မှားနေလား ...

ကမ္ဘာမှာ Bitcoin ကို ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့ El Salvador နိုင်ငံမှာ Bitcoin အသုံးပြုမှုနှုန်းတွေ ထိုးကျနေပါတယ်။ El Salvador အစိုးရရဲ့ အားတက်သရောပံ့ပိုးမှုတွေကြားကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ cryptocurrency သုံးနှုန်းတွေကျနေတာပါ။

ပြည်တွင်းပြည်ပငွေအလွှဲအပြောင်းတွေမှာတောင် cryptocurrency သုံးပြီးငွေလွှဲနှုန်းဟာ 1% ဝန်းကျင်သာရှိနေပြီး ပြည်တွင်းမှာ cryptocurrency သုံးပြီး ငွေပေးချေမှုနှုန်းဟာလည်း 2022 ခုနှစ်နဲ့စာရင် အတော်လေးကို ကျဆင်းနေကြောင်း El Salvador ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။

Bitcoin သမ္မတလို့ လူသိများကြတဲ့ သမ္မတ Nayib Bukele ရဲ့ ခေါင်းဆောင်မှုအောက်မှာ El Salvador ဟာ cryptocurrency industry ထဲက နာမည်ကြီးပုဂ္ဂိုလ်တွေ၊ exchange တွေနဲ့ပါ ပူးပေါင်းပြီးတော့ crypto သုံးနှုန်းတက်လာအောင် ဆွဲခေါ်နေပေမယ့် ပြည်သူတွေကတော့ သမားရိုးကျငွေပေးချေမှုတွေကိုပဲ ပိုနှစ်သက်ကြပုံပါပဲ။

ဒါ့အပြင် အစိုးရအဖွဲ့အနေနဲ့ သူတို့ရဲ့ cryptocurrency တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာတွေ၊ Bitcoin တွေဝယ်စုဖို့အတွက် သုံးခဲ့တဲ့ ဘဏ္ဍာငွေပမာဏ၊ ဝယ်စုထားတဲ့ Bitcoin ပမာဏ၊ ထည့်သိမ်းထားတဲ့ wallet address တွေကို ပြည်သူတွေဆီ မချပြထားတာဟာလည်း အများဝေဖန်စရာဖြစ်နေပါတယ်။

ဒါပေမယ့် El Salvador အစိုးရကတော့ Bitcoin မြို့တော်တည်ဆောက်ဖို့စီမံကိန်းအပါအဝင် လုပ်နေဆဲ crypto project တွေကို ဆက်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ဆိုထားပါတယ်။

Reference Link: https://decrypt.co/214834/sharp-decline-in-crypto-payments-puts-el-salvadors-bitcoin-adoption-in-question

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments