Mask မတပ်ရ

avatar

254162633_263855585774055_7979445874356795748_n.jpg

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ဗဟိုချက်နေရာ တကြော့ပြန် ဖြစ်လာသည့် ဥရောပ ဒေသတွင်း၌ နိုင်ငံအလိုက် နေထိုင်သွားလာမှု ထိန်းချုပ်ကန့်သတ်ချက်များ အသစ်ထုတ်ပြန်နေပါပြီ။

ဥရောပနိုင်ငံ အများအပြားမှ ယခင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက် ယခု တတိယမြောက် booster shot ဖြင့် ကာကွယ်နိုင်မှု မြှင့်တင်ရန် မူဝါဒ သတ်မှတ်ချက်များကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ထပ်မံ စဥ်းစားသုံးသပ်နေပြီဟု ဆိုသည်။

မိမိတို့ မြန်မာနိုင်ငံမှာတော့ booster shot ဆိုသည်မှာ ဝေလာဝေး၊ ကာကွယ်ဆေး တလုံးပင် မထိုးရသူ သန်းပေါင်းများစွာ ရှိနေသည်။ ဆေးထိုးရသည် ဆိုသော်ငြားလည်း ဆေးအာနိသင် မည်မျှကောင်းမွန်သည်ဆိုသည့် အာမခံချက်လည်း မရှိပါချေ။

မွန်ပြည်နယ်အတွင်း အချို့ဒေသများ၌ ဆေးထိုးပေးရာတွင် ဆေးတလုံးကို လူ ၅ ယောက် ထိုးပေးသည်ဟု အံ့အားသင့်ဖွယ် ကြားသိရပါသေးသည်။ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသော ကာကွယ်ဆေးထိုးပြီးသည့် ကိန်းဂဏန်း အရေအတွက်မှာလည်း ယုံကြည်ဖွယ်ရာ မရှိပါ။

ဖော်ဖော်ဝါရီ ၁ ရက်နေ့ ပြည်သူ့အစိုးရ၏ ကာကွယ်ဆေးထိုးရေး အစီအမံများ ပျက်ဆီးခဲ့ပြီးနောက် ပြည်သူများမှာ အမိမဲ့သား ရေနည်းငါး ဆိုသလို ကျမ်းမာရေးအတွက် အားကိုးရာ မဲ့ခဲ့ရသည်။ ထို့ကြောင့် လွန်ခဲ့သည် လအနည်းငယ်က ကိုဗစ်လှိုင်းအတွင်း ထောင်ချီသော ပြည်သူများ သေဆုံးခဲ့ရသည်။

သို့သော် ယခုအခါ ရန်ကုန်မြို့တွင် Mask မတပ်ရ၊ ဒဏ်ရိုက်မည်ဟု လိုက်လံကြေညာနေသည်ဟု သတင်းမီဒီယာများတွင် ဖော်ပြနေပေပြီ။ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ စမ်းချောင်း၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့် မြို့နယ်တို့တွင် Mask တင်ဆင်ပါက ဒဏ်ကြေးငွေ ၅၀၀၀ ကျပ် ဆောင်ရသည့်အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်မှုပါ ကြုံရသည်ဟု သိရသည်။ အခြား ပြည်နယ်၊ တိုင်းဒေသတချို့တွင်လည်း အလားတူ အမိန့်ထုတ်ထားသည်ဟု ဆိုသည်။

ကာကွယ်ဆေးအပေါ် မျှော်လင့်ချက်မဲ့သူများ အနေဖြင့် Mask မျက်နှာဖုံးများကိုသာ အားကိုးအားထား ပြုခဲ့ရသည်။ Mask တပ်၍ ကာကွယ်ခြင်းအပေါ် သုတေသန တွေ့ရှိချက်များအရ - သိသိသာသာ ကူးစက်မှုများ လျော့ချနိုင်သည်ဟု သိရသည်။

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်နေသော Mask မတပ်ရ အမိန့်အာဏာသည် ပြည်သူများ၏ ကျန်းမာ‌ရေးထက် သူတို့၏ လုံခြုံရေးအတွက်ဦးစားပေး စဉ်းစားခြင်းမှာ ထင်ရှားလှသည်။ သူတို့အား ဆန့်ကျင်တိုက်ခိုက်သူများကို ဖမ်းဆီးဖော်ထုတ်နိုင်ရန်အတွက် Mask မတပ်ရ အမိန့်ထုတ်ခြင်းသာ ဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူများများ ဒုက္ခရောက်လေ တိုင်းပြည်ကို အုပ်ချုပ်ရန် လွယ်ကူလေ သဘောမျိုးဖြင့် သူတို့၏ အာဏာတည်မြဲရေးကိုသာ အဓိက အာရုံစိုက်နေသည်။ ပြည်သူများအပေါ် မည်မျှ အာဃာတ ကြီးမားနေသည်ကို ဖော်ပြသော သူတို့၏ သဘောထားအမှန် ဖြစ်ပေသည်။

၂၀၂၀ မတ်လ ကိုဗစ် ကပ်ရောဂါ စတင်ကူးစက်ခံရချိန်မှစ၍ ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ကြရန် ပြည်သူ့အစိုးရမှ နေ့စဉ်နေ့တိုင်း ထုတ်ပြန်ခဲ့ပါသည်။ နှာခေါင်းစည်း မတပ်သောသူများကိုလည်း ဒဏ်ကြေးငွေ ၂၀၀ ကျပ် ရိုက်မည်ဟု ကြေညာခဲ့ပါသည်။

ပြည်သူ့အစိုးရ နှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ ပြည်သူအပေါ်ထားသည့် စိတ်ထားစေတနာမှာ အဖြူနှင့်အမည်းပမာ ဖြစ်နေသည်။ ဤအခြေအနေဆိုးများကို ပြည်သူများအနေဖြင့် မည်သို့ဖြတ်ကျော်မည်၊ အနာဂါတ်တွင် မည်သို့သော အစိုးရ အုပ်ချုပ်ရေးစနစ်အောက်တွင် ရှင်သန်နေထိုင်လိုသည်ကို ပြည်သူများကိုယ်တိုင် ရွေးချယ်ရပေလိမ့်မည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
25.11.2021



0
0
0.000
8 comments
avatar

မန္တလေးလည်း ထိုနည်းလည်းကောင်းပါပဲလေ။
အတ်ော်ဆိုးတဲ့အုပ်စု။
!PIZZA
!LOLZ

0
0
0.000
avatar

တစ်ဖွဲ့က မက်တပ်လို့ဖမ်းတယ် နောက်တဖွဲ့က မတပ်လို့ဖမ်းတယ် ကျုပ်တို့ပြည်သူတွေ ဘာလုပ်ရပါ့ဗျာ။ !LOLZ

0
0
0.000
avatar

mask ကို တပ်ရမယ် မတပ်ရဘူးနဲ့ သူတို့ပဲ ရူးနေလား တို့ပဲ ရူးနေလား မသိတော့ပေါင်ဗျာ !LOLZ

0
0
0.000
avatar

What's the difference between a taxidermist and a tax collector?
A taxidermist takes only your skin.

@sayalu, I sent you an $LOLZ on behalf of @nyinyiwin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (3/4)

0
0
0.000
avatar

အဲတော့ Mask တွေ မေးချိတ်ထားရုံပေါ့....!PIZZA. !LUV

0
0
0.000