ဂုတ်တွေပါ ခရစ်ပတို နေပြီ

Solana memecoin တွေ ပေါက်ချက်ကတော့ Messi တောင် Instagram မှာ memecoin ကို ကြော်ငြာတဲ့အထိ ဖြစ်နေပါပြီ။ Messi ရဲ့ Instagram story မှာ WATER (Watercoin) ဆိုတဲ့ Solana memecoin တခုကို ကြော်ငြာထားခဲ့ပြီး crypto bro တွေကလည်း ဒါကို သတိထားမိခဲ့ကြပါတယ်။

WATER coin ဟာ ရေနဲ့ပတ်သက်တဲ့ ကိစ္စတွေအတွက် အသိပညာပေးတာတွေ လုပ်နိုင်ဖို့အတွက် အဓိကရည်ရွယ်ကြောင်း roadmap ထဲမှာ ဆိုထားသလို presale တွေကနေတဆင့် ကျောထောက်နောက်ခံငွေကြေးရှာရင်း CEX listing တွေကို သွားမယ့်အကြောင်းနဲ့အတူ နောက်ဆုံးမှာတော့ ပရဟိတကို အဓိကထားသွားမယ့် ပတ်ဝန်းကျင်ဆိုင်ရာငွေကြေးတခု ဖြစ်လာမှာဖြစ်ကြောင်း ဆိုထားပါတယ်။

လောလောဆယ်မှာတော့ WATER ရဲ့ ဈေးဟာ memecoin ပီပီသသ $0.00090 ဝန်းကျင်မှာသာ ရှိနေပြီး Messi မကြော်ငြာခင်ကဆိုရင် $0.0003188 မှာသာ ရှိနေခဲ့တာပါ။

ဒါ့အပြင် WATER ရဲ့ ဈေးအတက်အကျတွေဟာလည်း အတက်ကြမ်း အကျကြမ်းပုံစံဖြစ်နေသလို ဈေးအတက်မှာ ဝယ်ထားမိပြီး ပြန်ကျသွားခဲ့ရင် ငွေကြေးဆုံးရှုံးမှု အတော်ကြီးနိုင်ပါတယ်။

Memecoin အတော်များများဟာ community အားနဲ့ ဒါမှမဟုတ် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုခုရဲ့အရှိန်အဝါနဲ့ ဈေးအတက်အကျဖြစ်လေ့ရှိပြီးတော့ အပြင်လောကမှာ project တခုခု ဒါမှမဟုတ် အသုံးဝင်ပုံတခုခု မရှိတာများပါတယ်။ ဒါကြောင့် memecoin တွေ အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် အတော်လေး သတိထားသင့်ပြီး သူများပြောတိုင်းမယုံဘဲ ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်ပါတယ်။

Reference Link: https://cointelegraph.com/news/lionel-messi-promotes-solana-memecoin-instagram

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments