အမယ်....

avatar

အကောက်လေးကို စွဲဆိုထားတဲ့ အမှုတွေထဲမှာ လိမ်လည်မှုတွေနဲ့ ငွေကြေးခဝါချမှုမှာ ပူးပေါင်းပါဝင်မှုတို့ကလွဲပြီး ကျန်တဲ့စွဲဆိုချက်တွေအတွက် အပြစ်မရှိကြောင်းနဲ့ ဒီအမှုတွေကို ရုပ်သိမ်းပေးဖို့အတွက် အကောက်လေးရဲ့ရှေ့နေအဖွဲ့ကနေ တရားရုံးကို တောင်းဆိုထားပါတယ်။

ရှေ့နေအဖွဲ့ဟာ သူတို့အမှုသည်အကောက်လေးကို Bahamas မှာတုန်းက ကနဦးစွဲဆိုထားခဲ့တဲ့အမှုတွေအတွက်ကိုပဲ တရားရင်ဆိုင်စေလိုတဲ့သဘောဖြစ်ပြီးတော့ US ကနေ လွှဲပြောင်းယူပြီးနောက်မှာ ထပ်တိုးစွဲဆိုတဲ့အမှုတွေက Rule of Specialty ဥပဒေနဲ့ငြိစွန်းနေတယ်ဆိုပြီး ငြင်းဆိုထားတာပါ။

ဒီဥပဒေထဲမှာ တရားခံကိုလွှဲပြောင်းယူဖို့ တောင်းဆိုသူဟာ တရားခံကို မူရင်းနိုင်ငံမှာ စွဲချက်တင်ပြီးသားအမှုတွေအတွက်ပဲ အရေးယူပိုင်ခွင့်ရှိကြောင်း ပါရှိပါတယ်။ စွဲချက်ရုတ်သိမ်းသင့်ကြောင်း ရှေ့နေအဖွဲ့ဖက်က တောင်းဆိုထားတဲ့အမှုတွေထဲမှာ တရုတ်အစိုးရအရာရှိတစ်ဦးကို လာဘ်ထိုးမှုအပြင် US ကို ပူးပေါင်းကြံစည် လိမ်လည်မှုဆိုတဲ့ အမှုကြီး၂မှုလည်းပါဝင်နေပါတယ်။

ဒါကြောင့် ဒီအမှုကြီးတွေအတွက် ပြစ်ဒဏ်လျော့လိုလျော့ငြား ရှေ့နေတွေဖက်က တောင်းဆိုထားတာဖြစ်ပြီး အကောက်လေးကိုတော့ June လ 15 ရက်နေ့မှာ ကြားနာစစ်ဆေးသွားမှာဖြစ်ပါတယ်။

Reference Link: https://cointelegraph.com/news/ftx-founder-sam-bankman-fried-urges-court-to-dismiss-charges

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments