Rising Starဖြင့် တ​နေ့တာ

avatar
(Edited)

ဒီနေ့​တော့ မတ်မတ်စု တစ်​ယောက် စာလည်းမ​ရေးနိုင်။ သွားလည်းသည်စိတ် စားလည်း သည်စိတ်ဖြစ်​နေသည်။ ဟို​မေး သည်​မေးနှင့် သူ့အ​ကြောင်းကို ပို၍ သိချင်ပြီးရင်း သိချငိမိ​တော့သည်။ သူဆိုသည်က Rising Star ဂိမ်းပင်ဖြစ်​တော့သည်။ မ​နေ့က ကိုဟင်၏ အကြံ​ပေးချက်အရ Hive Myanmarမှ ဂိမ်းဆရာကြီးများထံ ​မေးရ မြန်းရသည်။ မတ်မတ်စု ​မေးမြန်းသမျှ စိတ်ရှည်သည်းခံ ​​ဖြေကြား​ပေး​သော @Donjuanနှင် @myanmar ko koတို့ကိုလည်း ​ကျေးဇူးအထူးတင်ပါသည်။

ဂိမ်းနှင့်ပတ်သက်လျှင် အ​တော်​ဝေး​သော မတ်မတ်စုအား ကကြီး ခ​ခွေးမှ စ၍ စိတ်ရှည်စွာ ရှင်းပြ​ပေးကျသည်။ တဆင့်ချင်း တဆင့်ချင်း အဆင်​ပြေလားဟု စိတ်ပူစွာ​မေးတက်ကျသည်။ မတ်မတ်စုမှာလည်း ဆရာ​ကောင်းများ​ကြောင့် ဂိမ်း အ​​ကောင့်ထဲ ဝင်တက်သွားသလို ဂိမ်းလည်း စတင်​ဆော့တက်လာပါပြီ။ Blockchain ဘာသာရပ်သည် ကျယ်ဝန်းလှသည်ကို ​တွေ့မြင်ရပါသည်။ ​လေ့လာ၍လည်း ကုန်မည်မထင်ပါ။ Hive Platformကြီးသည်လည်း ကျယ်ပြန့်လှပါ၏။

img_0.6428868070454667.jpg

ကိုယ် အားသန်ရာ အားသန်ရာ ​မောင်းနှင် ​နေကျရင်း ​ငွေတို​ငွေစ​လေးများကို ရှာ​ဖွေ​နေကျသည်။ ဥပမာဆိုရ​သော် Hive platformကြီးသည် မိုင်းတွင်းကြီးတစ်တွင်းနှင့် အလားတူပင်ဖြစ်သည်။ ထို မိုင်းတွင်းထဲတွင် ​ပေါက်ပြားဖြင့် စိန်တူးသူလည်းရှိမည်။ ဓါးတစ်​ချောင်းဖြင့် ​ရွှေစရှာသူလည်း ရှိမည်။ တူတစ်လက်ဖြင့် ​ကျောက်ရှာသူလည်း ရှိမည်။ ကိုယ်သန်ရာ သန်ရာ လက်နက်များဖြင့် အဖိုးတန်ရတနာများကို ရှာ​ဖွေ​နေသကဲ့သို့ပင်။ တစ်ချို့လည်း စာ​ရေးခြင်းဖြင့် တစ်ချို့လည်း ဂိမ်းကစားခြင်းဖြင့် တစ်ချို့လည်း ကွိုင်စုခြင်းဖြင့် ကျင်လည်​နေကျ​လေသည်။

မတ်မတ်စု တစ်​ယောက်သည်လည်း Steem platformမှ စတင်၍ စာ​ရေးသားခြင်းတစ်မျိုးထဲဖြင့်သာ Steem powerများအားရှာ​ဖွေစု​ဆောင်းခဲ့​လေသည်။ ယခု Hive platformတွင်လည်း စာ​ရေးခြင်းဖြင့်သာ Hive powerများဆက်လက် စု​ဆောင်းဖြစ်ပါသည်။ ယခုလိုကာလတွင် မတ်မတ်စု၌ အချိန်များ အ​တော်ပိုရှန်​နေရာ ဂိမ်းဘက်သို့ အနည်းငယ် စိတ်ဝင်စားလာပါသည်။ အနည်းငယ် ကစားကြည့်မည်ဟု ဆုံးဖြတ်သည့်အတိုင်း ​လေ့လာမိပါသည်။ ထို့​​ကြောင့် မသိနားမလည်သည်များကို တက်သိနားလည်သူများက သင်ကြား​ပေးကျပါ​စေကုန်....😁😁😁



0
0
0.000
7 comments
avatar

ဆရာမကြီး မစုလှိုင် ... post က ၂ ခုဖြစ်နေတယ် တခု ကို Decline Payout လုပ်လိုက်ပါအုံး... ပြီးတော့ စာပိုဒ် လေးတွေခွဲပေးပါလို့ ... အပြွတ်လိုက်ကြီးဆို ဖတ်ရတာ အဆင်မပြေဘူးရယ်။ 😁😀😃

0
0
0.000
avatar

😆😆😆လိုင်းကမ​ကောင်းလို့ ကိုဟင် မတက်​သေးဘူးထင်လို့ ​နောက်တစ်ခါနှိပ်ချလိုက်တာ

0
0
0.000
avatar

ဟုတ်တယ် ကိုဟင်ပြောတဲ့အတိုင်းပ။
!LOL

0
0
0.000
avatar

ဟုတ်ပ ဘ​ထွေးရယ် 😁😁😁

0
0
0.000
avatar

မဆော့တတ်ဘူးလေ။ ဒီက ဒုံးဝေး ပတ်မဝေးဆိုတော့ ဘေးကနေလာထိုင်သင်ပေးမှ တတ်မယ့်အမျိုးဆိုတော့ အဲ့ဂိမ်းဘက်ကို ခြေဦးမလှည့်ရဲဘူး။

0
0
0.000
avatar

အတူတူပဲ အမ​ရေ ကျမလည်း ​ဝေးတယ် သင်​ပေးတဲ့သူ​တွေ စိတ်ရှည်လို့ရယ်

0
0
0.000