သတိထားနိုင်ကြပါစေ (2)

avatar

fb_img_1613374265540.jpg
မနေ့ကတင်တဲ့post ထက်ဆိုးတဲ့အဖြစ်အပျက်တခုမန္တလေးမှာထပ်ဖြစ်ပွားခဲ့ပါတယ်။အခုအဖြစ်အပျက်ကတော့ တော်တော်ကိုဆိုးသွားခဲ့ပါတယ်။အသေအပျောက်တော့မရှိခဲ့ပါဘူး။ဆိုင်ကယ်တွေတော့ပါသွားခဲ့တယ်။ဖြစ်ပွားခဲ့တာကမနက်ခင်4နာရီလောက်ဖြစ်သွားတာပါ။သူခိုးဆိုတာထက််ဓားပြတိုက်နေပြီးလို့ပြောတာပိုမှန်ပါလိမ့်မယ်။

အဖြစ်အပျက်ကတော့မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုမြို့သစ်မှာဖြစ်သွားခဲ့တာပါ။မနက် ၄နာရီလောက်ဖြစ်ခဲ့တဲ့အပြင် စက်မှုဆိုတော့ လူသိပ်မရှိတာရယ်၊နောက်ပြီးစက်ရုံတွေပဲရှိတော့ သူတို့အတွက်နည်းနည်းပိုလွယ်တာလဲပါသွားတာပေါ့။စက်ရုံဆိုတော့ အစောင့်ပဲရှိတဲ့အချိန်လာပြီး ခိုးတာဆိုတာထက် ဓားပြနည်းနည်းဆန်ပါတယ်။Light Trusk ကားတစ်စီး လူ၁၀ယောက် ဆိုင်ကယ်တွေရောက်လာပြီး အစောင့်၂ယောက်တည်းရှိတဲ့အချိန်အခွင့်ကောင်းယူတာပေါ့။

လူ၁၀ယောက်အပြင်ဓားရှည်တွေရော်ပါနေတော့ အစောင့်တွေလဲမြင်မြင်ချင်းပြေးတာပေါ့၊ပြေးတာကိုလဲဓားနဲ့ပါလိုက်ခုတ်ပေးမယ့်သူတို့ခများသတိနဲ့နေနေတော့အသက်ဘေးကလွှတ်ခဲ့ပါတယ်။သူတို့ကတော့အေးအေးလူးလူးပဲ စက်ရုံမှာရှိတဲ့ဆိုင်ကယ်တွေကို light trusk ပေါ်အေးဆေးတင်ပြီးထွက်သွားတော့တာပေါ့ဗျာ။

စကားပုံတခုကြားဖူးတယ်။၁ယောက်တည်းလုပ်တော့ သူခိုး အများနဲ့လုပ်တော့ဓားပြ အဖွဲ့အစည်းနဲ့လုပ်တော့ သူပုန်းပေါ့။အရင်ကတော့ သူခိုးပေါ့ အခုတော့ ဓားပြခေတ်ရောက်နေပြီး။နောက်တော့ သူပုန်းခေတ်ရောက်တော့မလားဘဲ။ညစောင့်တောင်အသက်အန္တရာယ်တွေတဖြည်းဖြည်းများလာပြီးဗျာ။စာဖက်တဲ့လူတွေလဲ ညစောင့်လုပ်နေတဲ့အသိဘဲဖြစ်ဖြစ် မိသားစုဝင်ထဲမှာပဲဖြစ်ဖြစ်လူကျဲတဲ့နေရာမှာ ညစောင့်လုပ်နေရင် ကိုယ့်အသက်ဘေးကိုလွှတ်အောင်လေးနေကြဖို့ကို သတိပေးစာလေးပြောပေးပါဦးနော်။
ချစ်ခြင်းများစွာဖြင့်
@kaunglay2



0
0
0.000
13 comments
avatar

အားလုံး သတိရှိဖို့သာ ပြောချင်ပါတယ်
ခုက မလုံခြုံတော့ဘူးလေ

0
0
0.000
avatar

ပေါ်တင် ဓါးမြတိုက်တာပဲနော်။ !LOLZ

0
0
0.000
avatar

ခေတ်ပျက်ပြီဆိုတော့လဲ🥺🥺🥺

0
0
0.000
avatar

​ကြောက်စရာကြီးပါလား မလွယ်ဘူး​နော် မြို့ကြီး​တွေ

0
0
0.000
avatar

ပြည်သူမှာ ပြည်သူပဲ ရှိတယ်ဆိုပေမယ့် .... လူယုတ်မာတွေ ပြည်သူတွေကြား ရှိနေသော အခါ..!PIZZA

0
0
0.000
avatar
(Edited)

တဖြည်းဖြည်းများလာနေပြီး!LOLZ

0
0
0.000