အိမ်း ...

avatar

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Telegram trading bot တစ်ခုဖြစ်တဲ့ Solareum hack ခံရပြီးတော့ user wallet တွေထဲကနေ $523k ဖိုး SOL တွေ ခိုးယူခံလိုက်ရပါတယ်။ ဒီ hack ခံရမှုမှာ user ပေါင်း 300 ကျော် ငွေကြေးဆုံးရှုံးခဲ့ရပြီးနောက်မှာတော့ ငွေကြေးမလုံလောက်မှုတွေ၊ market trend တွေနောက် အမှီမလိုက်နိုင်တော့တာတွေ၊ လုံခြုံရေးပိုင်းချိုးဖောက်ခံရမှုတွေကြောင့် Solareum ကို ပိတ်သိမ်းတော့မှာဖြစ်ကြောင်း team ဖက်က ကြေငြာလာပါတယ်။

Solareum ဟာ ပိတ်သိမ်းတော့မယ့်အကြောင်းသာ ကြေငြာခဲ့ပေမယ့် hack ခံရမှုမှာ ငွေကြေးဆုံးရှုံးခဲ့ရတဲ့ user တွေအတွက် ပြန်လျော်ပေးဖို့ကိုတော့ လုံးဝမကြေငြာထားပါဘူး။ Solareum အနေနဲ့ user တွေကို ပြန်လျော်ပေးဖို့ အစီအစဉ်မရှိဘူးဆိုရင် Solareum ကို တရားစွဲဖို့အတွက် အချို့က ခြိမ်းခြောက်ထားကြပြီး Solareum ဖက်ကလည်း သေချာရေရာတဲ့အဖြေမပေးနိုင်သေးပါဘူး။

Cryptocurrency တွေကို trade မယ်ဆိုရင် ဈေးကွက်အခြေအနေတွေကို ကိုယ်တိုင်လေ့လာဆန်းစစ်သုံးသပ်ပြီး ကိုယ်တိုင် exchange မှာ trade တာမျိုးကသာ စိတ်လုံခြုံမှုတစ်ခုရှိနိုင်ပါလိမ့်မယ်။ Trading bot တွေမှာ trade တဲ့ပုံစံမျိုးဟာ ကိုယ့်ရဲ့ ပိုက်ဆံတွေကို program တစ်ခုစီကို ပုံအပ်ထားသလိုဖြစ်နေတာကြောင့် ဒီ program သာ တစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ့်ပိုက်ဆံတွေအကုန် ပါသွားနိုင်တာကြောင့် သတိထားသင့်ပါတယ်။

Reference Link: https://decrypt.co/224371/solana-telegram-trading-bot-shut-down-users-drained-523k

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TA690MBH

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments