ဝါသနာနှင့် ကျန်းမာရေး
လွန်ခဲ့သော ငါးနှစ်ကျော်လောက်က ကျန်းမာရေးအတွက် ကျုံးဘေးမှာ နေ့စဉ်လမ်းလျှောက်ဖြစ်သည်။ အမှန်တကယ်က တကယ်ကျန်းမာရေးလိုက်စားချင်လို့လျှောက်ခြင်းမဟုတ်။ သူငယ်ချင်းက ကျမကျန်းမာရေးကို စိတ်ပူပြီးသူနဲ့အတူ အတင်းလျှောက်ခိုင်းလို့သာ လျှောက်ခြင်းဖြစ်သည်။
လျှောက်နေကျမဟုတ်တော့ စ၍လျှောက်သည့်နေ့မှာ အရမ်း ညောင်းပြီး ညကျ တချိုးတည်းအိပ်ပျော်သွားသည်။ နောက်တစ်နေ့ ကျ ခြေထောက်တွေ နာနေသဖြင့် ဆက်လျှောက်ဖို့ လက်တွန့်မိသည်။ ကျမကလမ်းလျှောက်လျှင် နှေးနှေးလျှောက်တတ်သူ၊ သူငယ်ချင်းက မြန်မြန်လျှောက်တတ်သူ ဖြစ်သဖြင့် သူ့ခြေလှမ်းကို မှီအောင် အပြေးတပိုင်းလေးလျှောက်ရသဖြင့် မောလဲမော၍ မလျှောက်ချင်ခြင်းဖြစ်သည်။
သို့ပေမယ် နောက်ရက်များကျ သူကစောင့်ခေါ်ပါသည်။ ကျမလည်း ကျန်းမာရေးလက်ဆောင်ပေးနေခြင်းကို နားလည်သည့်အတွက် ကြိုးစားပြီးလျှောက်ပါသည်။ ဒါတောင် တခါတလေ ရုံးအလုပ်တွေ အိမ်ပါလာလျှင်ဖြစ်စေ၊ ကျမကိုယ်ရေးကိုယ်တာတွေ အကြောင်းပြ၍ဖြစ်စေ တရက်တလေ လမ်းလျှောက်ပျက်တတ်သည်။
နောက်ရက်တွေကျ ကျုံးဘေးကို လမ်းလျှောက်ရင်း အပြန်တွင် ဆုတောင်း ပြည့်ဘုရားကို နေ့စဉ်ဝင်၍ဖူးကြသည်။ ဆောင်းရာသီလို နေဝင်စောသောကာလများတွင်တော့ အိမ်ကိုတန်းပြန်ကြသည်။ လမ်းလျှောက်သည့် ကာလတလျှောက် နွေမိုးဆောင် ဉတုအလီလီပြောင်းသလို ကျုံးမြို့ရိုး၏ အလှကလည်း တစ်ရာသီနှင့် တစ်ရာသီမတူညီပေ။ ထို့ကြောင့် ကျုံးရှုခင်းကို ခဏခဏ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ဖြစ်သည်။
၂၀၁၉ ခုနှစ်လောက်ကတော့ ရုံးကအမတစ်ယောက်က ကျုံးဘေးမှာလမ်းလျှောက်ရင်း ကျန်းမာရေးအကတစ်ခုမှာ ဝင်ကစားဖြစ်သည်။ သူမကစား၍ တစ်ပတ်လောက်နေတော့ ကျမကိုပါ လိုက်ကရန် အဖော်စပ်သည်။ သူငယ်ချင်းနှင့် လမ်းလျှောက်နေစဉ်ကာလမှာ ကျုံးအတွင်းမှဆောင်းဘောက် နှင့် သီချင်းများဖွင့်၍ ကျန်းမာရေးအက ကနေသည်ကို မြင်ပြီး စိတ်ဝင်စားသော်လည်း ဝင်ရောက်ကကြည့်ရန် စိတ်မကူးခဲ့ပေ။
ယခုတော့ အဖော်ကောင်းသဖြင့် ကမည်ဟုပြောလိုက်သည်။ သို့နှင့် အတူလမ်းလျှောက်နေကျသူငယ်ချင်းနှင့် ကျုံးဘေးလိုက်လာပြီး ရုံးကအမနှင့်အတူ ကျန်းမာရေးအက ဝင်ကဖြစ်သွားသည်။ သူငယ်ချင်းကတော့ လမ်းပဲလျှောက်စေချင်သော်လည်း ကျမအိမ်မှာထိုင်ပြီး အညောင်းမိသည်ထက်စာလျှင် သင့်တော်သဖြင့် ဘာမှမပြောဘဲ လိုက်ပို့ပါသည်။
ပထမတစ်ရက် စ ကသောနေ့တွင် ကကွက်များကို မမှတ်မိသော်လည်း ရက်ကြာလာသောအခါ တီးလုံးသံကြားသည်နှင့် ဘယ်ကကွက်လာမည်ဆိုသည်ကိုပါ ခန့်မှန်း မိလာသည်။ ကျမကလည်း ထိုအကကို စိတ်ဝင်စား ၍လည်းဖြစ်မည်။ ထိုသို့ က သည့်အတွက်အခကြေးငွေပေးစရာ မလိုပေ။ လာရောက်ကသူများမှာ မန္တလေးမြို့ နေရာစုံမှ အရွယ်စုံဖြစ်သည်။ ဦးဆောင်သင်ပေးသူက တရုတ်မဖြစ်၍ တရုတ်မတွေ များသည်။
ကျန်းမာရေးလေ့ကျင့်ခန်းပြီးသောအခါ ဇွန်းဘာအကကိုသင်ပေး သည်။ တစ်ခါတလေ Dancer သင်တန်းမှာ သင်တန်းဆရာ ကိုယ်တိုင်လာသင်ပေးလေ့ရှိသည်။ ကျမမှာ သူငယ်ချင်းက လမ်လျှောက်ခေါ်တုန်းက လမ်းမလျှောက်ချင်၍ ဆင်ခြေဆင်လက်များသလောက် ယခုကျန်းမာရေးအက ကပြီဆိုတော့မှ လမ်းလျှောက်သွားရန် စိတ်အားထက်သန်နေသဖြင့် သူငယ်ချင်းကတောင် ဝမ်းသာနေသည်။
၂၀၁၉ ဒီဇင်ဘာလရောက်တော့ ခရစ္စမတ်အတွက် ကကွက်အသစ် သင်ပေးသည်။ ထိုအချိန်တွင် တရုတ်နိုင်ငံ၌ ကိုဗစ်စတင်ကူးစက် နေချိန်ဖြစ်၍ သင်တန်းကို ခေတ္တနားလိုက်သည်။ နောက်တစ်လလောက်အကြာထပ်ဖွင့်ချိန်တွင် လူစုလူဝေးမစုရ အမိန့်များထွက်လာ၍ သင်တန်းကိုနားလိုက်ရသည်မှာ ယခုအချိန်ထိ ထပ်မဖွင့်တော့ပေ။
ကျန်းမာရေးအတွက်ဆိုပေမယ့် ကိုယ်ဝါသနာပါသောကြောင့် ထိုအကကို လေးလေးစားစားသင်ယူခဲ့သည်။ သင်ယူခဲ့သလိုလည်း ထိုကာလများတွင် စားကောင်းအိပ်ကောင်းရှိခဲ့သည်။ အစပိုင်းတွင် သင်တန်းမှာ မကဖြစ်သော်လည်း အိမ်မှာလေ့ကျင့်ကြည့်သေးသည်။ နောက် အမအိမ်ရောက်တော့ မကဖြစ်တော့ပေ။ အမတို့အိမ်သို့ ကျမတို့ရောက်ပြီး သိပ်မကြာခင်မှာပင် လမ်းလျှောက်စက် ကလည်း ပျက်သွားသဖြင့် လမ်းလည်းမလျှောက်ရတော့ပေ။
သို့ပေမယ့် ကျန်းမာခြင်းဟာ ချမ်းသာခြင်းဆိုတာကို နားလည်သည့် အတွက် အပြင်ထွက်၍လမ်းမလျှောက်ဖြစ်သော်လည်း အိမ်ထဲ၌သာ လမ်းလျှောက်ဖြစ်သည်။ တစ်ရက်တစ်ရက် အိမ်အပေါ်ထပ်နှင့် အိမ်အောက်ထပ် လူးလားခေါက်တုံ့ခေါက်ပြန်လှေကား တက်ရသည်မှာ မှတ်ထားလျှင် ခြေလှမ်းငါးရာလောက်တော့ ရှိမည်။ ဒါတောင် အိမ်ရှေ့မှအိမ်နောက်သို့လျှောက်သောခြေလှမ်းတွေ မပါသေး။ ဘာပဲပြောပြော ထိုင်နေသည်ထက်စာလျှင် အိမ်ထဲမှာ လှုပ်လှုပ်ရှားရှားဖြင့် လမ်းလျှောက်နေသည်ကမှ တော်ပေသေးသည် မဟုတ်ပါလား။
@nweoomon
30-11-2021
အရွယ်ရှိတုန်း အချိန်ရတုန်း ကျန်းမာရေး လိုက်စားတာက အရမ်းကောင်းပါတယ်။ မနက်စောစော နဲ့ ညနေခင်းတွေ လမ်းလျောက်ထွက်တော့ ပိုကောင်းတာပေါ့ အမ !PIZZA
ဟုတ်ကဲ့။ ဟိုအရင်ကတော့လျှောက်ဖြစ်ပါတယ်။
ခုတော့မလျှောက်ရဲ။
PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nweoomon (x1)
nyinyiwin tipped nweoomon (x1)
@kachinhenry(12/18) tipped @nweoomon (x1)
callmemaungthan tipped nweoomon (x1)
You can now send $PIZZA tips in Discord via tip.cc!
ကျန်းမာရေးအတွက် လေ့ကျင့်ခန်းသဘောမျိုး လှုပ်ရှားမှုလေး လုပ်နေတာဟာ အရမ်းကောင်းပါတယ်။အခုအချိန်ကတော့ အိမ်ထဲမှာပဲ များများလုပ်ရမှာပ...
ဟုတ်ပါ့။ တခါတလေတော့လည်း လူရှင်းနေတော့ လမ်းလျှောက်ချင်ပေမယ့်
ကြောက်တယိ။
ကျုံးဘေး ကကွက်တွေ မေ့နေပြီလား။
!LOLZ
!PIZZA
lolztoken.com
They can't see the red flags.
@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/6)
မေ့သေးဘူးတော့
ကျန်းမာခြင်းသည် လာဘ်တစ်ပါးလေ !LOLZ
lolztoken.com
Let that sink in
@nweoomon, I sent you an $LOLZ on behalf of @nyimwa
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/4)
အာ့ကြောင့် လျှောက်ဖြစ်သွားတာ။
ကောင်းတယ် ငယ်တုန်း အားကစားလုပ်ထား ကျန်းမာခြင်းသည်လာဘ်တစ်ပါး။ !PIZZA
မကျမ်းမာရင်မလွယ်ဘူလေ
ဓါတ်ပုံတွေကြည့်ပြီး မန်းလေး ဆောင်းရာသီကို သတိရလာပြီဗျို့.. Aircon မလိုတဲ့ မန်းလေးဆောင်း...!PIZZA. !LOL. !LUV
lolztoken.com
You are out of jokes for the day!
@kachinhenry you can call @lolzbot a maximum of 6 times per day.
Level up by buying more $LOLZ so you can share more jokes per day!
ဟုတ်ကဲ့။ အခုနောက်ပိုင်းသိပ်မအေးတော့ဘူး