ဘတ်ငွေ အဖြစ် ပုံဖော်နေကြ ပြန်ပြီ

ကိုယ့်လူတို့ရဲ့ crypto wallet ထဲမှာ ထည့်ထားတဲ့ cryptocurrency ပမာဏကို ကိုယ်တစ်ယောက်တည်းပဲ သိတာလား? ဒါမှမဟုတ် တခြားသူတွေရော သိကြလား?

US က ရှေ့နေတွေနဲ့ ဥပဒေအဖွဲ့တွေအဆိုအရတော့ relationship တွေကြားမှာ တစ်ဦးနဲ့တစ်ဦးအသိမပေးဘဲ crypto asset တွေကို တိတ်တိတ်လေး ကိုင်ထားကြတာကြောင့် နောက်ပိုင်း သိသွားတဲ့အခါမှာ ကွာရှင်းမှုတွေ၊ လမ်းခွဲပြတ်စဲမှုတွေ ဖြစ်နှုန်းဟာ တဖြည်းဖြည်းများလာနေကြောင်း သိရပါတယ်။

ဒီလိုကိစ္စမျိုးတွေဟာ ပြောရရှုပ်ထွေးပြီး များသောအားဖြင့်တော့ ကိုယ့်ရဲ့ ဝင်ငွေတွေကို တစ်ဖက်သားကို အသိမပေးလိုတဲ့ အခါတွေမှာ (တော်ရုံ နည်းပညာ မနှံ့စပ်သူတွေအတွက်) ခြေရာခံရခက်တဲ့ cryptocurrency အဖြစ်‌ ပြောင်းထားတတ်ကြတာကို အများဆုံးတွေ့ရပြီးတော့ အချို့ကိစ္စတွေဆိုမှာရင် ခြေရာခံရပိုခက်အောင် network မျိုးစုံက coin မျိုးစုံအဖြစ်တွေ ပြောင်းထားတာတွေကိုပါ တွေ့ရပါတယ်။

အစဉ်အဆက် စာပေကျမ်းဂန်တွေထဲကလိုဆိုရင်တော့ အမျိုးသားအများစုဟာ သူတို့ရဲ့ ဝင်ငွေတွေကို အိမ်သူသက်ထားတွေဆီ အကုန်အပ်ကြရလေ့ရှိပြီး အချို့တွေကတော့ အကုန်မအပ်ဘဲ ယိုးဒယားငွေတွေကို နည်းပေါင်းစုံနဲ့ ချန်ထားလေ့ရှိကြပါတယ်။ အခုတော့ အမျိုးသားတွေအတွက် cryptocurrency တွေကို သုံးပြီး ယိုးဒယားငွေဖန်တီးနည်းတစ်နည်းတိုးလာပုံပါပဲ။

ယိုးဒယားငွေတွေ ပြောင်းထားပြီးတော့ ဝင်ငွေပြန်ရတဲ့နေရာတွေမှာ သုံးရင် ကိစ္စမရှိပေမယ့် အချို့ကိစ္စတွေမှာတော့ ဆုံးရှုံးမှုတွေ ကြီးမားတာကိုတွေ့ရပါတယ်။ အမှုတစ်ခုက အမျိုးသမီးအဆိုအရ သူ့ရဲ့ အမျိုးသားဟာ အရင်က 1နှစ်ကို USD သန်းနဲ့ချီဝင်ငွေရှိနေခဲ့ပေမယ့် cryptocurrency တွေကို စွဲစွဲလန်းလန်းလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ လူမသိသူမသိ လုံးပါးပါးနေခဲ့ပါတယ်။ အမျိုးသမီးဖက်က ဒီကိစ္စတွေကို သိသွားပြီး ကွာရှင်းပြတ်စဲဖို့လုပ်ချိန်မှာတော့ ပိုင်ဆိုင်မှုနည်းနည်းလေးသာ ကျန်တော့ကြောင်းလည်း သိရပါတယ်။

အမျိုးသမီးအတော်များများဟာ cryptocurrency တွေ အကြောင်းကို သေချာမသိကြတာများပြီးတော့ ဈေးအတက်အကျကြမ်းတာကိုလည်း သတိမထားမိကြပုံပါပဲ။ တကယ်လို့ အမျိုးသားတွေဖက်က cryptocurrency တွေကို ဝယ်ကိုင်ထားကြောင်း ကိုယ့်ကို ထုတ်ပြောလာခဲ့ရင်တောင် cryptocurrency တွေရဲ့ ဈေးအတက်အကျကြမ်းတဲ့ သဘောသဘာဝကို သိထားပြီးတော့ စိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အရေးပေါ်ကိစ္စတွေမှာ သုံးရမယ့် ငွေတွေကို (ရေရှည်အတွက်ကလွဲပြီး) cryptocurrency တွေ ဝယ်မကိုင်ထားသင့်ဘူးဆိုတာလည်း သိထားသင့်ပါတယ်။

Reference Link: https://www.businessinsider.com/crypto-divorce-fights-financial-infidelity-hidden-investments-attorneys-say-2023-5

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments
avatar

Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000