အိမ်း ...

Disney ရဲ့ မူလလက်ဟောင်း Steamboat Willie Mickey Mouse ကို NFT အဖြစ် တရားဝင်ထုတ်ရောင်းနေကြပါပြီ။ US ရဲ့ မူပိုင်ခွင့်ဥပဒေအရ မူပိုင်ခွင့်တစ်ခုဟာ 95 နှစ်ကြာရင် အလိုလိုပယ်ပျက်ပြီးတော့ အများပိုင်ဖြစ်သွားတာကြောင့် Mickey Mouse NFT တွေ အလုအယက်ထုတ်နေကြတာဖြစ်ပြီး OpenSea ပေါ်မှာ Mickey Mouse NFT trading volume တွေ ထောင်တက်နေပါတယ်။

24 နာရီ trending list ထဲမှာလည်း Steamboat Willie Public Domain 2024 ဆိုတဲ့ NFT Collection က ထိပ်ဆုံးမှာ ရှိနေပြီးတော့ ပုံစံတူ NFT Collection တွေဟာလည်း မတိမ်းမယိမ်းမှာပဲ ရှိနေပါတယ်။ Crypto bro တွေကတော့ ဘယ်အရာကမဆို ငွေမဖြစ်ဖြစ်အောင် လုပ်တတ်ကြတယ်လို့ ကြံဖန်ချီးကျူးရမှာပါပဲ။

ဒါပေမယ့်လည်း ခေတ်ပေါ်ပုံစံ Mickey Mouse ကတော့ Walt Disney လက်ထဲမှာပဲရှိနေသေးတာကြောင့် လက်လွန်ပြီးတော့ ခေတ်ပေါ်ပုံစံ version တွေ မထုတ်မိစေဖို့လည်း ဥပဒေပိုင်းဆိုင်ရာ အကြံပေးထားကြပါတယ်။

မကြာခင်မှာပဲ Steamboat Willie version ကို ရုပ်ရှင်ပြန်ရိုက်တာမျိုးတွေလည်းတွေ့လာရနိုင်ပြီး အခုတောင် ရုပ်ရှင်တစ်ခုရဲ့ trailer ထွက်ထားပြီးပါပြီ။ Winnie the Pooh အများပိုင်ဖြစ်သွားတုန်းကလည်း ရုပ်ရှင်ထွက်လာခဲ့ဖူးပြီး ဇာတ်လမ်းရော၊ ရိုက်ကူးထားပုံကပါ အတော်ဆိုးဆိုး ဖြစ်ခဲ့တာကြောင့် အခု Mickey Mouse ကိုလည်း Pooh လို ဖြစ်သွားမှာကို စိုးရိမ်နေကြပါတယ်။

Reference Link: https://cryptopotato.com/disneys-vintage-mickey-makes-waves-in-nft-world-after-copyright-expiry/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
0 comments