Meme Age

avatar

2024 မှာ crypto bull market တစ်ခါပြန်လာပါပြီ။ Bull market တိုင်းမှာ memecoin တွေဟာ မဖြစ်မနေပါဝင်တဲ့အရာတစ်ခုလို ဖြစ်နေပြီးတော့ Bitcoin ဈေးတက်လာမှုနဲ့အတူ Solana ecosystem ပေါ်မှာ အပြိုင်းအရိုင်းထွက်ပေါ်လာနေတဲ့ memecoin တွေက သက်သေပါပဲ။

ဒီ memecoin တွေထဲကမှ အအောင်မြင်ဆုံးဖြစ်လာနေတဲ့ memecoin ကတော့ ဦးထုပ်နဲ့ခွေး WIF (Dogwifhat) ဖြစ်ပြီး marketcap အရဆိုရင် $4.3 billion အထိ ရှိလာပြီးတော့ တတိယအကြီးဆုံး memecoin စာရင်းဝင်တဲ့အထိ ဖြစ်လာပါပြီ။

2023 ခုနှစ် နှစ်ကုန်ပိုင်းလောက်ကမှ launch လုပ်ထားခဲ့တဲ့ WIF ဟာ 2024 ခုနှစ်အစပိုင်းမှာတည်းက ဈေးတွေ တောက်လျှောက်ဆိုသလို တက်နေခဲ့တာဖြစ်ပြီး Binance ပေါ်မှာ list ပြီးနောက်ပိုင်းမှာတော့ ဈေးတွေပိုတက်သွားခဲ့ပါတယ်။

ဒီနောက်မှာတော့ WIF Community ရဲ့ စိတ်အားထက်သန်မှုတွေ ပိုများလာခဲ့ပြီး ဈေးတွေဆက်တက်ဖို့အတွက် campaign အချို့ ရှိလာခဲ့ပါတယ်။ [ခွေး coin တွေနဲ့ပတ်သက်လို့ သတိထားမိတဲ့အချက်ကတော့ ခွေး coin community တွေဟာ လူညီကြတာပါပဲ။ Activity တွေ၊ campaign တွေ အတွက်ဆို တက်ညီလက်ညီနဲ့ ရန်ပုံငွေစုဆောင်းတတ်ကြသလို သူတို့လုပ်တဲ့ activity တွေ၊ campaign တွေဟာလည်း crypto community ကြား ပြောစမှတ်တွင်စရာတွေ ဖြစ်စေပါတယ်။]

WIF ကို Binance မှာ list ပြီးနောက် March လ 14 ရက်နေ့မှာတော့ Las Vegas မြို့က LED စက်လုံးကြီးပေါ်မှာ WIF ရဲ့ logo ကို display ပြခွင့်ရနိုင်ဖို့အတွက် WIF Community member တွေစုပေါင်းပြီး $700k အထိ ရန်ပုံငွေစုစည်းနိုင်ခဲ့ကြပါတယ်။

ဒီသတင်းထွက်ပြီး မကြာခင်မှာပဲ WIF ရဲ့ ဈေးဟာ $3 အထိ ရောက်သွားခဲ့ပြီး community ရဲ့ hype ကို ပိုများလာစေခဲ့သလို ဒီရက်ပိုင်းမှာလည်း Bitcoin ဈေးတွေ ပြန်တက်လာတာနဲ့အတူ WIF ဈေးတွေပါပြန်လိုက်တက်လာခဲ့ပါတယ်။
ဒ့ါအပြင် WIF token တွေ $139.5 million ဖိုးအထိ ကိုင်ထားတဲ့ whale wallet တစ်ခုဟာ အခုချိန်မှာဆိုရင် $127.3 million ဖိုးအထိ အမြတ်ရနေပြီဖြစ်ပေမယ့် token တွေကို ရောင်းမထုတ်သေးဘဲ ဆက်ကိုင်ထားတဲ့အချက်ဟာလည်း WIF Community ရဲ့ hype ကို လောင်စာထည့်ပေးနေသလိုဖြစ်နေပါတယ်။

လောလောဆယ်မှာတော့ WIF ဟာ ATH (All Time High) ဈေးဖြစ်တဲ့ $4.6 အထိကို တက်ထားနိုင်ခဲ့ပြီး သက်တမ်းရှည် memecoin ကြီးတွေဖြစ်တဲ့ DOGE နဲ့ SHIB တို့ရဲ့နောက် တတိယမြောက် marketcap အကြီးဆုံး memecoin တစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီး memecoin တွေထဲမှာ အကြမ်းဆုံးတွေကတော့ DOGE၊ SHIB နဲ့ WIF ဆိုတဲ့ ခွေး 3 ကောင်ဖြစ်နေပါပြီ။

ဒီဆောင်းပါးကို သတင်းအချက်အလက်မျှဝေဖို့အတွက်သာ ရည်ရွယ်ပြီးတော့ cryptocurrency တွေ၊ အထူးသဖြင့် memecoin တွေဟာ ဈေးအတက်အကျကြမ်းပြီးတော့ ငွေကြေးဆုံးရှုံးလွယ်တတ်တာကြောင့် ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်ကြဖို့ အကြံပြုလိုပါတယ်။

Reference Link: https://cointelegraph.com/news/dogwifhat-10-wif-3rd-largest-memecoin-whales

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
4 comments
avatar

Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Hive Power Up Day - April 1st 2024
0
0
0.000