ပြည်သူကို မည်သူမျှ ဆန်မတက်နိုင်

avatar
(Edited)

239622559_4874454612589405_3924308968008307098_n.jpg

ယနေ့ နောက်ဆုံးပေါ်သတင်းအရ ရန်ကုန်မြို့၊ အင်းယားကန်ရှေ့ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ထူးဆန်းသော အမည်နာမဖြစ် ပလာဇာအသစ် ဖွင့်လှစ်ထားကြောင်း တွေ့ရှိရသည်။ Google map ဖြင့် အဆိုပါနေရာ တဝိုက်ကို ရှာဖွေကြည့်ပါက ဘောမပလာဇာ ဟု အမည်ရေးထိုးထားသည်ကို တွေ့ရပါလိမ့်မည်။

ယမန်နေ့ကအထိ Google map ပေါ်တွင် မြန်မာပလာဇာဟုသာ အမည်ရေးထိုးထားသော်လည်း ဘောမပလာဇာ ဟု ပြောင်းလဲသွားခြင်း အကြောင်းရင်းမှာ စကစ ဆန့်ကျင်ရေး ဆန္ဒပြနေသော LGBT ကွန်ယက်လူငယ်တချို့အား ပလာဇာ လုံခြုံရေးဝန်ထမ်းတချို့မှ ဖမ်းဆီးရိုက်နှက်ခြင်းကြောင့် ဖြစ်ပါသည်။

ဆန္ဒပြ လူငယ်တချို့မှာ များမကြာမှီ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း အဆိုပါ ဓါတ်ပုံနှင့် ဗီဒီယိုဖိုင်တို့ကို ကြည့်ရှုရသော ပြည်သူများစွာတို့ ဒေါသူပုန်ထကာ မြန်မာပလာဇာအပေါ် သပိတ်မှောက်ခြင်း စတင်ခဲ့လေပြီ။

ပလာဇာအတွင်း ငှားရမ်းရောင်းချနေသော ဆိုင်များစွာသည် ပြည်သူနှင့်အတူ ရပ်တည်၍ ဆိုင်ခန်း ပိတ်ထားခြင်း၊ တက္ကစီကားများမှာ ထိုနေရာသို့ ပို့ပေးရန် ငြင်းဆိုခြင်း၊ ထိုနေရာသို့ မသွားပဲ အခြားနေရာများတွင်သာ ဈေးဝယ်ရန် ပြည်သူအချင်းချင်း သတင်းပေးခြင်း၊ မြန်မာပလာဇာကို သပိတ်မှောက်ရန် နှိုးဆော်ခြင်း စသည့်လှုပ်ရှားမှုများ မြင့်တက်လာပါသည်။

မြန်မာပလာဇာတွင် ဖွင့်လှစ်ထားသော ဆိုင်ခန်း ၃၀ ထက်မနည်း ပိတ်သိမ်းမည်ဟု ကြေညာလိုက်သည်။ ထို့အပြင် အဆိုပါဆိုင်ခန်းများသည် မြန်မာပလာဇာမှ အခြားသောနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ရေး Delivery များကလည်း မြန်မာပလာဇာသို့ ပို့ဆောင်ပေးတော့မည်မဟုတ်ကြောင်း ဖေ့စ်ဘွခ်မှတဆင့် ကျေညာခဲ့ကြပါသည်။

ဖေ့စ်ဘွတ်သုံးစွဲသူများသည် မိမိတို့၏ စာမျက်နှာပေါ်တွင် မြန်မာပလာဇာကို သပိတ်မှောက်ရန် လှုံ့ဆော်နေကြသလို မြန်မာပလာဇာတွင် ဖွင့်လှစ်ထားသော ဆိုင်များ၏ စာမျက်နှာအောက်တွင်လည်း များစွာသော ကောမဲန့်များရေး၍ သပိတ်မှောက်နေကြပါသည်။

စကစ၏ လူမဆန်စွာ ဖိနှိပ်မှုကြောင့် လမ်းမပေါ်ထွက်၍ ဆန္ဒပြသူ အရေအတွက် နည်းသွားသော်လည်း ထိုလူနည်းစုနောက်တွင် ပြည်သူတရပ်လုံး ရပ်တည်နေသည်မှာ ဤဖြစ်ရပ်က သက်သေထူနေပါသည်။

ဈေးဆိုင်ပိုင်ရှင်များအနေဖြင့်လည်း ပြည်သူနှင့်အတူ ရပ်တည်ကြောင်း ပြသ၍ ဆိုင်များပိတ်ခြင်းသည် စားသုံးသူ ပြည်သူများ၏ ဆန္ဒသဘောထားကို မလွန်ဆန်နိုင်ကြောင်း သက်သေထူလျှက်ရှိသည်။ သို့ပါ၍ ပြည်သူတို့၏ ဩဇာသက်ရောက်မှုကို လျှော့မတွက်သင့်ပေ။

ဤဖြစ်စဉ်ကို သင်ခန်းစာယူ၍ မိမိတို့ ပြည်သူများသည် စကစ ထုတ်ကုန်များအပေါ် အရှိန်တိုးမြှင့်၍ သပိတ်မှောက်နိုင်သည်။ ကောက်ရိုးမီးကဲ့သို့ ဟုန်းကနဲတောက်ခြင်းမျိုးထက် ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းခြင်းဖြင့် ရေရှည်တိုက်ပွဲ ဆင်နွဲနိုင်သည်။

MyTel မသုံးဘူး။ Myanmar Beer မသောက်ဘူး။ Ruby မသောက်ဘူး။ ရွှေနန်းတော်မှာ မဝယ်ဘူး။ ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ရှမ်းမလေး၊ သန်မြန်သူ မစီးဘူး ... စသဖြင့် စကစနှင့်ဆက်နွယ်သူများပိုင် ထုတ်ကုန်ပစ္စည်းများကို ဘူးသပိတ်မှောက်နိုင်ပါသည်။ မည်သူမျှ မည်သည့်အကြောင်းပြချက်မျှနှင့် ဖမ်းဆီးခွင့်မရှိသော ဘူးသပိတ် လှုပ်ရှားမှုကို ပြည်သူများ လွယ်လင့်တကူ လုပ်ဆောင်နိုင်ပါသည်။

Boycott ဟုခေါ်သော သပိတ်မှောက်တိုက်ပွဲသည် သေနတ်မဖောက်၊ သွေးမြေမကျသော်လည်း စကစ၏ ဝင်ငွေကို ဖြတ်တောက်ပိတ်ဆို့ခြင်း နှင့် ထောက်တိုင်များကို တွန်းလှဲဖြိုဖျက်ချနိုင်သော စွမ်းရည်ရှိသည်။

လူတဦး အသက်ရှင်နေထိုင်ရေးအတွက် စားနပ်ရိက္ခာ အဓိကဖြစ်သလို စကစတွင်လည်း ငွေကြေးထောက်ပံ့ရေးသည် အဓိက ဖြစ်သည်။ ထို့ကြောင့် လွယ်သော်လည်း ထိရောက်မှုရှိသော ဘူးသပိတ်ကို ပြည်သူအားလုံး ပါဝင်ဆင်နွဲကြပါဟု တိုက်တွန်းရေးသားလိုက်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
26.11.2021



0
0
0.000
4 comments
avatar

ကောက်ရိုးမီး မဖြစ်ဖို့တော့ မျှော်လင့်နေတယ်။ မကြာခင် နေကြာဝတ်တွေနဲ့ စည်ကားနေတယ် ဆိုတာ လိုင်းပေါ်တက်လာမလားပဲ..!PIZZA. !LUV

0
0
0.000
avatar

Boycott ကတော့ လုပ်နိုင်လေကောင်းလေပဲ !LOLZ

0
0
0.000
avatar

Why are farmers always winning awards?
Because they're outstanding in their field.

@sayalu, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

0
0
0.000