Most frequent numbers (1 to 5)

avatar

atoz.png

သင်၏ မွေးနေ့ (မွေးရက် + မွေးလ + မွေးနှစ် ) ကို၎င်း၊ သင်၏ အမည်နာမကို၎င်း စာရွက်ပေါ်တွင် ချရေးလိုက်ပါ။ တူညီသော ဂဏန်းတလုံးသည် အကြိမ်မည်မျှအထိ ပါဝင်နေသည်ကို စီစစ်ကြည့်ပါ။

မွေးနေ့နှင့် အမည် နှစ်ခုလုံးတွင် ဥပမာ - ၂ ဂဏန်းများနေခြင်း သို့မဟုတ် ၄ ဂဏန်း များနေခြင်းတို့ကို တွေ့ရှိပါက ၂ ဂဏန်း၏စွမ်းအင်၊ ၄ ဂဏန်း၏စွမ်းအင်တို့သည် သင့်အပေါ် အခြားဂဏန်းများထက် ပိုမို၍ စိုးမိုးချုပ်ကိုင်မှု ရှိနေပါသည်။

၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။

အထူးသဖြင့် သင်၏ အမည်နာမဂဏန်းများကို စစ်ဆေးကြည့်ပါလေ။

(1) ဂဏန်း များများပါရှိလျှင် -

  • ရည်မှန်းချက်ကြီးမားခြင်း
  • လွတ်လွတ်လပ်လပ်နေလိုခြင်း
  • အသစ်တီထွင်မှု လုပ်ဆောင်ခြင်း
  • အတ္တကြီး၍ အပေါ်စီးကဆက်ဆံတတ်သူ ဖြစ်ခြင်း

(2) ဂဏန်း များများပါရှိလျှင် -

  • ဆက်ဆံရေးနည်းပညာ ကျွမ်းကျင်သူဖြစ်ခြင်း
  • လူမှုရေးသဟဇာတဖြစ်ခြင်း
  • ဂီတ၊ အက၊ အနုပညာနှင့် အရောင်ကို မြတ်နိုးသူဖြစ်ခြင်း

(3) ဂဏန်း များများပါရှိလျှင် -

  • ထင်ပေါ်ကျော်ကြားလိုသူ
  • အတွေးကောင်း၍ ဟာသဉာဏ်ရွှင်သူ
  • ဖော်ရွေစွာ ဆက်ဆံတတ်သူ
  • တာဝန်ယူတတ်မှု၊ သည်းခံမှု ရှိသင့်သည်

(4) ဂဏန်း များများပါရှိလျှင် -

  • ရိုးသား၍ ချွေတာစုဆောင်းတတ်ခြင်း
  • သိပ်သည်းကျစ်လစ်ခြင်း
  • အလုပ်ကြိုးစားခြင်း
  • အသေးစိတ်လုပ်တတ်ခြင်း
  • စွဲမြဲခြင်း၊ စည်းကမ်းစနစ်ရှိခြင်း
  • အဆုံးအဖြတ်နှင့် သမာဓိကောင်းခြင်း
  • ခေါင်းမာမှု မလွန်ကဲစေပါနှင့်။

(5) ဂဏန်း များများပါရှိလျှင် -

  • ဆန့်ကျင်ဘက်လိင်တို့အား စိတ်ဝင်စားခြင်း
  • အချစ်ခံရခြင်း
  • ပျော်ပါးမြူးခုန်တတ်ခြင်း
  • အပြောင်းအလဲကြိုက်ခြင်း
  • ခရီးသွားလာခြင်း
  • ပျော်ပျော်ရွှင်ရွှင်နေခြင်း
  • လွတ်လပ်မှုကို သဘောကျခြင်း
  • ဉာဏ်ကောင်းခြင်း
  • ဆန်းသစ်သော အရာရာကို စိတ်ဝင်စားခြင်း
  • အာရုံကြောအားနည်း စိတ်တုန်လှုပ်ခြောက်ခြားလွယ်ခြင်း
  • စိတ်မြန်ခြင်း

သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
19.01.2022



0
0
0.000
2 comments
avatar

ဟုတ် အကိုလည်း အဆင်ပြေပါစေခင်ဗျ

0
0
0.000
avatar

ကိုယ်တိုင်တွက်လို့ရ​တော့ အဆင်​ပြေပါတယ် ရှာ​ဖွေ​ရေးသား​ပေးလို့ ​ကျေးဇူးပါ

0
0
0.000