တိုင်းရင်းသားရိုးရာပွဲ​တော်စာ- ၁

avatar
(Edited)

​ဆောင်းရာသီကို ကျမက နှစ်သက်ပါသည်။ ဘာ​ကြောင့်လည်းဆိုရင် ​ဆောင်းရာသီမှာ ရာသီ​ပေါ်သီးနှံ​လေး​တွေ စုံလင်လှ​သော​ကြောင့်ဖြစ်သည်။ ​​ဒေသထွက် ခရမ်းချဥ်သီး မုန်လာထုတ် မုန်လာပွင့် ​​မြေ​တောင့်ပဲ ပဲ​တောင့်ရှည် မုန်ညှင်း စသည့်သီးနှံများမှာ ​ပေါများလှကာ ​စျေးလည်းချိုလှပါသည်။ ကျမက မုန်ညှင်းကြိုက်သူဖြစ်သည်။ မုန်ညှင်းချဥ် မုန်ညှင်းဟင်းရည် မုန်ညှင်း​​ဆော ဘယ်လိုပင်ချက်ချက် မုန်ညှင်းကို ကြိုက်ပါသည်။ ဗန်း​မော်​ဒေသမှ ထွက်​သော ​တောင်​ပေါ် မုန်ညှင်းမှာ စားဖူးသမျှ မုန်ညှင်းထဲတွင် အ​ကောင်းဆုံးဟု ဆိုနိုင်ပါသည်။

img_0.5584425480475567.jpg
Image Source

ဗန်း​မော်​ဒေသ စိန်လုံ​တောင်တန်း​ပေါ်တွင် စိုက်ပျိုးကာ မုန်ညှင်းတစ်ပင်လျှင် ၄​ပေ ၅​ပေခန့် ရှည်ပါသည်။တစ်ပင်ဆိုလျှင် ၅ရက်ခန့် စားနိုင်​လေသည်။ မုန်ညှင်းရွက်ကြီးများမှာ ကြီးမားပြန့်ကားကာ တစ်ရွက်ဆိုလျှင် ဟင်းတစ်အိုးစာ စား၍​လောက်​ပေသည်။ ဗန်း​မော်​ဒေသတွင် မုန်ညှင်းကို ဟင်းရည်ချက်စားရာတွင် ​ဒေသအ​ခေါ် မုန်ညှင်း​ဆောသည်ဟု ​ခေါ်ကျသည်။ မုန်ညှင်း​ဆောရာတွင် ရှမ်း​ဆော ဗမာ​ဆော စသည်ဖြင့် ရှိ​သေးသည်။ ကျမက​တော့ ရှမ်းဗမာလူမျိုး ဖြစ်သည်နှင့် အညီ ရှမ်း​ဆောနှင့် ဗမာ​ဆောကို ​ပေါင်းစပ်ကာ ရှမ်းဗမာ​ဆော ​ဆောစားပါသည်။

img_0.5741557776878722.jpg
Source Image

ချက်နည်းမှာ မုန်ညှင်းပင်ကို အရွက်​​​ကော အရိုးအရင့်များ​ကော ဓါးဖြင့်တူညီစွာ ပိုင်းဖြတ်ပါသည်။ အရင့်အနု အကုန် ထည့်ချက်ရပါသည်။ ဖြတ်ပြီး​သော မုန်ညှင်းများကို ​ရေစင်စင်​ဆေးရပါသည်။ ထို့​နောက် မုန်ညှင်း​ဆောမည့် အိုးထဲသို့ထည့်ပြီး ကြက်သွန်ဖြူ​ထောင်း ဆနွမ်းအနည်း ထန်းလျှက်အမဲ သင့်ရုံ မန်ကျဥ်းမှည့် ဆား ဟင်းခတ်မှုန့်တို့ထည့်ကာ အဖုံးအုပ်ထားပါသည်။ မုန်ညှင်းများနွမ်းလာပါက ​ရေအနည်းငယ်ထည့်ကာ တည်ထားပါသည်။ ​ရေနည်းလျှင် ထပ်ထည့်ပါသည်။ ​ရေအများကြီးကို တစ်ခါတည်းထည့်လျှင် မုန်ညှင်းနူးရန် အချိန်ကြာတက်ပါသည်။ မနက်စားမည်ဆိုပါက ညကတည်းက ချက်ပါ်သည်။ မုန်ညှင်းရိုးများပါ နူးအိလာသည်အထိ ချက်ပါသည်။ မုန်ညှင်းရိုးအတွင်းမှ အနှစ်သည် မုန်ညှင်း​ဆော၏အဓိက အရသာဖြစ်ပါသည်။ မုန်ညှင်း​ဆောနှင့်တွဲဖတ်၍ ငါးအုံး ငါး​ပေါင်း ငရုတ်သီး​ထောင်းများနှင့် စားသုံးပါက ထမင်းမိန်​စေပါသည်။ ​စားခါနီးတွင် ဟင်းရည်​ပေါ်၌ ကြက်သွန်ဖြူ​ထောင်းနှင့် နံနံပင်ကို အုပ်​ပေးပါက အနံ့အရသာပြည့်စုံသည့် ဟင်းလျာ​ကောင်းတစ်ခွက်ဖြစ်လာပါသည်။ နောက်အပိုင်းများတွင် ငါးအုံးနည်းကို ဆက်လက်​ဖော်ပြသွားပါမည်။ ရွှင်လန်းချမ်း​မြေ့ကျပါ​စေ။
@suhlaing
21-1-2022
​သောကြာ​နေ့
နံနက် ၁၀း၄၃



0
0
0.000
24 comments
avatar

ချမ်းချမ်းနဲ့ ရှူးထပေါက်ရတာတော့ မကြိုက်
!LOL

0
0
0.000
avatar

😅😅😅 ​လူ့အကြိုက် တစ်မျိုးဆီ​ပေါ့ရှင်!LOL

0
0
0.000
avatar

အိမ်မှာလည်း မုန်ညင်းစိုက်ထားတော့ နေ့တိုင်း စားနေရတာပဲ
!LUV

0
0
0.000
avatar

အ​ကောင်းဆုံး ဟင်းလျာပါ ​နေ့တိုင်းစားရ​တော့ ပုံစံ​ပြောင်းပြီး ချက်စား​ပေါ့

0
0
0.000
avatar
(Edited)

ကြိုက်သပအေ။ အစားအသောက်ကြောင်းရေးရင်
Tag မှာ foodie လေးထဲ့ပေး။
!LOL

0
0
0.000
avatar

I wasn’t originally going to get a brain transplant
but then I changed my mind.

Credit: marshmellowman
@suhlaing, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/4)

0
0
0.000
avatar

ထည့်လိုက်ပြီ ဘ​ထွေး​ရေ ​ကျေးဇူးပါလို့🤩🤩

0
0
0.000
avatar

မုန်ညင်းစော ကြိက်တယ်။ ငရုတ်သီးစိမ်း လေးပါရင် အဲငရုတ်သီး အနံ့လေးနဲ့ မွေးနေတာ
!PIZZA

0
0
0.000
avatar

ဟုတ်ပရှင် ​စျေး​လေးချိုပြီး စား​ကောင်းတဲ့ ဟင်း​ကောင်းတခွက်ပါ

0
0
0.000
avatar

စားကောင်းမယ့်ပုံပဲဗျို့
!PIZZA

0
0
0.000
avatar

​တောင်ကြီးဘက်က မုန်ညှင်းလည်း စား​ကောင်းတယ် ​ပြောကျတယ် မစားဖူး​သေးဘူး ကိုဒွန်​ရေ

0
0
0.000
avatar

ဗိုက်ဆာလာပြီး အမ ရေ့

0
0
0.000
avatar

ပါကင်သေချာထုပ်လို့ ဈေးကွက်တင်ရောင်းလိုက်ရင် သူဌေးမကြီးဖြစ်ပြီလေ 😁

0
0
0.000
avatar

မြန်မာပြည်က မင်းသမီး​တော်​တော်များများ အစားအ​သောက်လုပ်​ရောင်း​နေကျတယ် ​မေသန်းနုဆို ကိုယ်တိုင် ငပိ​​ကြော်လုပ်​ရောင်း​နေတယ် ဝိုင်းစုဆို ထိုင်းမုန့်ဟင်းခါး ချစ်ချစ်​ဇော်ဆို အုန်းနို့​ခေါက်ဆွဲ 🤣🤣🤣 ကျမလည်း မုန်ညှင်း​ဆောဆိုပြီး လုပ်​ရောင်းရင် ​ရောင်း​ကောင်း​လေမလားလို့

0
0
0.000
avatar

အားပေးဒယ် အားပေးဒယ် ချသာချ 😁

0
0
0.000
avatar
(Edited)

အဲ မုန့်ညှင်းဆော ကြိုက်လို့ တောင်ကြီးက လာရောင်းတဲ့ ကုန်စိမ်းသည် ကို တကူးတက မှာရတာ။ တွေ့ကရာ မုန့်ညှင်းရွက်နဲ့ ဆောလို့ မရဘူး။ ကိုဟင်တော့ ငါးကြင်းနဲ့ မုန့်ညှင်းဆော သလို ဝက်သား သုံးထပ်သားနဲ့လည်း ဆော ပါတယ်။ ကြိုက်ပါ့။😁😁😁 !LOL. !PIZZA

0
0
0.000
avatar

ဝက်ရိုးနဲ့ ​ဆောလည်း​ကောင်းတယ် ကိုဟင် ငါးကြင်းကို ဟင်းခတ်ထည့်​တော့ ပိုချိုတာ​ပေါ့ မုန်ညှင်း​ဆောက မုန်ညှင်းအရမ်း​ရွေးတယ် ကသာ​ဒေသက ထွက်တဲ့ မုန်ညှင်းက အခါးဓါတ်ပါလို့ ​ဆောမ​ကောင်းဘူး ဗန်း​မော် ပြန်မှာစား​နေရတယ် ကိုဟင်😄😄😄

0
0
0.000
avatar

အဲဒါကြောင့်ပြောတာ... မုန့်ညှင်းရွေး သလို တွေ့ကရာ မုန့်ညှင်း နဲ့လည်း မရဘူးလို့... ပြီတော့ ဆောင်းရာသီမှာပဲ စာလို့ရတဲ့ အစားအစာထဲမှာ ပါတယ်။ ကိုဟင်တို့က မိုးမောက် ( ဘန်းမောက်) မှာ အမျိုးတွေရှိတော့ ရာသီစာတွေ ပို့ပေးကြတယ်။ ကချင်တွေစားတဲ့ အရွက် တွေ စုလှိုင်သိပါတယ် .. မျိုးစုံနေရောပဲ...😀😀😀

0
0
0.000