AI... AI

Amazon ဟာ သူတို့ရဲ့ website မှာ ChatGPT ပုံစံနဲ့ search interface တစ်ခုတည်ဆောက်နိုင်ဖို့အတွက် AI engineer position တွေ ခေါ်ယူနေပါတယ်။

ပထမ position ကတော့ Senior Technical Program Manager ဖြစ်ပြီး Amazon ရဲ့ ကနဦး AI development တွေကို ဖန်တီးပေးရမှာဖြစ်ပြီး နောက်ပိုင်းတွေမှာ တွင်တွင်ကျယ်ကျယ် သုံးလာရမယ့် NextGen deep learning tech တွေကနေတဆင့် AI ပုံစံသစ်တစ်ခုကို တည်ဆောက်ပေးရမှာဖြစ်ကြောင်း မှာ ဆိုထားပါတယ်။ Engineering team တွေနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ အတွေ့အကြုံ အနည်းဆုံး 7 နှစ်နဲ့အထက် ရှိရမှာဖြစ်ပြီး လစာအနေနဲ့ကတော့ 1နှစ်ကို $119,000 ကနေ $231,400 အထိ ရှိမှာပါ။

ဒုတိယ position ကတော့ Senior Software Development Engineer အတွက် ဖြစ်ပြီးတော့ 1နှစ်ကို $134,500 ကနေ $261,500 အထိ ရနိုင်မယ့် position လည်း ဖြစ်ပါတယ်။ ဒီ position ကလည်း Amazon search interface ကို လုံးဝ ကြီးကြီးမားမားကွဲထွက်သွားအောင် ပြောင်းလဲပစ်နိုင်ဖို့အတွက် develop လုပ်ပေးရမှာဖြစ်ပါတယ်။

Amazon ဟာ user တွေအနေနဲ့ အပြင်လောက,က အရောင်းဝန်ထမ်းတစ်ယောက်နဲ့ စကားပြောနေသလို ခံစားရအောင်အထိ သူတို့ရဲ့ search interface ကို အသွင်ပြောင်းပစ်ဖို့စီစဉ်နေတာဖြစ်ပြီး ကုန်ပစ္စည်းအကြောင်း အသေးစိတ်အချက်အလက်တွေ၊ ပစ္စည်းတစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ပြပြီး ပိုကောင်းတာကို ရွေးပေးတာတွေပါ လုပ်ပေးနိုင်ဖို့ မျှော်မှန်းထားတာပါ။

Amazon ဟာ သူတို့ကိုယ်ပိုင် Bedrock AI foundation model တွေကိုလည်း မိတ်ဆက်ထားပြီးပြီဖြစ်ပြီး Bedrock model တွေပေါ်မှာ တည်ဆောက်ထားတဲ့ Titan AI chatbot ကိုပါ တပါတည်း မိတ်ဆက်ထားတာကြောင့် Amazon ဟာလည်း AI နယ်ပယ်မှာ giant tech company ဖြစ်လာဖို့ ရှိနေပါတယ်။

Reference Link: https://cointelegraph.com/news/amazon-is-hiring-ai-engineers-to-build-a-chatgpt-like-search-interface

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
4 comments