ဟ ကြမ်း

avatar

Elon Musk ရဲ့ Neuralink ကတော့ အခြေအနေကောင်းနေပါတယ်။ Neuralink chip device ကို ဦးနှောက်ထဲ ပထမဆုံးစမ်းသပ်ထည့်သွင်းထားတဲ့ ပုဂ္ဂိုလ်ဟာ အခုဆိုရင် computer chess game ကစားနိုင်နေပါပြီ။

ဦးနှောက်ထဲ Neuralink chip ထည့်ထားတဲ့ Noland Arbaugh အမည်ရှိပုဂ္ဂိုလ်ဟာ လွန်ခဲ့တဲ့ 8 နှစ်က diving မတော်တဆမှုကြောင့် ပြင်းထန်အာရုံကြောဒဏ်ရာရထားသူဖြစ်ပြီး လည်ပင်းအောက်ပိုင်းကနေစလို့ တစ်ကိုယ်လုံးလှုပ်ရှားမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

Arbaugh ကို January လ 28 ရက်နေ့တုန်းက Neuralink ထည့်သွင်းပေးခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ Neuralink နဲ့ game ဆော့နေတဲ့ LIVE stream video ကို Neuralink official X account ကနေ ချပြလာတာဖြစ်ပါတယ်။

Mouse ကို လက်နဲ့ကိုင်ပြီး chess ရွှေ့စရာမလိုတော့ဘဲ screen ကိုကြည့်ပြီး ဦးနှောက်ကတွေးလိုက်ရုံနဲ့ ရွှေ့လို့ရနိုင်နေတဲ့အပြင် Civilization VI လိုမျိုး function သေးသေးလေးတွေ ပြည့်နေတဲ့ game ကိုပါ အတွေးနဲ့ ဆော့ကစားလို့ရနိုင်နေကြောင်းကိုလည်း LIVE stream video မှာ တွေ့ရမှာပါ။

အခု Neuralink ရဲ့ လုပ်ဆောင်ချက်တွေဟာ အစပိုင်းသာရှိနေသေးပြီး နောက်ပိုင်းမှာ ဒီ့ထက်ကြမ်းတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာဦးမှာဖြစ်ကြောင်းလည်း Elon Musk က ဆိုထားသလို “Stephen Hawking လို အောက်ပိုင်းသေနေတဲ့လူမျိုးတွေကို စာရိုက်အရမ်းမြန်တဲ့သူလိုမျိုး၊ လေလံပွဲကြေငြာတဲ့သူလိုမျိုးဖြစ်လာအောင် လုပ်ပေးဖို့က Neuralink ရဲ့ ပန်းတိုင်ဖြစ်ကြောင်း”လည်း ဆိုထားပါသေးတယ်။

Neuralink ကို ဈေးကွက်တင်နိုင်တဲ့အခြေအနေအထိဖြစ်လာပြီး ခွေးဖေဖေ Elon Musk ကလည်း Neuralink device တွေကို DOGE နဲ့ ပေးချေခွင့်ပြုတဲ့အခြေအနေအထိဖြစ်လာဖို့ကလည်း DOGE community ရဲ့ မျှော်မှန်းချက်တစ်ခုဖြစ်ပါလိမ့်မယ်။

Reference Link: https://cointelegraph.com/news/elon-musk-neuralink-first-brain-chip-patient-plays-online-chess-with-his-mind

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments