LeoMobile app on Android

avatar

leomobile.jpg

ယခုအခါ Android မိုလ်ဘိုင်း ဖုန်းများအတွက် LeoMobile app ကို Google Play Store တွင်‌ ဒေါင်းလုပ်ယူ၍ စတင်သုံးစွဲနိုင်ပြီဟု သိရသည်။

ယခု ထွက်ပေါ်လာသော ဗားရှင်းသည် Open Beta ဖြစ်သည်ဟု ဆိုသည်။ IOS ပေါ်တွင် အသုံးပြုရန် စတင်၍ စီစဉ်ခဲ့သော်လည်း Android ပေါ်တွင် ပထမဆုံးအသုံးပြုနိုင်ခြင်း ဖြစ်သည်။

သို့သော် Open Beta ဗားရှင်းဖြစ်၍ ချွတ်ယွင်းချက်အမျိုးမျိုးနှင့် UI ပြဿနာများကို တွေ့နိုင်ဖွယ်ရှိသည်။ App အတွင်းမှဖြစ်စေ သို့မဟုတ် Leo Discord ရှိ Discord Tech Support Ticketing စနစ်မှဖြစ်စေ ပြဿနာများကို သတင်းပေးနိုင်သည်ဟု ဆိုသည်။

Open Beta ဗားရှင်းတွင် Commenting, Upvoting, Reading Content, Curated Feed, Lightning DB, Minimal Wallet Functionality စသည့် လုပ်ဆောင်ချက်များ ပါဝင်သည်ဟု သိရသည်။

ယခု ကနဦးဗားရှင်း ထွက်ရှိပြီးနောက် အပတ်စဉ် ပုံမှန်မွမ်းမံမှု Update များ ဆက်လက် ထွက်ရှိလိမ့်မည်ဟု ကြေညာထားသည်။

Android ဖုန်းပိုင်ရှင်များအနေဖြင့် စမ်းသပ်၍ သုံးစွဲပါရန် နှင့် ထင်မြင်ယူဆချက်များ၊ အကြံဉာဏ်များကို မျှော်လင့်ထားပါကြောင်းလည်း ရေးသားထားသည်။

https://play.google.com/store/apps/details?id=io.leofi.mobile


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
02.11.2021



0
0
0.000
4 comments
avatar

လီယိုတော့ ဒေါင်းဗုတ်ခံထားရ
!PIZZA

0
0
0.000
avatar

သတင်းကောင်းပဲပေါ့ဗျာ။

0
0
0.000