စိမ်းဝါနီ သရက်ဖူး

avatar

img_0.7621092795142147.jpg

ဆောင်းရာသီ နှောင်းပေတော့မည်။
ဆောင်းကုန် နွေကူးရန် ပင်ယံထက်
ရော်ရွက်တို့က ကြွေချင့်ချင့်။ နွေ အလွင့်
လား လေ အလွင့်မှာ သရက်ရွက်တို့က
ရွက်ဝါ အချို့ကကြွေ၊ ရွက်စိမ်းတို့ကဝေနေဆဲ။
သရက်ဖူးတို့က နွေနေအပူကို ငံ့လင့်နေကြသည်။
ပူပြင်းမည့်နေမှာ အပြိုင်ဖူးကာ ကင်းသီး
ကြပေတော့မည်။

ပြာသိုမှာ ခွါညိုကို မမြင်ရပေမင့် သရက်ဖူးက
တော့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်မဝနိုင်ခဲ့ပေ။
သရက်ဖူးများက စိမ်းရာမှ ဝါ၊ ဝါရာမှ နီ၊ နီရာမှ ကြွေကာ
သီးကင်းလေးများ ထွက်စပြူးနေသည်။
ယခုနှစ်က သရက်ကင်းသီးဖို့နောက်ကျသည်ဟု
ပြောကြသည်။ ယခင်နှစ်များက ပြာသိုမှာ
သရက်သီးကင်းလေးများ သီးနေပေသည်။

img_0.4120164626862011.jpg

သရက်က အပူကြိုက်သည်။ ပူလို့ကတော့
ကြိုက်သလောက်ပူ၊ ပူလေ သီးလေ
သရက်သီးက ချိုလေဖြစ်သည်။
သရက်ဖူးများကို အချို့က အဖူးကိုပင်
တို့စားကြသည်။ မွှေးသည်ဟုပြောသည်။
ထိုကြောင့် သရက်ပင်မှ သရက်ဖူး
တခက်ချိုး၍ တို့စားကြည့်မိသည်။
ဖန်တွတွ၊ ခါးသက်သက်သိပ်မကြိုက်လှပါ။
သရက်ကင်းအနံ့တော့မွှေးသည်။

သရက်သီး အကင်းလေးများကိုတော့
ကြိုက်ပါသည်။ သရက်ကင်းလေးများကို
ငံပြာရည်ချက်ဖြင့် တို့စားပါ အလွန်ကောင်းသည်။
ခရမ်းချဉ်သီးချက်ဖြင့် စားပါကလည်း
အင်မတန် ကောင်းသည်။ ကျွန်တော့်က
ငပိရည်ကို ငံပြာရည်ချက်လောက်
မကြိုက်ပါ။

img_0.9662209604146367.jpg

မကြာမှီ သရက်ကင်းတို့နဲ့အတူ နွေဦး
ရာသီရောက်ချေတော့မည်။ မြောက်ပြန်
ဆောင်းလေနှုက်ဆက်ချိန်မှာ သရက်ဖူး
အချို့က လေအနှော့မှာ အကြွေစောကြသည်။
သရက်ဖူး တခက်မှ အညှာ ဆယ်ခုခန့်ရှိသည်။
ထိုအညှာများမှ သရက်သီး မည်မျှသီးမည်။
အကင်းမည်မျှ ကျန်မည်။ မှည့်ချိန်ထိ
မည်မျှ ကျန်မည်ကို မသိနိုင်ပါ။
အချိန်တန်ပါရင်ဖြင့် သရက်သီးများ
စားရပါအုံးမည်။

@htwegyi
20-1-2022



0
0
0.000
13 comments
avatar

သရက်သီးတွေ ဈေးထဲမှာ ပေါလှပြီ ဝယိစားတော့လေ 😀

0
0
0.000
avatar

မစားသေး ကိုယ့်အပင်ကသီးမှ စားမည်။

0
0
0.000
avatar

ငါးပိရည်နဲ့တို့စားလိုက်ရရင်ဖြင့်

0
0
0.000
avatar

ကြွပ်ကြွပ်နဲ့ပါလေ

0
0
0.000
avatar

သရက်သီးကင်းစားချင်တယ်။ မြေပဲယိုနဲ့ နှမ်းပျစ်စားချင်ရင် အိမ်လာခဲ့။

0
0
0.000
avatar

အေးပါ အားတဲ့တနေ့ပ အဆင်ပြေမည့်နေ့ပ။

0
0
0.000
avatar

သရက်ဖူး​လေး​တွေကို တချို့အညာဘက်​တွေမှာ ဆားစိမ်ပြီး အတို့အမြုပ်လုပ်တာ ​တွေ့ဖူးတယ် ဘ​ထွေး

0
0
0.000
avatar

ဟုတ်သလား တွေ့ဖူးသေးဘူး။

0
0
0.000
avatar

ရှလူးရှလဲနဲ့ စားရမယ့် သရက်ဖူး သရက်ကင်း
!PIZZA

0
0
0.000
avatar

အသံမြည်းအောင် ဆွဲမယ်ပ။

0
0
0.000
avatar

သရက်တောင် နောက်တကြိမ် သီးတော့မယ်... တနှစ်ပြည့်တော့မယ်ပေါ့...!PIZZA

0
0
0.000
avatar

ဟုတ်ပါ့ဗျာ

0
0
0.000
avatar
(Edited)

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(9/15) tipped @htwegyi (x1)
golden.future tipped htwegyi (x1)

Join us in Discord!

0
0
0.000