တစ်ရာ့ကိုး တစ်ရာ့တဆယ်ဘဝ

avatar

img_0.7621092795142147.jpg

တူမ က အလုပ်တခု ရဖို့ အင်တာနက်မှ
လိုက်ရှာသည်။ ယခုအခါ အိမ်နှင့်နီးသည့်
အလုပ်ကိုရှာသည်။ လစာငွေ အသင့်အတင့်
ဆိုတော်ပြီ။ သူ့ဘွဲနှင့် ဆိုင်ဆိုင် မဆိုင်ဆိုင်
အလုပ်ရရင် စိတ်ငြိမ်သည်ဟုပြောသည်။

ယခင်ကတော့ ဘာအလုပ်မှ ညာအလုပ်မှ
လစာကောင်းမှ အစရှိသဖြင့် အလုပ်ချေး
များခဲ့သည်။ ယခုတော့ အချိန်အခါအရ
ဖုန်းဘေလ်နှင့် သူ့မုန့်ဖိုးရရင် အလုပ်လုပ်
မည်ဆိုပြီး အလုပ်ရှာပါတော့သည်။

မိတ်ဆွေတဦး၏ မူကြိုမှာ ဆရာမဝင်လုပ်ရသည်။
လစာက ဘယ်လောက်ရမည်မသိ နေ့စားနှင့်
ပေးမည်ဟုပြောသည်။ ဝိုင်ဖိုင်ကုမ္ပဏီတခု
တွင် အလုပ်လျှောက်ထားသည်။ ထိုအလုပ်မရမှီ
မူကြိုဆရာမ ခဏ ဝင်လုပ်သည်။

မူကြို ကလေးတွေကို ကလေးဆိုပြီး
သွားမစမ်းလေနဲ့ အံမယ်လေး သူတို့က
ဆရာကြီးတွေ သူတို့ဆီက ကိုယ်တွေက
ပြန်သင်ယူရတယ်။ တူမဖြစ်သူက
ပထမဦးဆုံး သူ၏ မူကြိုဆရာမ အတွေ့အကြုံကို
ပြောပြသည်။

ကလေးများက ကိုယ့်ထမင်းဗူးနဲ့ကိုယ် စားကြသည်။
ကလေးအချင်းချင်း အကြီးက အငယ်ကို
ထိန်းသိမ်းသွားသည်။ တဦးက ဆရာမ ဆိုပါရင်
နောက်တဦးက ဆရာမ ဆိုပြီး အပြိုင်အဆိုင်
ခေါ်ကြသည်။ မေးကြသည်။ ပါးစပ်တော့
အတော်ညောင်းသည်ဟုပြောသည်။

img_0.46183935522891134.jpg

နို့မို့ တူမသည် အလုပ်မရှိပါက ဖုန်းကြည့်လိုက်
စားလိုက် အိပ်လိုက်ဖြင့် ဝိတ်တိုးပေသည်။
ယခုတော့ နံနက်စောစောထရသည်။
ထမင်းချိုင့်နှင့် ဆိုင်ကယ်စီး၍ ရှစ်နာရီခွဲ
အရောက် မူကြိုသွားရသည်။ လေးနာရီ
အိမ်ပြန်ရသည်။ မည်သို့ဆိုစေ သူ့အသုံး
စရိတ်တော့ရပေသည်။ ကိုယ်တွေလည်း
အသုံးစရိတ်လေးရအောင် စာရေးအုံးမှ။
Hive ရေ ဈေးလေးတက်လိုက်စမ်းပါအုံး
ဟ ။

@htwegyi
16-5-2022



0
0
0.000
8 comments
avatar

ကဲ ရော့ နေ့စားခ ဗျာ။
!LOL

0
0
0.000
avatar

ဝိုး ပေးချက်

0
0
0.000
avatar

ဘ​ထွေး​ခေါ်လို့ ​စျေးတက်လာ​တော့မယ်😊!LOLZ

0
0
0.000