ဂေါ်တာပေါ့

2016 ခုနှစ်တုန်းက crypto exchange Bitfinex မှာဖြစ်သွားခဲ့တဲ့ hack ရဲ့ နောက်ကွယ်ကစုံတွဲအကြောင်းကို ရုပ်ရှင်ရိုက်ကူးသွားဖို့ Amazon က ပြင်ဆင်နေပါတယ်။ ဒီ hacker စုံတွဲရဲ့ ဇာတ်ကြောင်းကလည်း ရုပ်ရှင်တစ်ခုရိုက်ရလောက်တဲ့အထိကို စိတ်ဝင်စားစရာကောင်းပါတယ်။ 2016 ခုနှစ် August လမှာ Heather Morgan နဲ့ Ilya Lichtenstein တို့ စုံတွဲဟာ Bitfinex exchange ကနေ 119,754 BTC ကို hack သွားခဲ့ပါတယ်။ ဒီထဲကနေ 94,643 BTC ကို ခြေရာခံဖို့ခက်တဲ့ transaction အသေးလေးတွေအဖြစ် အခြား exchange တွေနဲ့ platform တွေဆီကို တစ်သုတ်ပြီးတစ်သုတ်ခွဲထုတ်သွားခဲ့ပြီး ငွေသားပြောင်း၊ ငွေကြေးခဝါချခဲ့ပါတယ်။

ဒီငွေတွေကို သုံးပြီးတော့ Morgan တို့ဟာ New York မြို့ပေါ်မှာ နည်းပညာရှင်၊ အနုပညာရှင်ဘဝကို ခံယူပြီး ဇိမ်ခံပစ္စည်းတွေနဲ့ ချမ်းချမ်းသာသာနေခဲ့ကြပါတယ်။
Morgan ကတော့ Internet ပေါ်မှာ လူအမြင်ကတ်လောက်အောင် စာတွေရေး၊ post တွေတင်တတ်တဲ့ rapper တစ်ယောက်အဖြစ်နဲ့ လူသိများပြီး Lichtenstein ကိုတော့ ရိုးရိုးအေးအေး နည်းပညာသမားတစ်ယောက်အဖြစ်နဲ့ပဲ သိကြပါတယ်။

ဒါပေမယ့်လည်း 2022 ခုနှစ်မှာတော့ Morgan တို့ စုံတွဲအဖမ်းခံခဲ့ရပြီး ငွေကြေးခဝါချမှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ တရားစွဲခံခဲ့ရပါတယ်။ သူတို့လက်ထဲကျန်နေသေးတဲ့ Bitcoin တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး hack ခံရချိန်မှာ $54 million သာ တန်ကြေးရှိခဲ့တဲ့ Bitcoin တွေဟာ သူတို့အဖမ်းခံရချိန်မှာတော့ $3 billion ကျော်အထိ တန်ကြေးရှိနေပါပြီ။
2023 ခုနှစ် August လမှာတော့ US အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုအဖြစ် 2 ယောက်လုံးက အပြစ်ဝန်ခံခဲ့ကြပြီး ထောင်ဒဏ် နှစ် 20 အထိ အသီးသီး ကျခံရနိုင်ခြေရှိနေပါတယ်။

အခု Amazon က ရိုက်ကူးသွားမယ့် Morgan တို့အကြောင်း ဇာတ်ကားကိုတော့ “Razzlekhan” လို့ နာမည်ပေးထားပြီး ဒါဟာ Heather Morgan ရဲ့ rapper နာမည်လည်းဖြစ်ပါတယ်။

Crypto industry အတွင်းမှာ ဆိုးဆိုးဝါးဝါးအဖြစ်အပျက်တွေဟာ ရုပ်ရှင် company တွေအတွက်တော့ မျက်စိကျစရာဖြစ်နေပုံပါပဲ။ FTX ပြိုလဲမှုဖြစ်စဉ်နဲ့ FTX CEO ဟောင်း SBF ရဲ့ဇာတ်ကြောင်းကိုလည်း Apple က ရုပ်ရှင်ရိုက်ကူးဖို့အတွက် မူပိုင်ခွင့်ဝယ်ယူထားပြီးပါပြီ။ 2022 ခုနှစ်တုန်းကလည်း QuadrigaCX ရဲ့ founder ဖြစ်တဲ့ Gerald Cotton အကြောင်းကို “Trust No One” ဆိုတဲ့နာမည်နဲ့ Netflix ကနေ မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ပါသေးတယ်။

Reference Link: https://cointelegraph.com/news/amazon-studios-film-bitfinex-hack

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments