တခါက Facebook

avatar
(Edited)

ခေတ်ကာလ ကောင်းစဉ်က
Facebook ပေါ် ပုံတင်ဖို့ လူတွေ
ခရီးတွေထွက် ဓာတ်ပုံတွေရိုက်ကြသည်။
ဘယ်နေရာမှာ ဘာဟေ့ဆို တစ်ဦးနဲ့
တစ်ဦး ဦးအောင် အပြိုင်သွားကြသည်။
ဘယ်ဒေသ ဘယ်နေရာမှာဖြင့် ဘယ်ရှုခင်းက
ဘယ်လိုလှတာ ဆိုပြီး ဖုန်းများဖြင့်
အပြိုင် အဆိုင် မှတ်တမ်းတင်ကာ
Facebook တင်ကြသည်။

6ir6td5re7.jpg

စီးပွားရေးသမားတို့အတွက် စားကျက်ကြီး
ဖြစ်နေသည်။ မန္တလေးအရှေ့ဖက်တွင်
ဒုဌဝတီမြစ်ကိုအခြေပြု၍ အပန်းဖြေ
စခန်းများခေတ်စားခဲ့သည်။
အမည်မျိုးစုံဖြင့် လုပ်စားကြသည်။
ထိုအခါက ကိုယ်တွေလည်း
ခေတ်နောက်ကျမည်စိုး၍ သွားခဲ့သည်။
ထိုနေရာများကို သဘောမကျပါ။
သဘာဝကို လူတွေပြုပြင်ကာ
စီးပွားရေးစားချက် ပြုလုပ်ထားသည်။

Facebook မှာ ဘယ်နေရာ ဘယ်ဒေသ
က ရှုခင်းလှပသည့်အကြောင်း ဓာတ်ပုံများဖြင့်
ဝေဝေဆာဆာလှလှပပ ရိုက်တင်ကြသည်။
မိမိတို့ ဒေသကို လူအများစိတ်ဝင်စားအောင်
အပြိုင်အဆိုင်ပုံတင်ပြီး ဖိတ်ခေါ်ကာ
လူများလာရန် မဲဆွယ်ကြသည်။
တခါက ရှိမ္မကာဆိုသည့်ရွာရှိ ဘုန်းကြီး
ကျောင်းကြီး၏ ကျယ်ဝန်းမှု၊ ရှေးမူလက်ရာများ
ရှိပြီး၊ လှပသည့်ရှုခင်းများကို ရိုက်ပြထားသည်။

5dz5w7sm3c.jpg

အဆိုပါ ရှိမ္မကာ မှာ စစ်ကိုင်း ကောင်းမှုတော်
မရောက်မှီ လမ်းသွယ်မှ ချိုး၍သွားရသည်။
ထိုလမ်းမှ အတော်လေးသွားရသည်။
တနာရီခွဲ နှစ်နာရီခန့် ကားစီးရသည်။
Facebook မှာ သူရို့ ဓာတ်ပုံရိုက်တင်ပြ
ထားသည့်က မိုးရာသီ လှပသည့်ရှုခင်းများ
ဖြစ်သည်။ ကိုယ်တွေသွားသည်က
ပူအိုက် ခြောက်သွေ့လှသည် ‌နွေရာသီ
အချိန်ဖြစ်သည်။

rdatw1p72x.jpg

20190320_123431.jpg

မိုးရာသီဆိုပါရင်ဖြင့် ဓာတ်ပုံများက
အတော်လှပေမည်။ ယခု နွေရာသီဆိုတော့
ကြည့်ပါလေ မိတ်ဆွေ။ ကျုပ်ရဲ့ ဓာတ်ပုံမော်ဒယ်
@nweoomon က ပတ်ဝန်းကျင် စိမ်းစိုအောင်
အစိမ်းရောင်ဝတ်လာလို့ တော်ပေသေးပ။

@htwegyi
25-12-2021



0
0
0.000
14 comments
avatar

မိုးရာသီ ထပ်သွားရမယ်ထင်တယ်
By the way Model အသားပေးရိုက်လိုက်လို့ ပတ်ဝန်းကျင်လေး လန်းသွားလို့တော်သေးတယ် 😀😀😀

0
0
0.000
avatar

ဟုတ်သပ မော်ဒန် ကယ်ပေလို့ နွေရာသီမှာ စိမ်းစိုသွားတယ်။

0
0
0.000
avatar

တော်သေး။ မော်ဒယ်ကြောင့်လှသွားလို့ 😁😁

0
0
0.000
avatar

ပုံရိုက်ဖို့ ခရီး မထွက်ရတာ ကြာပါ့
!PIZZA

0
0
0.000
avatar

ဟုတ်သပ ဟိုက်ဈေးတက် တိုင်းပြည်အေးချမ်းရင်ဖြင့်
ခရီးထွက်ချင်သေး။

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped htwegyi (x1)
@kachinhenry(11/12) tipped @htwegyi (x1)

Join us in Discord!

0
0
0.000
avatar

အဲမန္တလေး ချောင်းသာက ငါးမျှားလို့ ရသလား..? !PIZZA. !LOL

0
0
0.000
avatar

ရမယ်ထင်တာပဲ ဒုဌဝတီမြစ်ကြီးပဲဟာ။

0
0
0.000
avatar

တော်သေးတယ် အညိုရောင်သာ ဝတ်ထားရင် ရှိမ္မကားရောက် မယ်ပုတ်သင်ဖြစ်ပေရော့မယ်။

0
0
0.000
avatar
(Edited)

ယောဂီတော့ လုပ်လိုက် တော်ကြာ မော်ဒယ်က စနေသမီးနော့။

0
0
0.000
avatar

ဒီမော်ဒယ်လေး မြင်ဖူးပါတယ် !PIZZA

0
0
0.000
avatar

ရွာလယ် မစွာကျယ် ဆိုလား 😁

0
0
0.000
avatar

ဟုတ်ပ နွေရာသီဆိုတော့ အပင်တွေက ခြောက်နေပြီ။@nweoomon ကြောင့် ဓာတ်ပုံက အဆင်ပြေသွားတာ...!PIZZA

0
0
0.000