လွဲတဲ့အခါလည်း လွဲမပေါ့
Bybit SpaceS ကနေ ရထားသည့် USDT လေးတွေကို ထုတ်ကြည့် ချင်လာမိ၏။ သိပ်အများကြီး မဟုတ်ပါဘူး။ 3 USDT လောက်လေးရယ်ပါ။ Web 3 wallet ဆိုတော့ ထုတ်ဖို့ fee ဘာညာ လို၏။ ဝင် စစ်ကြည့်မိတော့ eth တဲ့။ 0.0000**** လောက်သာ။ USDT အပြင် တခြား tokens လေးတွေပါ ရှိသေး၏။ ဆိုတော့ကာ total fee အနေဖြင့် 0.000***** eth လောက် လိုမည် ဖြစ်၏။
Hive keychain app ကနေတဆင့် Tribledex မှာ swap.eth ပြောင်းပြီး ထုတ်မယ်ပေါ့။ သူက amount နည်းနည်းလေးပဲ လိုတာကိုး။ ပြီး Tribledex က ပမာဏ နည်းနည်းလေးတွေ အတွက်လည်း အဆင်ပြေပါ၏။ တွက်ချက်ကြည့်ပြီး အပြင်ကနေ hive သက်သက် မထည့်နေတော့ဘဲ ကိုယ့် wallet ထဲမှာ ရှိနေသည့် token တမျိုးကိုသာ hive ပြောင်းပြီး hive ကနေမှ eth ပြန်ပြောင်းလိုက်၏။ Double trade ပေါ့။ အဲလယ်။
Withdrawal မှာ eth ရွေးပြီး လက်ခံမယ့် wallet address ထည့်ကာ လွှဲလိုက်၏။ Amount နည်းနည်း အရင် စမ်းလွှဲကြည့်၏ နည်းနည်းထဲမှာကိုမှ နည်းနည်း အရင်လွှဲကြည့်ခြင်း ဖြစ်၏။ ဒီနေရာမှာ ကိုယ့်ကိုလည်း ရယ်ချင်မိပါရဲ့။ အမှန်တော့ စိတ်ဆိုးရမှာပါလေ။ ပေါ့လျော့ဦး ဆိုပြီး။ ဒါပေမယ့် amount က နည်းနေလို့ ကိုယ့်ကိုတော့ သိပ် မဆူဖြစ်တော့ပေ။ ဘာလွဲတာလည်း ဆိုတော့ network ဖြစ်၏။
Crypto transfer (withdrawal) လုပ်သည့်နေရာမှာ network က အရေးကြီးလှ၏။ မသိလို့ဆို တော်သေး၊ ခုက သိသိကြီးနဲ့မလို့ပါ။ ကျနော်ထုတ်ချင်သည့် USDT က Arbitrum One network ဖြစ်၏။ ပြီး အခြား token ANIME ကလည်း အဆိုပါ Network ပဲ ဖြစ်၏။ Hive ၏ Tribledex မှာက eth network နဲ့ ERC 20 network သာပါ၏။ ကျနော်က eth network နဲ့ လွှဲလိုက်ခြင်း ဖြစ်၏။ ဆိုတော့ကာ မရောက်သွားဘူးပေါ့။ တခြား ရောက်သွားခဲ့လေ၏။
သို့နှင့် Binance ဆီပဲ ပြန်သွားကြည့်ရတော့၏။ အမှန်တော့ စကတည်းက Binance နဲ့ စမ်းကြည့်မို့ပါပဲ။ မနေ့က အသိညီလေးကို သူ့ရဲ့ Bybit Web 3 wallet ထဲက tokens တွေ ထုတ်ပေးတုန်းက SOL token လို၏။ network က solana ဖြစ်၏။ SOL minimum withdrawal က တန်ဖိုးအားဖြင့် များ၏။ 5$ လောက်ရှိ၏။ သူထုတ်မှာက 5$ လောက်ဆိုတော့ ထိုနည်းလမ်းက အဆင်မပြေပေ။ နောက်တော့ သူငယ်ချင်း တယောက်နား လိုနေသည့် SOL လေး လွှဲပေးဖို့ အကူအညီတောင်းပြီး လုပ်လိုက်မှ အဆင်ပြေသွားခဲ့၏။
ထိုသို့ ကြုံထားတော့ eth ကို သွား မစစ်ကြည့်မိခြင်း ဖြစ်၏။ ခု သွားကြည့်မိတော့ eth minimum withdrawal က SOL လောက် တန်ဖိုး မများနေပေ။ ကတောက် အဲ့လိုမှန်း သိရင် Binance မှာပဲ စောစော လာစမ်းကြည့်ပါတယ်။ Binance မှာပဲ USDT ကနေ eth ချိန်းပြီး Web 3 wallet ကို ပို့လိုက်၏။ ကိုယ်ထုတ်ချင်တဲ့ဟာလေးတွေ ထုတ်ပြီးနောက် ပိုနေသေးသည့် eth တွေကိုပါ Binance ဆီသို့ ပြန်ထုတ်ယူလိုက်၏။ ကဲ အဆင်ပြေသွားရော။ တခါတလေကျတော့လည်း ပညာရှိ သတိဖြစ်ခဲပေါ့။
ကျွန်တော်မှာ Binance P2P ကနေ ငွေမထုတ်တတ်သေးဘူးဗျာ။ ထုတ်တဲ့အခါ အမှားဖြစ်ရင်
ပြဿနာရှိတယ်ဆိုလို့။
!LOLZ
!MEME
lolztoken.com
Betray'all!
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
ပမာဏသိပ်မများတော့ သတိလွတ်သွားတာမျိုးပေါ့
!LOLZ
!MEME
Credit: rickonthemoun10
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
A courant bush.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of uthantzin
(2/10)
ပိုက်ဆံတေ ထုတ်နေပြီပဲ...Good!
!LUV. !MEME
@donjaun, @chanmin(4/4) sent you LUV. | tools | discord | community | HiveWiki | <>< daily
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!