ကန့်သတ်ချက်တွေ များတာ

Honduras အစိုးရဟာ bank တွေကို cryptocurrency တွေ ကိုင်ထားတာ၊ cryptocurrency အလွှဲအပြောင်းလုပ်တာတွေ မပြုလုပ်ဖို့ တားမြစ်ကန့်သတ်လိုက်ပါတယ်။ Blockchain နည်းပညာအပေါ် အခြေပြုထားတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ cryptocurrency အသုံးပြုသူတွေဟာ လိမ်လည်မှုတွေနဲ့ အခြား ငွေကြေးပိုင်းဆိုင်ရာ အန္တရာယ်တွေ ကြုံတွေ့လာရနိုင်တာကြောင့် ကန့်သတ်တာဖြစ်ကြောင်းလည်း ဆိုထားပါတယ်။ ဒါ့အပြင် cryptocurrency တွေဟာ လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်အားပေးမှုတွေမှာ အသုံးချလို့ရနိုင်နေတာကြောင့် အစိုးရထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို အသုံးပြုခွင့်ပိတ်ပင်တာဖြစ်ကြောင်း ဆိုထားပါသေးတယ်။

ဒီအမိန့်ဟာ ချက်ချင်းအာဏာတည်တဲ့အမိန့်တစ်ခုအဖြစ် ထုတ်ခဲ့တာဖြစ်သလို ဗဟိုဘဏ်ဟာလည်း 2022 ခုနှစ်မှာတည်းက cryptocurrency တွေ မသုံးဖို့ကို စာထုတ်တားမြစ်ခဲ့ဖူးပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ El Salvador မှာ Bitcoin ကို တရားဝင်အသိအမှတ်ပြုလိုက်ပြီးတည်းက Honduras ကိုပါ crypto နဲ့ပတ်သက်လို့ ရိုက်ခတ်မှုတွေ ရှိခဲ့တာဖြစ်ပြီး အစိုးရကတော့ နိုင်ငံတွင်း cryptocurrency တွေ အသုံးများလာမှာကို မနှစ်မြို့တဲ့ပုံပါပဲ။

Reference Link: https://cointelegraph.com/news/honduras-cnbs-bans-banks-holding-transacting-crypto

Myan Crypto ကနေ ဦးဆောင် ပြုလုပ်ထားတဲ့ Binance Trading Tournament မှာ ပါဝင်ပြီး account ဖွင့်မယ်ဆိုရင် trading fees ပေးရတိုင်း 10% Discount ရမယ့် https://accounts.binance.com/en/register?ref=TA690MBH ကနေ account ဖွင့်ဖို့ အကြံပြုလိုပါတယ်။ Tournament ကာလအတွင်း ဒီ link ကနေ account ဖွင့်ပြီး KYC အောင်တဲ့ ပထမဆုံး user အယောက် 130 ကိုလည်း $1 စီ ဆုပေးသွားမယ့် အပြင် အခြားဆုမဲပေါင်းများစွာပါဝင်ပါတယ်။

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments