အတွက်ပဲ သီးသန့် ထုတ်ပေးထားတာ မဟုတ်ဘဲ US ပြင်ပမှာ ထုတ်ထားတဲ့ token သာဖြစ်ပြီးတော့ MATIC ရဲ့ user community ဟာလည်း နိုင်ငံပေါင်းစုံကသူတွေ စုပေါင်းထားတဲ့ community တစ်ခုဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် Polygon Labs အနေနဲ့ အရင်တုန်းကလုပ်ခဲ့သမျှ development တွေအတွက်လည်း ဂုဏ်ယူကြောင်းနဲ့ အနာဂတ်မှာလည်း MATIC token နဲ့ ချိတ်ဆက်ထားတဲ့ project တွေကို ဆက်လုပ်သွားဦးမှာဖြစ်ကြောင်း ကြေငြာထားပြီးတော့ US မပါတဲ့ MATIC ဈေးကွက်ဟာလည်း နဂိုတည်းက ကြီးမားပြီးသားဖြစ်ကြောင်း ဆိုထားပါတယ်။

US အခြေစိုက် crypto company ဖြစ်တဲ့ Robinhood ကနေ MATIC SOL နဲ့ ADA တို့ကို delist လုပ်တော့မှာဖြစ်ကြောင်း ကြေငြာပြီးနောက်မှာတော့ MATIC ထုတ်တဲ့ Polygon Labs ဖက်က ဒီလိုတုံ့ပြန်လာတာပါ။

MATIC အပါအဝင် SOL၊ ADA နဲ့ BNB တို့လို major cryptocurrency တွေကို မှတ်ပုံမတင်ထားတဲ့ security product တွေအဖြစ် SEC ဖက်က ကြေငြာပြီးနောက်ပိုင်းမှာ MATIC ရဲ့ ဈေးဟာ 7 ရက်အတွင်း 30% ကျော်အထိ ကျဆင်းသွားခဲ့ပါတယ်။

Reference Link: https://www.theblock.co/post/234063/polygon-labs-sec-matic-security

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments
avatar

Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

LEO Power Up Day - June 15, 2023
0
0
0.000