အကုန်ရောင်း ကွာ

February လ အမိန့်ချရက်ကို US မှာ နေရင်း စောင့်ဆိုင်းနေရတဲ့ Binance CEO ဟောင်း CZ ဟာ US ကနေ UAE ကို ပြန်ခွင့်ရဖို့အတွက်ကို အကြိမ်ကြိမ်စာတင်ခဲ့ပေမယ့် တရားသူကြီးရဲ့ပယ်ချမှုကိုခံခဲ့ရပါတယ်။ CZ ဟာ UAE မှာ ဆေးရုံတက်နေရတဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ကို တွေ့ဆုံအားပေးခွင့်ရချင်တာကြောင့် UAE ကို 4 ပတ်လောက် ပြန်ခွင့်တောင်းဆိုခဲ့တာဖြစ်ပေမယ့် ပယ်ချခံခဲ့ရတာပါ။

ဒီလို UAE ကို ပြန်နိုင်ဖို့အတွက်ကိုလည်း CZ ဟာ Binance.US ထဲက သူပိုင်ဆိုင်တဲ့ share တွေ အကုန်လုံးကို ထုတ်ရောင်းဖို့အထိပါ ကမ်းလှမ်းခဲ့ကြောင်းလည်း တရားရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ လွန်ခဲ့တဲ့ 2 နှစ်က လုပ်ခဲ့တဲ့ funding round အရ ဒီ share တွေအကုန်လုံးရဲ့ တန်ဖိုးဟာ $4.5 billion ဝန်းကျင်အထိ ရှိနေနိုင်ကြောင်းလည်း သိရပါတယ်။

CZ ဟာ ငွေကြေးခဝါချမှုနဲ့ စွပ်စွဲခံထားရတာအတွက် အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီးနောက် ပြစ်ဒဏ်မချမှတ်ခင် February လ 23 ရက်နေ့အထိကို US မှာပဲ $175 million အာမခံနဲ့ နေခွင့်ရထားတာပါ။ ဒါပေမယ့် US ပြင်ပကိုတော့ ခွင့်ပြုချက်မရှိဘဲ ခရီးသွားလာခွင့်မရှိဘဲ CZ အနေနဲ့ ထွက်ပြေးမှာကို တရားရုံးဖက်က အထူးစိုးရိမ်ပုံပါပဲ။ February လ 23 ရက်နေ့ အမိန့်ချတဲ့အခါမှာလည်း CZ ဟာ ထောင်ဒဏ် 18 လအထိ ကျခံရနိုင်ကြောင်း ခန့်မှန်းထားကြတာကြောင့် 23 ရက်နေ့ဝန်းကျင်မှာ crypto market အလှုပ်အခတ်ရှိလာနိုင်ပါတယ်။

Reference Link: https://cointelegraph.com/news/binance-founder-cz-offered-entire-binance-us-equity-stake-to-leave-us

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments