တစ်နေ့တာဖြတ်သန်းသမျှ

avatar
(Edited)

ပို့စ်တင်ဖို့စာရေးဖို့စဉ်းစားလိုက်တော့ ဆရာ့ဆရာကြီးတွေ ကြုံတွေ့နေသလို ဘာရေးရမယ်မှန်းမသိဖြစ်နေသည်။ ကိုယ် က သူများတွေလို Hive အကြောင်းသိကောင်းစရာတွေ ဘာ တွေလည်းမရေးတတ်။ ဂိမ်းအကြောင်းလည်း ဘာမှမသိ။ သူများမျှဝေဖို့နေနေသာသာ ကိုယ့်ဖာသာကိုယ်တောင် မနည်း အမှီလိုက်နေရတော့ ရေးစရာလည်းမရှိဖြစ်နေရသည်။ ခရီးယာယီကလည်း ဘယ်မှမသွားဖြစ်ဆိုတော့ တတ်နိုင်ဘူး။ Hive မှာ စာရေးတာက ရေးတတ်ရင် ဒိုင်ယာရီ ဖြစ်သည်လို့ ကိုဒွန်ကပြောဖူးသည်နှင့် ယနေ့အကြောင်းလေး ရေးပြီး ပို့စ်တင်ဖို့ စိတ်ကူးရလိုက်သည်။

img_0.8812225896972429.jpg

ဒီနေ့ မိုးလင်းကတည်းက အစားအသောက်ကိစ္စ အဆင်မပြေ ဖြစ်နေသည်။ မပြေဆို ထမင်းအိုးတည်နေတုန်း မီးပျက်သွား သည်။ မီးမွှေးပြီးပြန်တည်ရအောင်ကလည်း ကျက်ကာနီးဆို တော့ တည်ဖို့အဆင်မပြေဖြစ်ရသည်။ ထမင်းအိုးပျက်လည်း မတတ်နိုင်တော့ပေ။ ဆယ်မိနစ်လောက်အကြာ မီးပြန်လာလို့ သာတော်တော့သည်။

img_0.4499601509955542.jpg

ထမင်းမစားချင်သောကြောင့် ထပ်တရာတစ်ချပ်စားပြီး နံနက် စာကိစ္စဖြေရှင်းလိုက်သည်။ အိမ်ပေါ်တက်လာတော့ မီးပူတိုက် စရာတွေကစောင့်ကြိုနေသည်။ နောက်ရက်ဆိုဒိထက်များမည် စိုးသောကြောင့် တစ်ယောက်တည်း တိုက်ပွဲဝင်လိုက်သည်။ မီးပူတိုက်ပြီး ရေမိုးချိုးထမင်းစားမယ်လုပ်တော့ အမကဆိုင် သွားခေါင်းလျှော်နေသဖြင့် အမကိုစောင့်ရင်း ဖေ့ဘုတ်လေး ခဏသုံးနေလိုက်သည်။

အမပြန်လာတော့ထမင်းစားဖို့ပြင်နေတုန်းမှာ တူလေးနှင့်သူ့ သူငယ်ချင်းသုံးယောက်ပါ ရောက်လာသည်။ တူလေးက သူ့ သူငယ်ချင်းတွေရောထမင်းစားမယ်ပြောတော့ အဲ့မှာတိုင်ပတ် ကုန်သည်။ လူပိုရောကျွေးမည်ဆိုတော့ ထမင်းကမလောက် တော့။ ထပ်ချက်ရန်ကလည်း တစ်ယောက်မျှ ထမင်းအကျက် ကို မစောင့်ချင်ကြပေ။ အချိန်ကလည်းလင့်နေပြီးကိုး။

img_0.6224796555757336.jpg

မတတ်နိုင်။ ထမင်းဝယ်လိုက်ဖို့ တူလေးကိုတိတ်တိတ်မှာရ သည်။ ဒီနေ့ဟင်းက ဝက်စတူး၊ ငပိချက်၊ ဝက်အူချောင်းကြော် ဆိုတော့ အားလုံးတက်ညီလက်ညီဝိုင်းဆွဲလိုက်တာ ထမင်း သုံးလုံးချက်ရော၊ ဝယ်လာတဲ့ထမင်းတွေရော၊ ဝက်စတူးဟင်း ရော အကုန်ပြောင်။ ညနေဘာဝယ်စားကြမယ်မသိ။

img_0.6978259534956096.jpg

စားသောက်ပြီးတော့ သူငယ်ချင်းဝယ်လာတဲ့ မုန့်ပျစ်သလက်နဲ့ လက်ဘက်ရည်လေးနဲ့ ထပ်စားလိုက်တော့ ခုချိန်ထိတော့ ဗိုက် မဆာသေး။ ထမင်းလုံးစီဖို့စိတ်ကူးနေတုန်း ဘေးအိမ်က အမွှာ နှစ်ကောင်ရောက်လာသဖြင့် သူတို့ကို ချီပိုးနေရင်း အချိန်ကုန် မှန်းမသိ ကုန်လာသည်။

ညနေတုန်းကတော့ အမက သစ်ခွပင်လိုချင်သည် ပြောလို့ အိမ်နဲ့နှစ်ပြကျော်လောက်က သစ်ခွခြံကို သွားကြသေးသည်။ နှစ်ပြလောက်ပဲဝေးသောကြောင့် တူမတွေရော၊ အမွှာတစ်ကောင်နဲ့ သူ့အမေရောလိုက်လာကြသဖြင့် လူစုံတက်စုံချီတက်သွားကြသည်။ သစ်ခွခြံဆိုလို့ ကိုယ်က ပန်းပွင်တွေ ဝေဝေဆာဆာတွေ့ရမည်မှတ်ပြီး လိုက်သွားသည်။

img_0.6715413465416964.jpg

ခြံရောက်မှ အပင်တွေကအပွင့်တွေ အကုန်မပွင့်ကြသေး သောကြောင့် ပွင့်တဲ့အပင်ကပန်းလေးတွေပဲ ဓာတ်ပုံရိုက်ခဲ့ရ သည်။ အဲ့လိုဓာတ်ပုံရိုက်ချင်လို့ လိုက်သွားတာလေ။ ဈေးမေး ကြည့်တော့ ကတ်တလီယာသစ်ခွတစ်ပင် နှစ်သောင်းခွဲ ဆိုသောကြောင့် မဝယ်တော့ဘဲ အိမ်ကသစ်ခွတွေအတွက် ဆေးရည်ပဲ ဝယ်ပြန်လာသည်။

အပြန်လမ်းမှာ အမကို အပင်လေးတစ်ပင်လောက် မဝယ်ခဲ့လို့ ကိုယ်ကစကားနာထိုးတော့ အမက စီးပွားဖြစ်မှမဟုတ်တာ တစ်ပင်နှစ်သောင်းခွဲကို တတ်နိုင်လည်းမဝယ်ဘူးလို့ ငေါက် တော့ ကိုယ့်မှာ ပါးစပ်ပိတ်ပြီး အသာနေလိုက်ရသည်။ ဆက် ပြောရင်ရိုက်ခံရမလားမသိပေ။

@nweoomon
5-12-2021



0
0
0.000
15 comments
avatar

ဟမလေး တပင်နှစ်သောင်းခွဲ
ဈေးက မိုက်ချက်။
!PIZZA
!LOLZ

0
0
0.000
avatar

Did you hear about the claustrophobic astronaut?
He just needed a little space.

@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

0
0
0.000
avatar

အေးဆို ဈေးကရက်စက်တယ်။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped nweoomon (x1)
kachinhenry tipped nweoomon (x1)
@uthantzin(7/9) tipped @nweoomon (x1)

Join us in Discord!

0
0
0.000
avatar

ရေးတတ်တော့လည်း စာတပုဒ်ဖြစ်တာပါပဲဗျာ။ ကိုယ့်ဘာသာ ဝယ်စိုက်ပြီး ပြန်ရောင်းပါလား။ သစ်ခွ၊ သဇင် ဈေးခေါင်ခိုက်နေတာ။

0
0
0.000
avatar

ဟုတ်။ အလှစိုက်ချင်လို့ပါ။ သစ်ခွထဲက ကတ်တလီယာလိုချင်လို့လေ။ အမစိုက်တာပါရှင်။ ကျနော်ကပန်းပွင့်မှဓာတ်ပုံရိုက်ချင်တာ။

0
0
0.000
avatar

သစ်ခွဆိုလို့... စကားကြုံပြောပါရစေ။ ကျွန်တော်လည်း ကျွန်တော့အမေ သစ်ခွကြိုက်လို့ ... ဝယ်စမ်း စိုက်လိုက်စမ်း ... အမေ စိတ်ချမ်းသာရင်ပြီးရော... မယုံမရှိနဲ့ ကျွန်တော့ အမေ သစ်ခွ ပန်းခင်း သိန်း ၁၀၀ ဝန်းကျင်ရှိတယ်... အမေ့ကို ဒီပန်းလေးတွေနဲ့ ပဲ အသက်ဆက်ပေးနေရတာ...နောက်မှ ကိုဟင် တို့အိမ်က သစ်ခွ တွေ ပုံရိုက်ပြီး ပြပေးမယ်။. !PIZZA

0
0
0.000
avatar

ဟာ မိုက်တာ။ ဓာတ်ပုံရိုက်ပြပါအုံး။ အပျော်တမ်းစိုက်တာလား။ အန်တီတော့ သူ့အပင်လေးတွေကြည့်ပြီး စိတ်ချမ်းသာနေမှာပဲ။

0
0
0.000
avatar

ဟုတ်တယ် သစ်ခွပန်းတော့ ကြိုက်တယ်။စျေးကတော့.....!PIZZA

0
0
0.000
avatar

ဈေးတော့မကြိုက်ဘူး 😀

0
0
0.000
avatar

သစ်ခွတော့ ကြိုက်တယ် ဈေးကြီးလို့ စိတ်မဝင်စားဘူး ၊ ကျနော်စိတ်ဝင်စားတာ ဝက်စတူးနဲ့ ငပိချက်ဆိုတာပဲ :D

0
0
0.000
avatar

စိတ်ဝင်စားတယ်ဆိုလို့ ဝက်စတူးလေးကောင်းချက်က ချက်နေကတည်းက မနံ့လေးကြောင့် ဗိုက်ဆာနေတာ

0
0
0.000
avatar

အေးလေ အဲ့တာမို့လဲ သစ်ခွပန်း ဆိုပီး ဘဝင်ကိုင်နေတာပေါ့ ဈေးကလဲကြီးချက်ဗျာ။ !PIZZA

0
0
0.000
avatar

ဟုတ်ပါ့။ မဝယ်နိုင်ပါဘူးရှင်

0
0
0.000