Cardano

avatar

Monero နဲ့ ZCash တို့လို privacy-focused blockchain တွေဟာ user တွေကို အပြည့်အဝ မကာကွယ်ပေးနိုင်တဲ့ ပြဿနာအချို့ရှိခဲ့ပြီးနောက်မှာ Cardano ဟာ privacy-focused blockchain တစ်ခုကို launch လုပ်ဖို့ ပြင်ဆင်နေပါတယ်။ လောလောဆယ်တော့ ဒီ blockchain ကို Midnight blockchain လို့ အမည်ပေးထားပြီးတော့ Midnight ရဲ့ native token ကိုတော့ DUST လို့ ခေါ်ဆိုသွားမှာပါ။

အဓိကရည်မှန်းချက်အနေနဲ့ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအတွက်၊ company တွေအတွက် နဲ့ developer တွေ အတွက် စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို မျှဝေလို့ရမယ့် လုံခြုံစိတ်ချရတဲ့ blockchain တစ်ခုဖြစ်လာဖို့ပါ။ User တွေဟာ သူတို့ရဲ့ privacy ကို ကိုယ်တိုင်ထိန်းချုပ်ထားနိုင်မှာဖြစ်ကြောင်းလည်း Cardano CEO က ဆိုထားပြီးတော့ လူသုံးများနားလည်လွယ်တဲ့ Java Script ကို သုံးပြီး လမ်းညွှန်ရေးထားခြင်းဟာ developer တွေ အတွက် ပိုမိုသင့်တော်စေကြောင်းနဲ့ အခြား privacy-focused blockchain တွေဖြစ်တဲ့ Zcash နဲ့ Monero တို့ဟာ zk-SNARK လိုမျိုး protocol တွေကို သုံးထားတာကြောင့် developer တွေအနေနဲ့ အသုံးပြုရာမှာ စိတ်သွားတိုင်း code မပါကြောင်းလည်း ဝေဖန်ထားပါတယ်။

Cardano ရဲ့ developer team ဟာ Cardano အပြင် အခြား project တွေကိုလည်း အားစိုက်လာဟန်ရှိနေပြီး Cardano နဲ့ sister token ဖြစ်လာမယ့် USDA stablecoin ကိုလည်း 2023 နှစ်ဆန်းပိုင်းလောက်မှာ launch လုပ်သွားမယ့်အကြောင်း ကြေငြာထားပါတယ်။

Reference Link: https://bitcoinist.com/cardano-to-launch-privacy-focused-blockchain/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments