ကိုယ်တွေ ဆီမှာကကော

US မှာ Bitcoin ETF 11 ခုကို ခွင့်ပြုပေးလိုက်ပြီးနောက် Asia ရဲ့ crypto hub ဖြစ်စေရမယ်လို့ ကြွေးကြော်ထားတဲ့ Hong Kong မှာလည်း spot Bitcoin ETF လျှောက်ထားတဲ့လုပ်ငန်းစုတစ်ခုရှိလာပါပြီ။ Harvest Fund Management ရဲ့ Hong Kong လုပ်ငန်းခွဲဟာ spot Bitcoin ETF တွေ service ပေးဖို့အတွက် Hong Kong ငွေကြေးဆိုင်ရာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။

Tencent News ရဲ့ အဆိုအရတော့ Hong Kong ရဲ့ ပထမဆုံး spot Bitcoin ETF ကို တရုတ်နှစ်သစ်ကူးနေ့ အားလပ်ရက်တွေအတွင်းမှာ launch လုပ်သွားနိုင်ဖို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် Hong Kong SEC ရော၊ Harvest ဖက်ကရော ဒီသတင်းတွေနဲ့ပတ်သက်လို့ အတည်မပြုထားကြသေးပါဘူး။

Hong Kong ဟာ Asia ရဲ့ crypto hub တစ်ခုဖြစ်လာဖို့ ကြွေးကြော်ထားတာကြောင့် Bitcoin ETF တွေနဲ့ပတ်သက်လို့ အချိန်ဆွဲဖို့ထက် မြန်မြန်ခွင့်ပြု၊ မြန်မြန်လုပ်ငန်းစဖို့ကို ပိုပြီးလိုလားနိုင်ပါတယ်။
တကယ်လို့ ခွင့်ပြုလိုက်မယ်ဆိုရင်တော့ Asia ရဲ့ ပထမဆုံး Bitcoin ETF တွေဟာ Hong Kong အခြေစိုက် ဖြစ်လာမှာပါ။

Bitcoin ETF တွေအပြင် Hong Kong ဟာ သူတို့ကိုယ်ပိုင် stablecoin တစ်ခုထုတ်ဖို့အတွက်ကိုလည်း ဒေသတွင်းနည်းပညာ company တွေ၊ ဘဏ္ဍာရေး company တွေနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။

Reference Link: https://www.theblock.co/post/274776/harvest-fund-files-spot-bitcoin-etf-application-in-hong-kong-report

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments