ဟင်း ...

Binance နဲ့ CZ တို့ဟာ US CFTC (Commodity Futures Trading Commission) ကို ဒဏ်ငွေ $3 billion အထိ ပေးဆောင်ရဖို့ ရှိနေပါတယ်။ Binance CEO ဟောင်း CZ (Changpeng Zhao) အနေနဲ့ $150 million ပေးဆောင်ရမှာဖြစ်ပြီး Binance company ကတော့ သံသယဖြစ်ဖွယ် transaction တွေအတွက် ဒဏ်ငွေ $1.3 billion နဲ့ မြို့ပြဘဏ္ဍာရေးဆိုင်ရာဒဏ်ငွေအဖြစ် နောက်ထပ် $1.3 billion ပေးဆောင်ရမှာပါ။

Binance ဟာ US အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ US user တွေကို Binance International သုံးခွင့်ပေးထားခဲ့တယ်ဆိုပြီး CFTC ဖက်က 2023 March လမှာတည်းက တရားစွဲခဲ့တာဖြစ်ပါတယ်။ Binance နဲ့ CEO ဟောင်း CZ တို့ကတော့ ဒီစွဲချက်တွေကို အစပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ အပြစ်ရှိကြောင်းဝန်ခံလိုက်ပြီး ဒဏ်ငွေပေးဆောင်တဲ့နည်းနဲ့ အမှုကျေအေးဖို့ သဘောတူခဲ့တာပါ။

ဒါပေမယ့် အခု ဒဏ်ငွေတွေဟာ CFTC အတွက်သာ ဖြစ်ပြီးတော့ DoJ (Department of Justice) ကို $4.3 billion ပေးဆောင်ဖို့ ရှိနေသေးတဲ့အပြင် SEC နဲ့လည်း တရားရင်ဆိုင်နေရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် Binance အနေနဲ့ event တွေ၊ campaign တွေကို တော်ရုံလုပ်ပေးနိုင်တော့မှာမဟုတ်ဘဲ user reward တွေလည်း လျှော့ချသွားနိုင်ပါတယ်။

Reference Link: https://cryptopotato.com/this-is-how-much-binance-and-cz-will-actually-have-to-pay-to-settle-with-the-cftc/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments