တို့တိုင်းတို့ပြည်... ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ နံနက်စောစော ၇ နာရီ ထိုးသည်နှင့် မီးပျက်ပါသည်။ ယခုတလော မီးပျက်သည် က ခန့်မှန်း၍ မရတော့ပါ။ မနက်ဘက် ပျက်ချင်ပျက်မည် ညနေဘက် ပျက်ချင်ပျက်မည် တခါတလေ တနေ့တည်း ၂ ကြိမ် ပျက်ချင်ပျက်ပါသည်။

တရပ်ကွက်လုံး ပျက်သည် ဆိုတော့ မီတာခ ဆောင်ထာသူတို့လည်း ပျက်သည် မဆောင်ထားသူတို့လည်း ဖျက်ခံရပါသည်။ စနစ်တခုတည်း အောက် နေကြသူတို့ ညီသူမျှသူ ခံစားကြရပါသည်။ အစိမ်းသော အနီသော အဝါသော အပြာသော ရှိရှိသမျှ ရောင်စုံ လူသာတို့ အားလုံး တန်းတူညီမျှသာ။

ယခင်ကာလကလို "နင့်စော်ထက် ငါ့စော်က ပိုမိုက်တယ် " လုပ်၍ မရတော့ပါ။ တနှစ်အပြည့် မှာတော့ နင့်စော်လည်း ဂျိုကျိုး နားရွက်ပဲ့ ဖြစ်လာသလို ငါ့စော်လည်း ပိုက်ပူ နံပိန် သူငယ်နာ မစင် ဖြစ်လို့လာနေပါတော့သည်။

မိတ်ဆွေတို့ အားလုံးသိကြသည့် အတိုင်း ယခုကာလတွင် အားလုံး ခက်ခဲလာနေကြပြီ ဖြစ်ရာ အိမ်အောက်ထပ် မြေညီထပ် ပိုင်ဆိုင်ထားသူတိုင်း တနိုင်တပိုင် ဆိုင်ဖွင့်လာကြပါသည်။ ဆိုတော့ ဘယ်လမ်း ဝင်ဝင် ဆိုင်ခန်းများစွာနှင့်။ ဆိုင်ခန်း မဖွင့်နိုင်သူတို့ကလည်း Online မှ ရောင်းကြဝယ်ကြ။ အဆင်ပြေသလို ဝမ်းရေး ဖြေရှင်း ကြရပါသည်။

တလောက ကျွန်တော့ဆိုင်သို့ စည်ပင် ဝန်ထမ်းများ ရောက်လာက ဆိုင်၏ လိုင်စင်လာ စစ်၏။ လိုင်စင်သက်တမ်း ရှိသေးသည် ဆိုတော့ ကိစ္စမရှိ။ နောက်မှ တယောက်စကား တယောက်နားဖြင့် ကြားရသည်မှာ လိုင်စင် သက်တမ်း မတိုးထားသူတို့ ဒါဏ်ငွေ တသိန်း ဆောင်ရသည်ဟူ၍။

စားသောက်ဆိုင် / လက်ဖက်ရည် ဆိုင် ဖွင့်ထားသူတို့က စားသောက်ကုန်ရောင်းချသည့် လိုင်စင် / ဆေးဆိုင်များက ဆေးဝါး လိုင်စင် / အလှပြင်ဆိုင် များကလည်း သူ့လိုင်စင်နှင့်သူ။ ယခု နောက်ပိုင်း Covid နှင့် Covid ပထွေး နှိပ်စက်သော ကြောင့် အချို့ဆိုင်များက လိုင်စင် သက်တမ်း လွန်နေကြသည်ကို သွားမတိုး ဖြစ်ကြ။ ယခု အချိန်မှ လိုင်စင် သက်တမ်း တိုးရလျင် မည်မျှ ခက်ခဲမည်ကို စဉ်းစားကြည့်ပါ။

ဆိုတော့ ဈေးဆိုင် လိုင်စင် သက်တမ်း လွန်နေသူတို့ လတိုင်း ဆတ်ကြေးကောက်သလို ကောက်ခံကြရတော့မည် ဖြစ်ပါသည်။ On line မှ တနိုင်တပိုင် ရောင်းဝယ်နေကြသူများကလည်း ရင်တထိတ်ထိတ်။ VPN ဟူသော အရာမသုံးထားလျင် Facebook မပွင့်သည်ကို အားလုံးသိကြပါသည်။ Facebook မှ Live လွင့် နိုင်သည်ဟူသည်မှာ VPN ကြောင့် ဟူ၍ ပြသနာရှာခံရနိုင်ပါသည်။ VPN ကလည်း သုံးနှစ်ဟူ၍ ခြိမ်းခြောက်ထားသည် ကို လူတိုင်း အသိဖြစ်ပါသည်။

အချို့ကလည်း ကြောက်၍ လုပ်ငန်းများ ဖြုတ်သိမ်း ကြသလို အချို့ကလည်း လိုင်စင်မလိုသော သာမန် လမ်းဘေး ဈေးသည် ဘဝသို့ လမ်းကြောင်း ပြောင်းရပါတော့သည်။ ကျွန်တော်ဆိုလိုသည်မှာ တနှစ် အတွင် ဤသို့ ဖြစ်သွားလျင် ၃ နှစ်လောက်ဆိုလျင် ကျွန်တော်တို့ ဤကမ္ဘာမြေတွင် ဂြိုလ်သား အသွင်ဖြင့် နေကြရပါလိမ့်မည်။

ယခုတောင်... ဪ .. မြန်မာလူမျိုးဆိုတာ Internet ကို VPN ခံသုံးနေရတဲ့ လူမျိုးကိုး... ဟူ၍ အခြားသူငှာများ အတွက် မျောက်ပွဲ ကြည့်သလိုသာဖြစ်ပါလိမ့်မည်။ ကျွန်တော်လည်း ဗုဒ္ဓဘာသာ မဟုတ်သည့်တိုင် ဗုဒ္ဓ၏ အဆုံးအမ များဖြင့် ကြီးပြင်းလာသူဖြစ်ပါသည်။

ငယ်စဉ်ကတည်းက ကောသလ အိမ်မက် ၁၆ ချက် / ၅၅၀ ဇတ်နိပါတ် တော် များဖြင့် ။ ကျွန်တော့ စိတ်ထဲ မတင်မကျ ဖြစ်နေသည့် အကြောင်းအရာ တခုရှိပါသည်။ ကျွန်တော်တို့သည် ကြွေးသစ် တင်ခြင်းလော ... သို့မဟုတ် ကြွေးဟောင်း ဆပ်နေခြင်း လော ဆိုသည့် အကြောင်း ဖြစ်ပါသည်။

အကယ်၍ ကြွေးဟောင်းဆပ်ရသည်ဆိုရလျင်.... ကျွန်တော်တို့ မြန်မာ တနိုင်ငံလုံးသည် နှစ်ပေါင်း ၇၀ ကျော်တိုင် အကြွေးဆပ်နေရဆဲ ဆိုရင်ဖြင့် ကျွန်တော်တို့ အရင်ဘဝ အတော်လေး ဝဋ်ကြီးခဲ့ပုံပေါ်ပါသည်။ ဟုတ်ကဲ့ ကျွန်တော်လည်း မြန်မာ နိုင်ငံသားတယောက်ဖြစ်ပါသည်။

Henry Aung ( Kachin )

29/01/2022 - Saturday - 20; 19 Pm



0
0
0.000
19 comments
avatar

ဘာကြွေးသစ်ကြွေးဟောင်းမှမဟုတ်ဘူး။ မအလကြင်စိုးရဲ့ အရူးထမှု။

0
0
0.000
avatar

အဲဒါ အသေချာဆုံးပဲ...!PIZZA

0
0
0.000
avatar

ကျနော်တို့တွေ ဝဋ်ကြီးတယ်ဆိုရင် ခံရမှာပေါ့လေ အကျိုးနဲ့အကြောင်း အကြောင်းနဲ့အကျိုးဆိုတာက ဖျောက်လို့မရပါဘူး တစ်ချိန်မှာ အကြောင်းကြောင့် အကျိုးဖြစ် အကျိုးကြောင့် အကြောင်းဖြစ်လာဦးမှာပါ ဆိုတော့ ပစ္စုပ္ပန်မှာ အကျိုးကောင်းတွေလုပ်ပြီး မနက်ဖြန်မှာ အကြောင်းကောင်းကြားနိုင်ပါစေဗျာ

0
0
0.000
avatar

အဲသလိုပဲ မျှော်လင့်နေရပါတယ်ဗျာ...!PIZZA

0
0
0.000
avatar

ကျမတို့ဆီလည်း မီးက အဲ့လိုပဲ တ​​နေကုန်နီးပါးပျက်​နေတာ ငါ ပျက်ချင် ပျက်မှာ​ပေါ့ ​ခေတ်​ရောက်​နေတာကိုး

0
0
0.000
avatar

ဒါတောင်ခုမှ အစရှိသေးတာ... နွေခေါင်ခေါင် ဆိုရင်... ရေနည်းတာတို့ ဘာတို့ နဲ့ မီးထပ်ပျက်အုံးမှာ !PIZZA

0
0
0.000
avatar

လာလိုက် မလာလိုက်နဲ့ပါ
မီးလာတုံး ဟင်းချက်ရင်တောင် ရင်ထိပ်နေရတယ် 😁

0
0
0.000
avatar

ဟုတ်ပါ့ဗျာ... အလုပ်လုပ်တာကို မီးလာမဲ့ အချိန် နဲ့ ချိန်နေရတယ်။ !PIZZA

0
0
0.000
avatar

တရားသဘောဖြင့် ​ကြည့်တော့ ကြွေးဟောင်း ကြွေးသစ် နှစ်မျိုးထဲက တစ်မျိုးဆိုတာ သေချာပါသည်။
ကြွေးသစ်လား ကြွေးဟောင်းလားဆိုတာက ရဟန်းတာ အရှင်မြတ်တို့မှသာ ဘဝအဟောင်းက ဝဋ်ကြွေးလားဆိုတာ ညဏ်မျက်စိနဲ့ ကြည့်နိုင်မှာပါအစ်ကို...
အခုတော့ ကျံန်တော်လည်း အစ်ကို မေးတဲ့ မေးခွန်းကိုပဲ အကြိမ်ကြိမ် မေးမိနေပါတော့သည်။...!PIZZA

0
0
0.000
avatar

ကြာလာတော့လည်း မခံစားလာနိုင်တော့လို့ပါ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped suhlaing (x1)
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped nweoomon (x1)
kachinhenry tipped cdm.ano (x1)
@kachinhenry(5/15) tipped @uthantzin (x1)
kachinhenry tipped johndieo (x1)

Please vote for pizza.witness!

0
0
0.000
avatar

ကောင်းဖို့ ဖြစ်လာတယ်လို့ မှတ်ယူရင်း အားမွေးကြရမှာပါ။
!PIZZA
!LOL

0
0
0.000
avatar

ဖြစ်သမျှ အကြောင်း အကောင်း လို့သာမှတ်ယူပါတယ်။ မြန်မာပြည်သားတွေ ကို ဆန်ရင်း နာနာဖွတ် တယ်ပဲ အောက်မေ့ရတာပါ့။ !LOL

0
0
0.000