အပြန်အလှန် ပေါ့

US နဲ့ အနောက်အုပ်စုက Russia ကို sanction တွေ ချမှတ်ပြီးနောက်မှာ Russia ဖက်ကလည်း US ကို တစ်ဖန် sanction တွေ ပြန်ချနေပါတယ်။

အခုနောက်ဆုံး sanction list ထဲမှာ US က လူပုဂ္ဂိုလ် 500 ကျော်နဲ့ အစိုးရအဖွဲ့အစည်းတွေ ပါဝင်နေပါတယ်။

နာမည်ကြီးပုဂ္ဂိုလ်တွေထဲမှာဆိုရင် US သမ္မတဟောင်း Barack Obama ကနေ Stand-up comedian တစ်ဦးဖြစ်တဲ့ Seth Meyers၊ Talk Show host တစ်ဦးဖြစ်တဲ့ Stephen Colbert တို့အထိ ပါဝင်ပြီးတော့ SEC ရဲ့ enforcement director Gurbir Grewal နဲ့ New York ရှေ့နေချုပ် Letitia James တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် Binance US ရဲ့ လက်ရှိ စုံစမ်းရေးမှူးချုပ်လည်းဖြစ်၊ FBI agent ဟောင်းတစ်ဦးလည်းဖြစ်တဲ့ BJ Kang ကိုပါ စာရင်းထဲမှာ ထည့်သွင်းထားပြီးတော့ Russia ဟာ BJ Kang ကို အခုချိန်ထိ FBI agent တစ်ယောက်လို့ သတ်မှတ်ထားတာကိုလည်း တွေ့ရပါတယ်။

US အစိုးရပိုင်းနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကို sanction ချတာက အံ့ဩစရာမရှိပေမယ့် Stand-up comedian တွေနဲ့ TalkShow host တွေကို sanction ချတာကတော့ သူတို့အကြောင်း ဟာသလုပ်လို့၊ ဒါမှမဟုတ် မကောင်းပြောလို့ ဖြစ်နိုင်ချေရှိပါတယ်။

လုပ်ရပ်တွေကတော့ သားအဖတွေက တထေရာတည်းတွေပါပဲ။

Reference Link:

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments