အမဲဟော့ပေါ့

avatar

ဒီနေ့တော့ ပိုစ့်တင်ဖို့အတွက် အကြောင်းအရာရှာတော့ တူမလေးက အမဲဟော့ပေါ့ချက်စားမယ်ပြောလို့ အထွေအထူးမစဉ်းစားတော့ဘဲ အိမ်မှာချက်စားဖြစ်တဲ့ အမဲဟော့ပေါ့လေး အကြောင်းရေးချင်ပါတယ်။ အမဲဟော့ပေါ့ဆိုလို့ ဟောပေါ့အနှစ်က ဘယ်ကရသလဲဆို တစ်နေ့တုန်းက ဟော့ပေါ့ဝယ်စားလို့ ပိုနေတဲ့ ဟော့ပေါ့အနှစ် တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး ဒီနေ့မှ အမဲသားရောပြီး အမဲဟော့ပေါအဖြစ် ချက်စားကြတာပါ။

img_0.3432404131558523.jpg

အရင်တစ်ခါချက်စားတုန်းကတော့ အမကသူ့အကြိုက် အမဲသားကို နံပင်သားလို့ခေါ်တဲ့ အကြောနဲ့အသားရောနေတဲ့ အသားဝယ်လာ တော့အမကလွဲလို့ အသားအကောင်းမှကြိုက်တဲ့ ကျမတို့တူဝရီးတွေ ခံတွင်းမတွေ့ခဲ့ပါဘူး။ ဒီတစ်ခေါက်တော့ အမဲသားကို အသားများ များလေးနဲ့ဝယ်လာလို့ အဆင် ပြေပါတယ်။

ပထမဦးစွာအမဲသားကို ပါးပါးလေးလွှာလှီးရပါတယ်။ ပြီးရင် လှီးပြီး သားအမဲသားလွှာများကို ရှာလကာရည်နဲ့ နယ်ပြီး ရေစင်စင်မှာဆေးပါတယ်။ အဲ့လိုဆေးလိုက်တော့ အမဲသားမှာ ကပ်နေတဲ့သွေးတွေ ပြောင်သွားတော့ အမဲသားလေးဟာ ဖွေးလာပါတယ်။ ပြီးရင် အဲ့ဒီ အမဲသားများထဲကို ဂျင်းနှင့် ကြက်သွန်ဖြူရောထောင်းပြီးထည့်၊ ဆား၊ အချိုမှုန့်၊ ဟင်းခတ်မှုန့်များကို သင့်လျော်စွာထည့်ပါ။

img_0.21112091278161557.jpg

img_0.8386310659947372.jpg

img_0.8092978621976825.jpg

ပြီးလျှင် ရေကို အမဲသားတုံးများ မြှုပ်သွားအောင်ထည့်၍ နူးအောင်တည်ထားရပါမယ်။ ဟင်းထဲသို့ နနွင်းမှုန့်မထည့်ပါ။ အမဲသားများနူးအိလာပြီဆိုလျှင် ဟော့ပေါ့အနှစ်များကို ထည့်၍ ရေဖြင့် ပွက်ပွက်ဆူသည်အထိတည်ရပါတယ်။ စားကာနီးအချိန်တွင် ဟော့ပေါ့ကို အပူပေး၍ ရေဆေးလှီးသင်ထားသော အိုးမုန့်ညှင်းရွက် များကို လိုသလောက် ထည့်ပြီးလျှင် စားသုံးလို့ရပါပြီ။

img_0.6562557029210048.jpg

img_0.6713930163080668.jpg

img_0.034179696554949804.jpg

အထက်ပါအမဲသားဟော့ပေါ့မှာ ယနေ့အတွက် ကျမတို့အိမ်ရဲ့ အဓိကဟင်းလျာဖြစ်ပြီး ဟင်းရံတွေကတော့ ငါးလေးအိုးကပ်ဆီပြန်၊ ကြက်ဟင်းခါး သီးချက်နှင့် သံပုရာသီးသနပ်တို့ပဲ ဖြစ်ပါတယ်။ ဟော့ပေါ့ဟင်းအရည်လေးကို တစ်ဇွန်းလောက် မြည်းစမ်းကြည့်တော့ ဗိုက်ဆာသွားပါတယ်။

img_0.6756747558109364.jpg

ဒါနဲ့ ထမင်းပွဲပြင်ပြီး နေ့လည်စာ စားကြတာ အခြားသူတွေတော့ မသိ။ ကျမကတော့ ဗိုက်ကလည်းဆာ၊ ဟင်းကလည်းကျမအကြိုက်ဆိုတော့ ဟင်းရည်လေးသောက်လိုက် ထမင်းလေးတစ်လုပ် စား လိုက်နဲ့ စားတာများ ထမင်းနှစ်ပန်းကန်ကုန်ပါတယ်။ ဟင်းရည်လေးကအရသာရှိတော့ ဟင်းရည်တစ်ဇွန်းသောက်လေ ထမင်းထပ် စားချင်လေပါပဲ။

img_0.28806896464539705.jpg

စားသောက်ပြီးအချိုပွဲက ပဲမြစ်ပါ။ ပဲမြစ်တစ်ပိဿာကို မနက် ကတည်းက ဟင်းအိုးတွေနဲအပြိုင်တည်ထားတာ။ ပဲမြစ်ပြုတ်တဲ့ အထဲကို ထန်းလျက်နဲ့ ဆရာကြီးလို့ခေါ်တဲ့ သကြားဆီလေး နည်းနည်းထည့်ပြုတ်လိုက်တာ။ အရောင်ကလည်းညိုညို၊ ပဲမြစ် ကလည်း စီးစီးလေးဆိုတော့ ဆီဆားလေးတို့ပြီးစားလိုက်ကြတာ ညရောက်ရင်ထပ်စားဖို့ကို မနည်းချန်ရပါတယ်။ Hive ကမောင်နှမ များလည်း ဒီနေ့အိမ်မှာချက်စားဖြစ်တဲ့ ဟင်းလျာလေးတွေ မျှဝေပါ အုံးလို့ ပြောရင်းအဆုံးသတ်ပါတယ်။

@nweoomon
6-12-2021



0
0
0.000
9 comments
avatar

အမဲဟော့ပေါ့ စားချင်စရာ
ပဲမြစ်တော့ မစားရသေးဘူး။
!PIZZA
!LOLZ

0
0
0.000
avatar

A father was washing his car with his son
And the son says, “dad, can’t you use a sponge?”

@nweoomon, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

0
0
0.000
avatar

အမဲ ဟော့ပေါ့ထက် ငါးလေး အိုးကပ် နဲ့ ကြက်ဟင်းခါးသီး ဆီပြန် ကို ပိုကြိုက်တယ်... စာဖတ်နေရင်းကို ဗိုက်ဆာလာပြီ။ဗိုက်ဆာလာအောင် ရေးနိုင်လို့ Ecency point 50 လက်ဆောင် ပေးလိုက်ပါတယ်။ !PIZZA

0
0
0.000
avatar

ဟီး ဟုတ်။ ကေျးဇူးတင်ပါတယ်။

0
0
0.000
avatar

အမဲဟော့ပေါ့ တဲ့ စားလို့ကောင်းမယ်ဗျ ဟော့ပေါ့ဆို အကုန်ကြိုက်တယ်...!PIZZA

0
0
0.000
avatar

အမဲဟော့ပေါ့နဲ့ နောက်တခါ ဗိုက်ဆာအောင် လုပ်ပြန်ပီ။

0
0
0.000
avatar

အမကြီး ခင်ညားကို သူတပါးဆာလောင်စေမှုနဲ့ တရားစွဲမယ် !LOLZ

0
0
0.000