ဒီဟာထက် ဟိုဟာက ပိုများနေတာမျိုး

MicroStrategy ရဲ့ Bitcoin ပိုင်ဆိုင်မှုဟာ MicroStrategy company ရဲ့ တန်ဖိုးထက်တောင် $1 billion ကျော် ပိုများနေပါပြီ။ ဒီရက်ပိုင်းအတွင်းမှာ MSTR stock တွေကို ထုတ်ရောင်းအားများနေတာကြောင့် ဈေးကွက်တန်ဖိုးအရ $4 billion အထိ ကျဆင်းသွားခဲ့ပါတယ်။

Bitcoin ရဲ့ ဈေးကတော့ အတက်ပြနေတဲ့အပြင် MicroStrategy အနေနဲ့ 3 နှစ်ကြာ တောက်လျှောက်ဝယ်စုလာခဲ့တာကြောင့်လည်း 189,150 BTC ($8.7 billion) ဖိုး အထိ တန်ကြေးရှိနေပြီး MicroStrategy stock တွေရဲ့ တန်ဖိုးထက် $1 billion ကျော်ပိုများနေပါပြီ။

MicroStrategy ရဲ့ founder Michael Saylor ဟာလည်း သူ့ရဲ့ MSTR stock တွေကို April မတိုင်ခင်ထိ နည်းနည်းစီ ထုတ်ရောင်းသွားဖို့ ကြေငြာထားပြီး ကိုယ်ပိုင်ပိုက်ဆံနဲ့ Bitcoin ဝယ်စုဖို့အတွက် ရည်ရွယ်ကြောင်းဆိုထားပါတယ်။ ဒါ့အပြင် လတ်တလော Bitcoin ETF တွေ ခွင့်ပြုချက်ရသွားတာကလည်း MSTR stock တွေအတွက် သက်ရောက်မှုရှိခဲ့ပါတယ်။

အရင်က Bitcoin နဲ့ပတ်သက်လို့ stock တွေ ဝယ်စုချင်ရင် MSTR နဲ့ Coinbase ရဲ့ COIN တို့ကိုပဲ အများစုရွေးချယ်စရာဖြစ်ခဲ့ပေမယ့် အခုတော့ Bitcoin spot ETF ပေါင်း 11 ခုထပ်တိုးလာတာကြောင့် ဈေးကွက်ပြိုင်ဆိုင်မှုပိုများလာနိုင်ပြီး လုပ်ငန်းစုကြီးတွေရဲ့ ပြိုင်ဆိုင်မှုကို တွေ့ရတော့မှာပါ။

Reference Link: https://blockworks.co/news/microstrategy-bitcoin-valuation

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
4 comments