ကိုယ့်ထိုက် ကိုယ့်ကံ

သူ့ကိုယ်သူ Satoshi Nakamoto ပါလို့ ပြောပြီး မူပိုင်ခွင့်တွေပါတောင်းဆိုခဲ့တဲ့ ပုဂ္ဂိုလ် Craig Wright ကတော့ တရားရုံးကို $1 million ကျော် ဒဏ်ငွေဆောင်ရပါတော့မယ်။
Australia လူမျိုး computer ပညာရှင်တစ်ဦးဖြစ်သူ Craig Wright ဟာ သူက Bitcoin ဖန်တီးရှင် Satoshi Nakamoto ဖြစ်ကြောင်းဆိုခဲ့ပြီး Bitcoin Core developer 13 ယောက်နဲ့အတူ Coinbase၊ Block နဲ့ Blockstream တို့အပါအဝင် company အတော်များများကို Bitcoin white paper မူပိုင်ခွင့်ချိုးဖောက်မှုတွေနဲ့ 2016 ခုနှစ်မှာ တရားစွဲခဲ့ပါတယ်။

တရားစွဲခံရသူတွေကလည်း COPA (Cryptocurrency Open Patent Alliance) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပူးပေါင်းပြီး ပြန်ချေပခဲ့ပါတယ်။
ဒီအမှုဟာ နှစ်နဲ့ချီကို ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တရားရုံးဖက်ကလည်း Craig Wright ကို Satoshi Nakamoto ဖြစ်ကြောင်း သက်သေပြဖို့အတွက် စာရွက်စာတမ်းပေါင်းရာနဲ့ချီတောင်းခံခဲ့သလို COPA ဖက်ကလည်း Wright ဟာ Satoshi မဟုတ်ကြောင်း သက်သေတွေ တောက်လျှောက်တင်သွင်းနေခဲ့ပါတယ်။

အခုတော့ Craig Wright ရဲ့ အထောက်အထားစာရွက်စာတမ်းတွေဟာ အတုလုပ်ထားတာဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး Wright ကိုလည်း COPA အတွက် နစ်နာငွေ $1 million ဝန်းကျင်ပေးဆောင်ဖို့ အမိန့်ချလိုက်ပါပြီ။

ဒီပုဂ္ဂိုလ်ဟာ သူမလုပ်ခဲ့တဲ့ အရာတစ်ခုကို နာမည်ကောင်းဝင်ယူ၊ လက်ဝါးကြီးအုပ်ဖို့ ကြိုးစားတာသာဖြစ်ပြီး တကယ်လို့ သူလိုလူမျိုးသာ Satoshi Nakamoto ဖြစ်ခဲ့ရင်လည်း Bitcoin ရဲ့ လားရာလမ်းကြောင်းက တစ်မျိုးပြောင်းသွားနိုင်ပါတယ်။

Reference Link: https://cointelegraph.com/news/judge-orders-craig-wright-pay-over-1-million-accepts-new-evidence-satoshi-identity

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments