ကျွန်တော်ပြောသော စင်္ကပူ - အပိုင်း ( ၃၁ ) ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ ဇတ်လိုက်ကြီး Hive ကတော့ USD $1 နေရာတွင် ကုပ်ကပ် တွယ်ကပ် နေရပြီ ဖြစ်ပါသည်။ ကျွန်တော် ယခင်က ပြောခဲ့သည့် အတိုင်း BTC အတက်တွင် Coin / token အငယ်များ လိုက်တက်ချင်မှ တက်မည် ဖြစ်သော်လည်း BTC ဈေး အကျတွင်တော့ အားလုံးအား ဆွဲချသွားတတ်သည်သာ ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ ကျွန်တော်တို့ လုပ်စရာရှိသည်အား ဆက်လုပ်နေယုံသာ ရှိပါသည်။

ကျွန်တော်၏ မပြီးပြတ်သေးသော စင်္ကပူ အကြောင်း ဆက်ကြပါအုံးစို့။ ယခင် ဆောင်းပါးတွင် ကျွန်တော်ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း ကျွန်တော့ အနေဖြင့် ဒုတိယအကြိမ် စင်္ကပူ သို့ သွားရောက် အလုပ်လုပ်ရာတွင် S pass ကဒ် လိုချင်သော ကြောင့် ABC logistics Pte Ltd သို့ ရောက်လာခဲ့ရပါသည်။

စင်္ကပူရှိ လုပ်ငန်း အားလုံးနီးပါး မြန်မာပြည်ကဲ့ သို့ Company Limited ဟူ၍ မသုံးကြပါ။ သူတို့သုံးသည်မှာ Private Limited ဖြစ်ပါသည်။ ဥပမာ Hoo Huat Engineering Pet Ltd / Asiagroup Leasing Pte Ltd အစရှိသဖြင့် သုံးနှုန်းကြပါသည်။

ကျွန်တော် အလုပ်လုပ်ခဲ့ရသော ABC logistics Pte Ltd ( ကုမ္ပဏီအမည်မှန်မဟုတ်ပါ )မည်ကဲ့သို့ လူလည် ကျ၍ လူငှားစား / လုပ်သား ငှားစား သော အကြောင်း အရာ မပြောပြမှီ ဤ Logistics ဟူသော လုပ်ငန်း အကြောင်း အနည်းငယ် ရှင်းပြလိုပါသည်။

Logistics ဟူသော လုပ်ငန်းသည် တိုးတက်ပြီး နိုင်ငံများတွင် လွန်စွာကျယ်ပြန်နေပြီ ဖြစ်သော်လည်း မြန်မာ ပြည်တွင်တော့ ဤ လုပ်ငန်းနှင့် အနည်းငယ် စိမ်းပါသေးသည်။ လွန်ခဲ့သော ၅ နှစ်ခန့်မှ စပြီး မြန်မာပြည်သို့ ရင်းနှီးမြုပ်နှံမှုများ စပြီး လှိမ့် ဝင်လာချိန်တွင် ဤ Logistics ဟူသော လုပ်ငန်း မြန်မာပြည် တွင် စတင်အကောင်ထည် ဖေါ်လာသည်ကိုတွေ့ရပါသည်။

သို့သော် ၂၀၂၁ ဖေဖော်ဝါရီလ မှစပြီး ရင်းနှီးမြှုပ်နှံ မှုများ မြန်မာနိုင်ငံ မှ ပြန်ထွက်သွားကြပြီ ဖြစ်ရာ ဤ Logistics ဟူသော လုပ်ငန်းသည်လည်း ပြန်လည် ငုပ်လျှိုး သွားခဲ့ရပြီ ဖြစ်ပါသည်။

ဤ Logistics ဟူသော စကားလုံးအား အပြည့် အစုံဘာသာ ပြန်ရလျင် စီမံခန့်ခွဲ / ထောက်ပံ့ ပို့ဆောင် ဟု ဘာသာပြန်ရမည်ဟု ထင်ပါသည်။ Logistics ၏ အလုပ်မှာ ပစ္စည်း များ စနစ်တကျ ထားသိုပေးခြင်း / လိုအပ်သော နေရာသို့ ပို့ဆောင်ပေးခြင်း / ထိုသို့ ပို့ဆောင်နိုင်ရန်လည်း ပြင်ဆင် ထုပ်ပိုးပေးခြင်း / ပျက်စီးသွားသည် ပစ္စည်းစာရင်းများ ပြုစုပေးခြင်း စသည်တို့ ဖြစ်ပါသည်။

နောက်ထပ်ဥပမာ ပြပါမည်။ ကျွန်တော်အချိုရည် ကုမ္ပဏီ ဖွင့်လိုက်ပြီ ဆိုကြပါစို့။ ကျွန်တော့ အချိုရည်သည် အောင်မြင် သော အချိုရည် ဖြစ်သော ကြောင့် နေ့စဉ် ဘူးရေ သန်းနှင့်ချီပြီး ဈေးကွက်သို့ ပို့နေရပြီ ဆိုပါစို့။

ကျွန်တော့ အနေဖြင့် ကုန်ထုတ်လုပ်ရေး/ သိုလောင် ထိန်းသိမ်းရေး / ဈေးကွက်ရှာဖွေရေး / စီမံ ဖြန့်ဖြူးရေး အစရှိသော လုပ်ငန်းများစွာအတွက် လုပ်သားပေါင်း များစွာ လိုအပ်တော့မည် ဖြစ်သလို ကုန်ပစ္စည်း ထားသို ရေးအတွက်လည်း နေရာ ရှာရတော့မည် ဖြစ်ပါသည်။

ဆိုတော့ ကျွန်တော့ လုပ်ငန်း လည်ပတ်ရန် ဝန်ပိ လာပြီ ဖြစ်ပါသည်။ ဤ နေရာတွင် Logistics ကုမ္ပဏီ များက အရေးပါ လာပြီ ဖြစ်ပါသည်။ Logistics ကုမ္ပဏီ က ကျွန်တော့ အချိုရည် ထားသိုရန် နှင့် စီမံခန့် ခွဲ ဖြန့်ဖြူးရန် တာဝန်ယူပေးပါလိမ့်မည်။

ကျွန်တော်က ကုန်ထုတ်လုပ်ရေး နှင့် ဈေးကွက်ရှာဖွေရေးသာ အာရုံစိုက်ရန် လိုပါလိမ့်မည်။ ဆိုတော့ ယခင်က ကျွန်တော် တနေ့ အချိုရည် ဘူး တသန်း ထုတ်နေရာမှ တနေ့ ဘူး ၅ သန်း ထုတ်လုပ်မည်။ ဈေးကွက်ချဲ့ ထွင်းမည်။ ထုတ်သမျှ အချိုရည်များ အား Logistics ကုမ္ပဏီ က ထားသိုပေးထားမည်။

ကျွန်တော် လက်ခံရရှိသော အမှာစာများအား ကျွန်တော့ ကုမ္ပဏီမှ တဆင့် Logistics သို့ ပေးပို့မည်။ Logistics က အချိန်မှီ ထုပ်ပိုးပြင်ဆင် ဖြန့်ဖြူးပေးမည်။ ဤ နည်းဖြင့် ကျွန်တော်က ကုန်ထုတ်လုပ်ရေး နှင့် ဈေးကွက် ချဲ့ထွင်ရေးကိုသာ အာရုံ စိုက်စရာလိုပါသည်။

Logistics ကုမ္ပဏီက ဝန်ဆောင်မှု ပေးခြင်း ဖြင့် အခကြေးငွေရရှိသလို ပစ္စည်းများ ထိန်းသိမ်းထားသို ထားပေးခြင်း စီမံခန့်ခွဲ ပေးခြင်း အတွက်လည်း အခကြေးငွေရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် ဤ logistics ဟူသော လုပ်ငန်း အကြောင်း ပြောလိုက်လျင် Warehouse ဟုခေါ်သော ကြီးမား ကျယ်ပြန့် သော ကုန်လှောင်ရုံ များ ဂိုဒေါင်များ မဖြစ်မနေ ပါဝင်လာရပြီ ဖြစ်သလို ဤ Logistics နှင့် warehouse သည် လူအများအပြား အား အလုပ်ပေးထား နိုင်ပါသည်။

ယခုနောက်ပိုင်း စင်္ကပူနိုင်ငံသည် သင်္ဘောကျင်း ခေတ်ပျက်လာပြီးနောက် ဤ Warehousing နှင့် Logistics ဘက်သို့ အထူးပင် အလေးပေးလာခဲ့ပါသည်။ အထူးသဖြင့် စင်္ကပူသည် အင်္ဂလိပ်စကားအား ရုံးသုံးဘာသာ စကားအဖြစ် သုံးသော နိုင်ငံ ဖြစ်သော ကြောင့် အနောက်နိုင်ငံ မှ ကုန်ပစ္စည်း အသစ်များ အရှနိုင်ငံများနှင့် စတင်မမိတ်ဆက်မှီ စင်္ကပူသည် ကုန်ပစ္စည်း သိုလှောင်ရာ နေရာ ကောင်း တခု ဖြစ်နေပြီ ဖြစ်ပါသည်။

ထို့အပြင် စင်္ကပူက ဤ ကုန်ပစ္စည်း သိုလှောင် ဖြန့်ဖြူးပေးခြင်းအား ပိုမို ကျွမ်းကျင်စေရန် တက္ကသိုလ် များတွင် Logistics Engineering ဟူ၍ သင်ကြားပေးနေခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်ပါသည်။

မြန်မာပြည်တွင်တော့ Logistics Engineering မပြောနှင့် Logistics ဟူ၍ မကြားဘူးသူ အတော်များပါလိမ့်မည်။ အမှန်တော့ စင်္ကပူနိုင်ငံ သည် အခြား နိုင်ငံများထက် ခြေလှမ်း သုံးလှမ်းခန့် ကြို၍ ရှေ့ပြေးနေသည့် နိုင်ငံ ဖြစ်ပါသည်။

နိုင်ငံ၏ အရေးကြီးသော ပညာရေး / စီးပွားရေး / နိုင်ငံရေး အစရှိသည့် လည်ပတ်မှုများအား ပြောင်းလည်းတော့မည် ဆိုလျင် ၁၀ စုနှစ် တခုစာ အချိန်ယူကာ တဖြည်းဖြည်းချင်း ပြောင်းလည်းသွားပါသည်။ ဤ ပြောင်းလည်း ခြင်းနှင့်အတူ ပညာရေးပါ ပူတွဲပါဝင်လာကာ ပညာရှင် များအား မွေးထုတ်ယူပါသည်။

ထို့ကြောင့် စင်္ကပူသည် ရေနံဈေးကျချိန် သင်္ဘောကျင်း ခေတ်ပျက်ချိန်တွင်လည်း ဤ Logistics/ warehousing ကြောင့် ဟန်မပျက် စီးပွားရေး ဆက်လက်လည်ပတ်နေနိုင်ပါသည်။ Logistics အကြောင်း ရှင်းပြရင်းမှ နိုင်ငံရေး အကြောင်းဘက်သို့ ရောက်သွားသည်အား သည်းခံကြပါကုန်။

ဆိုခဲ့သည့် ဤ Logistics ကုမ္ပဏီ များကလည်း သူ့ဝန်ထမ်းနှင့်သူ ခန့်ထားပြီး သား ဖြစ်ပါသည်။ သို့သော် အလုပ် အလွန်များချိန် အော်ဒါ များ အလွန်များလာချိန်တွင် သူ့ဝန်ထမ်း နှင့် အလုပ်မနိုင်တော့ လျင် ABC logistics ကဲ့သို့ သော လုပ်သား ငှားစားသည့် ကုမ္ပဏီသို့ ဆက်သွယ်ရလေ့ရှိပါသည်။

ထို့ကြောင့် ကျွန်တော်တို့ အနေဖြင့် သူများ မနိုင်သော အလုပ်အား နေ့စားဝန်ထမ်းအဖြစ်သွားရောက်လုပ်ကိုင်ပေးရခြင်း ဖြစ်ပါသည်။ ဤသို့ ကျွန်တော်တို့က နေ့စားဝန်ထမ်း အဖြင့် လုပ်ကိုင်ရလျင် ABC logistics သည် အဘယ်သို့ အကျိုးအမြတ်ရမည်နည်း။ ကျွန်တော်တို့အားလည်း လစာပေးရမည်မဟုတ်လော။

ဤ တွင် စင်္ကပူ ဥပဒေအား မလိမ့်တပတ် လုပ်ခြင်း စလာပါပြီ။ ပထမဆုံး အနေဖြင့် SPass ကဒ် ရပြီး ပထမဆုံးလစာ ထုတ်ပြီးသော အခါ ကျွန်တော်ကျွန်မတို့သည် ABC logistics မှ လစာ အဖြစ် ဒေါ်လာ ၁၈၀၀ အပြည့် ရရှိပါကြောင်း စင်္ကပူ ရှေ့နေထံ တွင် လက်မှတ်ထိုးရပါသည်။

ရှေ့နေက သုံးကြိမ် သုံးခါ မေးသည် ကျွန်တော်တို့ကလည်း သုံးခါစလုံး လစာအပြည့် ရကြောင်း ဝန်ခံရပါသည်။ ထို့နောက် စာချုပ်တွင် လက်မှတ်ထိုးကြပါသည်။ တကယ်တော့ ကျွန်တော်တို့ရသည်မှာ ဒေါ်လာ ၉၀၀ သာ ဖြစ်ပါသည်။

SPass card ကိုင်ထားသူ တယောက်အတွက် စင်္ကပူအစိုးရမှ လစာ သတ်မှတ်ပေးထားသည်မှာ ( ထိုအချိန်က ) ဒေါ်လာ ၁၈၀၀ ဖြစ်ပါသည်။ အကယ်၍ ကျွန်တော်က ရှေ့နေအား လစာ အပြည့်မရပါဟု ပြောလျင် ရှေ့နေကလည်း စာ ချုပ်လက်မှတ်ထိုးပေးမည် မဟုတ်သလို ကျွန်တော်လည်း လစာ ၁၈၀၀ အပြည့် ရပါလိမ့်မည် ထို့အတူ လေယျဉ်လက်မှတ်လည်း ရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ အလုပ်ဖြုတ်လိုက်ပြီ ဖြစ်ပါသည်။

ပြောရမည် ဆိုလျင် ကျွန်တော်တို့ လစာအပြည့် ရကြောင်း သုံးကြိမ် ဝန်ခံပြီး လက်မှတ်ထိုးထားရခြင်း ဖြစ်ကာ နှောင်တွင် ကျွန်တော်လစာ အပြည့်မရကြောင်း တိုင်တန်းပါက ကျွန်တော် အနေဖြင့် လိမ်လည်သူသာ ဖြစ်မည် ဖြစ်ပါသည်။

တကယ်တော့ ထိုစာချုပ်ဟူသော အရာမှာ ကျွန်တော်တို့အား ချုပ်ကိုင်ထားသော အရာသာ ဖြစ်ပါသည်။ ကောင်ပြီ။ လစာ ထက်ဝက်သာ ရသည်။ နောက်တခု စင်္ကပူ အလုပ်သမား ဥပဒေအရ အလုပ်သမားများ၏ အလုပ်ချိန်သည် တနေ့ ရှစ်နာရီ ဖြစ်ပါသည်။ မနက် ၈ နာရီ ညနေ ၅ နာရီ / အချို့ကလည်း မနက် ၈:၃၀ ညနေ ၅:၃၀ ဖြစ်ပါသည်။

စနေနေ့ နေ့တဝက် အလုပ်ဆင်းရပါသည်။ တနေ့ ရှစ်နာရီ အထက် ပိုလုပ်ရသော အလုပ်ချိန်သည် အချိန်ပို OT ဖြစ်ပါသည်။ ဤ OT ကလည်း တနာရီလျင် ၂ ဒေါ်လာ ၄ ဒေါ်လာ ၅ ဒေါ်လာ စသည်ဖြင့် မတူညီသော အလုပ်သမားအလိုက် ခံစားခွင့် ရှိပါသည်။

ဆိုတော့ ABC Logistics သည် ကျွန်တော်တို့အား လစာ တဝက်သာ ပေးသည် ။ ထို့အပြင် ကျွန်တော်တို့၏ အလုပ်ချိန်မှာ ၁၂ နာရီ ဖြစ်ပါသည်။ မနက် ၇ ည ၇ ဖြစ်ပါသည်။ အခြားသူငှာများ ၅ နာရီ ပြန်နေချိန်တွင် ကျွန်တော်တို့က ည ၇ နာရီ အထိ အလုပ်လုပ်ပေးရပါသည်။

သို့သော် ABC logistics က သူအငှားချထားသော Main Company အား ကျွန်တော်တို့ အတွက်သတ်မှတ်ထားသော လစာများအား အပြည့်ရမည် ဖြစ်သလို ကျွန်တော်တို့ အချိန် ပို ဆင်းထားသော OT များကလည်း ABC logistics သာ ရယူသွားပါသည်။ ကျွန်တော်တို့ကတော့ လစာ ဒေါ်လာ ၉၀၀ နှင့် အလုပ်ချိန် ၁၂ နာရီ အပြည့် လုပ်ပေးရမည် ဖြစ်ပါသည်။

စနေနေ့လည်း ၁၂ နာရီပြည့်အောင်လုပ်ပေးရပါသည်။ တနင်္ဂနွေ တရက်သာ နားလျင်နား မနားလျင် OT အပြည့် ဆင်းနိုင်ပါသည်။

ထို့ကြောင့် ဤကဲ့သို့ လူညွန့်ခူးစားသော ABC logistics ကလည်း အလုပ်သမားများအား SPass အလုပ်သမားသာ ခန့်ထားပါသည်။ အဘယ့်ကြောင့် ဆိုသော် SPass ကဒ် ကိုင်ထားသူအတွက် အိမ်ငှားပေးရန် မလိုခြင်း / ဖျားနာလျင် ဆေးကုသပေးရန် မလိုခြင်း ကြောင့် ဖြစ်ပါသည်။

ဤ တွင် မိတ်ဆွေအနေဖြင့် မေးစရာရှိပါသည်။ ဤသို့ ခေါင်းပုံဖြတ်နေသည်အား ငုံ့ခံနေရသလော တိုင်ကြတောကြပါတော့လားဟူ၍။ မထင်ပါနှင့်။ ကျွန်တော်တို့ မြန်မာလူမျိုးများအယောက် ၃၀ ခန့်ရှိသော ဤ ABC logistics တွင် သူဌေးအား ခြေသလုံး ဖက်မတတ်တောင်းပန်ကာ ကျွန်တော့ ညီလေးအား SPass ဖြင့် ခေါ်ပေးပါ ကျွန်မ အစ်မအား Spass ဖြင့် ခေါ်ပေးပါ ကျွန်တော့ အစ်ကို ကားမောင်းတတ်သည် Spass ဖြင့် ခေါ်ယူပေးပါ အစရှိသဖြင့် တောင်းတောင်း ပန်ပန် ဖြင့် သူဌေးအား အပူကပ်နေကြသည်မှာ ကျွန်တော့ မျက်မြင်ပင် ဖြစ်ပါသည်။

ကျွန်တော်ကဤ အကြောင်းအရာအား အဘယ့်ကြောင့် သိနေရသနည်းဆိုသော် ကျွန်​တော့ ထံမှ တဆင့် သူဌေးအား ပြောပေးပါရန် အပူကပ်ကြသော ကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ထိုအချိန်က ကျွန်တော့ အနေဖြင့် အင်္ဂလိပ်စကား လယ်လယ်ဝယ်ဝယ် ပြောနိုင်သည့် အပြင် ပြောရဲဆိုရဲ ရှိသော ကြောင့် ဖြစ်ပါသည်။ ကျွန်တော် အလုပ်လုပ်ရသော ရထူးသည်လည်း Warehouse Supervisor ဖြစ်ပါသည်။ သို့သော် လစာကတော့ ဒေါ်လာ ၉၀၀ သာ ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

21/01/2022 - Friday - 18;13 Pm



0
0
0.000
24 comments
avatar

တက်တာ ကျတာ သူ့အပိုင်းလို့ခဏထားလိုက်မယ်
ရေးစရာရှိတာ ဆက်ရေး ၊ လုပ်စရာရှိတာ ဆက်လုပ်မယ် 💪💪
!lol

0
0
0.000
avatar

Knock knock...
ERROR: Joke failed.

@johndieo, You need more $LOLZ to use this command. The minimum requirement is 16.0 LOLZ.
You can get more $LOLZ on HE.

0
0
0.000
avatar

Hive ပြား ၂၀ ကတည်းက စာရေးလာသူဆိုတော့ နောက်ထပ် ပြား ၂၀ ဖြစ်သွားလည်း ကိစ္စမရှိဘူး။ တက်ချိန်တန်လျင် တက်လာပါလိမ့်မယ်။!LOL

0
0
0.000
avatar

ထိုသို့သောအဖြစ်အပျက်များက နိုင်ငံတိုင်းမှာ ရှိနေမယ်ထင်ပါတယ်

0
0
0.000
avatar

မလေးရှား မှာ ပိုဆိုးတယ်လို့ ကျွန်တော့ အသိတယောက်ပြောပြတယ်။ လစာမရပဲ ထမင်းစား ကျွန်ခံရတဲ့ အဖြစ်မျိုးတွေရှိတယ်တဲ့။ !PIZZA

0
0
0.000
avatar

Steemတုန်းကလည်း ကျမ စာ​ရေးပြီး မကြာဘူး လပိုင်း​လောက်ဘဲ ရှိ​သေးတယ် ​စျေးကျသွားတာ အခုလည်း ​စာ​ရေးတာမှ တလ မပြည့်​​သေး အကျဘက်ဦးတည်​နေပြီ 🤣🤣🤣🤣ကံဇာတာရယ်တစ်ခါ​တော့ အလှည့်​ပေးပါ​နော်😁😁😁

0
0
0.000
avatar

ဟုပါ့ဗျာ... ခုလည်း Hive ဈေးတွေ ထိုးကျကုန်ပြီ... @suhlaing နဲ့ တော့ မဆိုင်ပေမယ့် တိုက်ဆိုင်နေတာရယ်...😀😀😀 !PIZZA

0
0
0.000
avatar

🤣🤣🤣 ​ဟုတ်ပ ကိုဟင်​ရေ😅😅😅

0
0
0.000
avatar

အင်း သူများနိုင်ငံ ခေါင်းပုံဖြတ်ခံပြီး သွားလုပ်နေရတဲ့ဘဝက
လွတ်ကျွတ်ဖို့ နီးလာခဲ့ပြီးမှ။
!PIZZA
!LOL

0
0
0.000
avatar

အင် ...ဘယ်လို ပြောရမလဲ... အရင်ဘဝက သူများ ပစ္စည်း ခိုးခဲ့လို့ ခုဘဝ ကိုယ့် ပစ္စည်း အခိုးခံရတာ ဆိုရင် ... ကိုဟင်လည်း အရင်ဘဝက အတော်လေး ခေါင်းပုံဖြတ်ခဲ့ပုံရပါတယ်။ ချစ်တီးကုလားများ ဖြစ်ခဲ့လေမလား..😁😁😁😁 !LOL

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
callmemaungthan tipped kachinhenry (x1)
kachinhenry tipped suhlaing (x1)
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
@kachinhenry(5/15) tipped @nyimwa (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped callmemaungthan (x1)
kachinhenry tipped ansoe (x1)

Join us in Discord!

0
0
0.000
avatar

Congratulations @kachinhenry! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You made more than 7000 comments.
Your next target is to reach 7500 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from day 20
0
0
0.000
avatar

အတွေ့အကြံ အများကြီး စုံတာပဲ အကို ။ လေးစားပါတယ်ဗျ။ !PIZZA !LOLZ

0
0
0.000
avatar

ဒီလိုပဲပေါ့ညီ... အဲအချိန်တုန်းကတော့ Hive အတွက် ရေးစရာတွေ ရလိမ့်မယ်လို ထင်မထားခဲ့ဘူး။ !PIZZA

0
0
0.000
avatar

အော်...SPass က အတော်အသုံးဝင်တယ်ဆိုတာ ကြားဖူးတာပဲရှိတာ အဲသလို လူလည်ကျတဲ့ နေရာမျိုးတွေတော့ အခုဖတ်လိုက်မှပဲ သိရပါတယ်။ဗဟုသုတ တိုးပါတယ်အစ်ကိုရေ...!PIZZA

0
0
0.000
avatar

ပြောရမယ်ဆိုရင်တော့ ကိုယ်တွေကလည်း SPass လိုချင် လို့ တမင်ကို ခေါင်းပုံ ဖြတ်ခံခဲ့သလို အချို့ကြတော့လည်း ခေါင်းပုံဖြတ်တယ်လို့ မမြင်ကြဘူးဗျ။ !PIZZA

0
0
0.000
avatar

အကိုဟင်ပိုစ်တွေ ဖတ်လိုက်ရရင် ဗဟုသုတကို စုံသွားတာပဲ။ စက်ာပူမှာ အလုပ်လုပ်တဲ့ အတွေ့အကြုံတွေက လေ့လာမှတ်သားစရာတွေကြည့်ပါပဲ။ !PIZZA

0
0
0.000
avatar

အဲအချိန်တုန်းကတော့ Hive အတွက် ရေးစရာတွေ ရလိမ့်မယ်လို ထင်မထားခဲ့ဘူး။ စာရေးစရာကုန်ကြမ်းတွေပေါ့။ !PIZZA

0
0
0.000
avatar

logistics ဆိုတဲ့ စကားလုံးကို ကြားဖူးနေတာကြာပါပြီ။ သူ့လုပ်ငန်းသဘာဝက စကြားကြားချင်း အံ့ဩမိတဲ့ အပြင် နားကိုမလည်နိုင်ဘူး။ ခု ကိုဟင့်စာကို ဖတ်တော့မှ သဘောပေါက်တော့တယ်။ အဲ့လုပ်ငန်း မြစ်ငယ်မှာရှိတယ်။ အသိဆရာတစ်ယောက်က အဲ့ကုမ္ပဏီမှာ အလုပ်လုပ်တာ။ ကြားရတာ တော်တော်ကျယ်ပြန့်တယ်။ ဆက်လက်အားပေးနေပါတယ်။

0
0
0.000