ဒေါ်ကြီး၏ နောက်ဆုံးခရီး

avatar

မနေ့ည ညကြီးမိုးချုပ်မှ ရွာကအစ်ကိုက သူ့အမေ၊ ကျမတို့ရဲ့အဒေါ်ကြီး ဆုံးပါးသွားကြောင်း ဖုန်းဆက်လာသည်။ တစ်နေ့ကမှ အဒေါ်တို့နှစ်ဦးစားသောက်ရန် အစားအစာများဝယ် ကန်တော့ရင်း ဓာတ်ပုံရိုက်လာခဲ့သေးသည်။ ယခုဆုံးပြီဟု ကြားသိ ရတော့ မျှော်လင့်ထားသော သတင်းပေမယ့် စိတ်မကောင်းတော့ ဖြစ်မိသည်။

img_0.4284777706646068.jpg

img_0.22328634059845454.jpg

img_0.16447619237313854.jpg

လွန်ခဲ့တဲ့တစ်ပတ် ရွာသွားကတည်းက အဒေါ်ကြီး၏ကျန်းမာရေး အခြေ အနေရိပ်စားမိ၍ အမှတ်တရဓာတ်ပုံတောင် ရိုက်လာခဲ့သေး သည်။ ဒေါ်ကြီးကို ဆေးဖိဖိစီးစီးကုပေးရန် အဒေါ်ငယ်နှင့် အကိုအား ပြောသော်လည်း အကိုကဘာမှမဖြစ်ဘူး ကောင်းတယ်ချည်း တွင်တွင်ပြောနေသောကြောင့် ဒေါ်ကြီးအား ဆေးကုရန်အကြံကို လက်လွှတ်ခဲ့ရတာ ကြာပြီဖြစ်သည်။

တစ်ခေါက်နှင့် တစ်ခေါက် မတူတော့သော ဒေါ်ကြီး၏ရုပ်ဆင်းအင်္ဂါ ကြောင့် အနှေးနှင့်အမြန် ဆုံးပါးတော့မည်ကိုသိသော ကျမတို့ ညီအမတစ်စုက ပြီးခဲ့တဲ့တစ်ခေါက်က ရွာသို့ စုံစုံညီညီသွားခဲ့ကြ သော်လည်း ယခုတစ်ခေါက်တော့ နေပြည်တော်ကအမ မပါဘဲ တက်သုတ်ရိုက်သွားလိုက်ကြသည်။

img_0.3392309936307344.jpg

ဒေါ်ကြီးဆုံးသည့်သတင်းကြားကြားချင်း ကျမတို့ညီအမများလည်း ယနေ့မနက်ခြောက်နာရီလောက် ရွာသို့သွားကြမည်ဆိုပြီး ဖုန်းဖြင့် တိုင်ပင်ပြီး စောစောအိပ်ကြသည်။ နှစ်ခြိုက်စွာအိပ်ပျော်နေစဉ် နွယ်နွယ်ဆိုပြီး အနီးကပ်နှိုးသံကြောင့် အမက ရွာသွားရန် နှိုးသည် ထင်ပြီး ထထိုင်မိသည်။ ဖုန်းကနာရီ ကြည့်လိုက်တော့မနက် တစ်နာရီခွဲရှိပြီ။ ဒေါ်ကြီးကများနှိုးတာလားမသိဟု တွေးမိတော့ ကြောက်စိတ်ဝင်မိသည်။

စိတ်ထဲဇဝေဇဝါဖြင့် ပြန်အိပ်ရာ အိပ်လို့မပျော်တော့သောကြောင့် စိတ်ထဲက ဘုရားစာရွတ်ပြီး ပြန်အိပ်ရာ နိုးတဝက်အိပ်တဝက်ဖြင့် မိုးလင်းသွားခဲ့သည်။ ရေမိုးချိုးပြင်ဆင်ပြီး ထွက်လာခဲ့ရာ ရွာသို့ နံနက်ရှစ်နာရီမှရောက်သည်။ ဒေါ်ကြီး၏ရုပ်အလောင်းကို မြင်ရ တော့ မျက်ရည်ဝဲယုံရှိပေမယ့် အဒေါ်ငယ်က ပြောပြောပြီးငိုသဖြင့် မျက်ရည်များပါကျလာသည်။

မျက်ရည်များကိုသုတ်၍ အဒေါ်ကြီးအား ကန်တော့ပြီးထိုင်နေစဉ် ရွာထဲမှ ဒေါ်ကြီး၏သူငယ်ချင်းတစ်ဦးရောက်လာပြီး “မြသီရေ အမကို တွေ့အောင်ရှာနော်၊ ဒီမှာဘယ်သူတွေ ရောက်လာပြီလေ၊ ဘာထလုပ်ပါအုံးလား” ဆိုပြီး ပြောပြောငိုတော့ နောက်တစ်ခေါက် မျက်ရည်ကျရပြန်ပါပြီ။

အဒေါ်ကြီးမှာ သားတစ်ဦးသာထွန်းကားပြီး ထိုသားမှာလည်း ကျမ တို့အမြင် သားသမီးဝတ္တရားမကျေပြွန်ဟုယူဆသဖြင့် ဒေါ်ကြီး၏ အိုကံမကောင်းပုံကိုသာ သနားနေမိသည်။ ဒေါ်ကြီးက သူ့သား ငယ်ငယ်က သားအပေါ်ထားသောမေတ္တာကို မြင်တွေ့ထားသော ကျမတို့က သားဖြစ်သူအိမ်ထောင်ကျပြီး သား၏မိခင်အပေါ် ဆက်ဆံပုံကို မြင်သောအခါ အားမရကြပေ။

သို့သော် ငယ်ကတည်းကကိုရင်ဝတ်၍ ရဟန်းအဖြစ်သို့ရောက်ပြီး ဓမ္မာစရိယအောင်မြင်ပြီးမှ လူထွက်ပြီး အိမ်ထောင်ပြုသော အကို့ အား ပြောဆိုဆုံးမနိုင်သည့်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ကျမ တို့အမေကိုတော့ ကြောက်ပေမယ့် အမေကလည်းကွယ်လွန် ခဲ့ပြီဖြစ်သည်။ ကျန်ရွာသားများမှာလည်း အမုန်း မခံချင်သော ကြောင့် အဒေါ်တို့နှစ်ဦး၏ ကံကြမ္မာကို ထိုင်ကြည့်နေကြရသည်။

ခုတော့ ဒေါ်ကြီးဝဋ်ကျွတ်ပြီဟုသာ သဘောထားသည်။ ဒေါ်ငယ် ကတော့ ယခင်ကတည်းက မြို့မှာကြာကြာမနေနိုင်ဟု ပြောထား သော စကား ရှိသည်။ ကျမတို့ ညီအမလည်း တူလေးနှင့် အမက အလုပ်ကိစ္စပြောထားသည် များရှိသောကြောင့် ညနေသင်္ဂြိုလ်သည်အထိမနေနိုင်ကြောင်း ဒေါ်ငယ်အား တောင်းပန်ပြီး ပြန်လာကြသည်။

img_0.7697543116571575.jpg

ဪ ဒီလမ်းကို တစ်နေ့လူတိုင်းသွားရမှာပါလားဟု သိထားပေမယ့် မျက်စိရှေ့မြင်ရတော့ သေရမှာကြောက်မိသည်။ အမေကြီးတွင်မွေးချင်းသုံးယောက် ရှိသည့် အနက် နှစ်ယောက်တော့ ပဲ့သွားပြီဖြစ်သည်။ ကျမတို့ညီအမတစ်စုရော သူတို့တွေလို အသက်ရှည်ရှည်နေကြရပါ့မလားဟု အတွေးများရင်း ... ။

@nweoomon
7-12-2021



0
0
0.000
15 comments
avatar

ဝဋ်ကျွတ်တယ်လို ပြောရမှာပဲ
အသက်အရွယ်တွေရလာတော့ ကိုယ်ခြေထောက်ပေါ်
ကိုယ်မလှုပ်ရှားနိုင်တော့တဲ့ အခါ။
!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@donjaun(2/8) tipped @nweoomon (x1)
htwegyi tipped nweoomon (x1)
uthantzin tipped nweoomon (x1)
kachinhenry tipped nweoomon (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

မိသားစုနှင့် ထပ်တူ ဝမ်းနည်းမိပါတယ်။ ဒေါ်ကြီး ကောင်းရာသုဂတိလားပါစေ။ 😥

0
0
0.000
avatar

ပြည့်ပါစေရှင်

0
0
0.000
avatar

စိတ်မကောင်းစရာပဲ... တလောကမှ post တင်ထားတာ ဖတ်လိုက်ရသေး...!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့။ ရွာကပြန်လာတာမှတပတ်ပဲရှိသေးတယ်။

0
0
0.000
avatar

တစ်ချိန်မှာ ဒီလမ်းကို လူတိုင်းသွားကြမှာပဲလေ တရားနဲ့သာဖြေပါ။

0
0
0.000
avatar

ဟုတ်ကဲ့။ အဲ့လိုပဲဖြေပါတယ်။

0
0
0.000
avatar

ထင်တောင် မထင်ဘူး...post တင်ထားတာ မကြာသေးတော့ တခြားအဒေါ်ထင်နေတာ။စိတ်မကောင်း ဖြစ်မိပါတယ်...!PIZZA

0
0
0.000
avatar

ဟုတ်တယ်။ အဲ့ကတည်းကမထင်လို့ဓာတ်ပုံတွေရိုက်ခဲ့တာ။

0
0
0.000
avatar

စိတ်မကောင်းပေမဲ့ တရားနဲ့သာဖြေပါဗျာ။ !PIZZA

0
0
0.000
avatar

ဟုတိကဲ့ပါရှင်။

0
0
0.000
avatar

စိတ်မကောင်းဘူးရယ်။ တလောကတင် အမတို့ သွားလည်တုန်းက ပုံထဲမှာ ပြုံးပျော်နေတာလေ အဲ့အဒေါ်က။
!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့။ ဒေါ်ကြီးတွေ့ရတာ အဲ့ဒါနောက်ဆုံးပဲ။

0
0
0.000