ပိုပိုဆိုးလာနေတဲ့ သီရိလင်္ကါ

avatar

img_0.6882841969935812

သီရိလင်္ကါနိုင်ငံဟာဆိုရင်ဖြင့်တော့ မြန်မာနိုင်ငံထက်ကို အတော်လေးဒုက္ခရောက်နေပါတယ်။မြန်မာနိုင်ငံဟာဆိုရင်ဖြင့် ငွေကြေးလက်ထဲရှိနေရင်ကို ဆီကဝယ်လို့အဆင်ပြေနေပါသေးတယ်။သီရိလင်္ကါဆိုရင်ဖြင့် ငွေကြေးရှိရင်တောင် ဆီဝယ်လို့မရတော့တဲ့အထိဖြစ်နေပါတယ်။

အခုဆိုရင်သီရိလင်္ကါနိုင်ငံဟာဆိုရင်ဖြင့်လောင်စာဆီပျက်သွားတဲ့အပြင် နိုင်ငံရဲ့ဘတ်ဂျတ်ကမရှိတော့ သွင်းကုန်တွေလဲ မသွင်းနိုင်တော့တဲ့ အခြေအနေထိ ဖြစ်နေပါတယ်။ထိုအတွက်ကြောင့်နိုင်ငံအတွင်းမှာရှိနေတဲ့ပို့ဆောင်ရေးတွေလဲ ရပ်နားထားရသလို နိုင်ငံပြင်ပရဲ့ အရေးကြီးတဲ့ ခရီးစဥ်နဲ့ပို့ဆောင်ရေးတွေလဲ ရက်နားထားခဲ့ရပါပြီး။

သီရိလင်္ကါနိုင်ံအတွင်းမှာရှိနေတဲ့ ပန့်ဆိုင်တွေမှာလဲ ကားတန်အရှည်ကြီးတွေဖြစ်လို့နေပါတယ်။သီရိလင်္ကါပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ ကင်မဲ့နေပါပြီး။ပြည်တွင်းမှာလောင်စာဆီဟာဆိုရင်ဖြင့် လက်ကျန်အနေနဲ့ ရက်ပိုင်စာပဲရှိပြီးတော့ ဆီပျက်လပ်သွားခဲ့ရင်တော့ နောက်ထပ်ရောက်လာဖို့ ထိုင်စောင့်ရုံမှအပ အခြားမရှိတော့ပါဘူး။ထိုနိုင်ငံမှာရှိနေတဲ့ ပြည်သူတစ်ယောက်ဟာဆိုရင်ဖြင့် ဆီရဖို့ကို ၂ညအိပ်ပြီး စောင့်ပြီးဝယ်ယူနေရတဲ့အထိဖြစ်သွားပါပြီး။

လောင်စာဆီဝယ်ဖို့အတွက် တန်စီစောင့်ရသလို ဆီဝယ်ခွင့်ရဖို့အတွက် တိုကင်ကိုလဲ ထို့နည်းအတူတန်စီပြီးတော့ တိုကင်ယူနေရပါတယ်။အစိုးရအနေဖြင့် ပြည်တွင်းလောင်စာဆီကို စျေးသက်သက်သာသာရဖို့အတွက် ရုရှားဆီကို အကူအညီတောင်းဖို့အတွက် သီရိလင်္ကါရဲ့ကိုယ်စာလှယ်အဖွဲ့ မောစကိုကိုထွက်ခွာသွားပြီးတော့ သီတင်းအပတ်အတွင်းဆွေးနွေးသွားဖို့ရှိပါတယ်။

သီရိလင်္ကါမှာနေထိုင်းနေတဲ့ပြည်သူတွေဟာဆိုရင်ဖြင့် လောင်စာဆီမရတဲ့အဆုံးမှာ စက်ဘီးတွေ ဝယ်စီး​နေကြပါပြီး။တချိူ့ပြည်သူတွေကတော့ ဘဝမှာဟိုနားဒီနားသွားဖို့ စက်ဘီးကို ပထမဆုံးဝယ်စီးတာဆိုပြီးတော့လဲ သတင်းတွေအရသိရပါတယ်။စက်ဘီးစျေးတွေကလဲ ပုံမှန်ထက် ၃ဆ လောက်တက်သွားသည့်အပြင် ငွေကြေးဖောင်းပွမှုကလဲ ၅၀% လောက်ထိမြင့်တက်သွားခဲ့ရပါတယ်။သီရိလင်္ကါနိုင်ငံဟာဆိုရင်လဲ အခြေအနေတွေကပိုပိုဆိုးသွားရပြီးတော့ ဘယ်အချိန်မှပြန်ကောင်းနိုင်မလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။
@kaunglay2
22:10PM



0
0
0.000
6 comments
avatar

သိရိလင်္ကာခုအခြေအနေက ဘယ်ကနေစခဲ့နာလဲ။ စိတ်ဝင်စားစရာပါ။
!MEME !PGM

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT tokens to @princekham, @kaunglay2

remaining commands 2

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-2.5 BUDS-0.01 MOTA-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000